ဘုရားသခင်သည် အသင့်တည်ဆောက်ထားပြီး ရှိနေသည့်နာတာ ရှည်လူနာများအတွက် ဆေးကုခန်း (ချမ်းငြိမ်းရိပ်သာဆေးကုဌာနကဲ့သို့) များက အသစ်တည်ဆောက်သောစီမံချက်များကို ထောက်ပံ့ပေးရန် ကိုယ်တော်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အခွင့်အရေးပေးအပ်ထားသည်။ ယင်းသို့အသစ် တည်ဆောက်မှုတိုင်းသည် တတိယကောင်းကင်တမန်၏သတင်းစကား ကြွေးကြော်ခြင်းမဟာအမှုထဲ၌ ညီအစ်မချင်းကူပံ့သူအဖြစ် အသိအမှတ်ပြုကြ ရမည်။ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့၏နာတာရှည်လူနာများအတွက် ဆေးကုခန်းကို မမြင်ရနိုင်သည့်လက်အားဖြင့် လှိမ့်၍တိုးသွားသည့်ကျောက်တုံး ကဲ့သို့မဖြစ်မနေအလိုလိုလုပ်တတ်သည့် ပင်ကိုစရိုက်ဘဝဖြစ်စေသောလုပ်ငန်း လည်ပတ်မှုကို တည်ထောင်ရန် အခွင့်အရေးတစ်ရပ်ပေးအပ်ထားတော်မူပါ၏။ ယင်းသို့ထူးခြားဆန်းပြားသောကျောက်သည် လှုပ်ရှားလျက်၊ တံ့လျက်နေပါ စေသော။ (ChS 137.6) ChSBur 227.5