Go to full page →

အခန်း (၁၂)—ကျမ်းစာအလိုတော်အတိုင်းဧဝံဂေလိဟောပြောခြင်း ChSBur 233

ကောင်းကင်ဘုံမှပေးလာသောအတွေးအခေါ် ChSBur 233

သမ္မာကျမ်းစာကို ကိုင်စွဲဖတ်ရှုခြင်းသည် ကောင်းကင်ဘုံမှပေးလာ သောအတွေးတစ်ခုဖြစ်သည်။ မစ်ရှင်လုပ်ငန်းလုပ်ဆောင်နေသော ဤဌာနခွဲတွင် ပါဝင်လုပ်ကိုင်နေကြသူအမျိုးသား/ အမျိုးသမီးနှစ်မျိုးစလုံးများစွာရှိနေပါသည်။ ဘုရားအမှုတော်ဆောင်များသည် ဘုရားသခင်၏ခွန်အားကြီးသောသူများအဖြစ် သို့ ဤနည်းဖြင့် တိုးတက်ရောက်ရှိလာနိုင်ကြသည်။ ဤရည်ရွယ်ချက်နှင့် ဘုရားနှုတ်ကပတ်တော်စကားသည်လည်း ထောင်ပေါင်းများစွာသောလူတို့က လက်ခံရလိုက်ကြပြီး လုပ်ဆောင်သူများသည် လူမျိုးတကာနှင့်ဘာသာစကား ကွဲအမျိုးမျိုးပြောသူများဆီသို့ ကိုယ်တိုင်ကိုယ်ကျထိတွေ့ ဖို့ ရောက်သွားကြ ပါလိမ့်မည်။ သမ္မာကျမ်းစာအုပ်သည် မိသားစုနေအိမ်များဆီသို့ ရောက်သွားပြီး လျှင် အလေးအမြတ်ထားအပ်သောသစ္စာတရားသည် ကောင်းမကောင်းသိကျွမ်း ရာကိုယ်ကျင့်အသိတရားအဖြစ် နေအိမ်များဆီသို့ ယူတင်ပေးနေသည်။ လူတွေ ကျမ်းစာဖတ်ဖို့၊ စစ်ဆေးကြည့်ဖို့၊ သူတို့ကိုယ်သူတို့ စစ်ကြောကြည့်ဖို့ ပန်ကြားခံ ကြရ၏။ သူတို့သည် ဘုရားသခင်ပေးသောဉာဏ်အလင်းကို လက်ခံယူမည် (သို့မဟုတ်) ငြင်းပယ်ပစ်မည်ဆိုသည်ကို ကိုယ်တိုင်တာဝန်ယူဆုံးဖြတ်ရတော့ မည်။ ဘုရားသခင်သည် အကျိုးမရှိစေဘဲ ကိုယ်တော့်အတွက် ဤအဖိုးတန် သောအမှုတော်ကို အခွင့်ပေးလိမ့်မည်မဟုတ်ပါ။ ကိုယ်တော်သည် နာမတော် ၌စိတ်နှိမ့်ချကြိုးပမ်းလုပ်ဆောင်ခဲ့သူတိုင်းကို အောင်ခြင်းသရဖူဆောင်းပေးလိမ့် မည်။ (ChS 141.1) ChSBur 233.1

ကျွန်ုပ်တို့လုပ်ဆောင်ချက်များကို ကျွန်ုပ်တို့၏ခမည်းတော်ဘုရားသခင် သည် ကျွန်ုပ်အတွက် စည်းချမှတ်သားပေးခဲ့သည်။ ကျွန်ုပ်တို့သည်လည်း သမ္မာကျမ်းစာအုပ်ကို ကိုင်စွဲလျက် လောကသို့သတိပေးသတင်းစကားပြောရန် ရှေ့ဆက်ချီတက်ကြရမည်။ ကျွန်ုပ်တို့သည် ဝိညာဉ်များကယ်တင်ခြင်း၌ ထာဝရ ဘုရား၏လက်တိုလက်တောင်းအကူများဖြစ်သည်။ ပျက်စီးဆုံးပါးနေကြရကုန် သောလူများဆီသို့ ဘုရားသခင်၏မေတ္တာရေစီးကြောင်း သွယ်ပေးရသော မြောင်းများလည်း ကျွန်ုပ်တို့ဖြစ်ကြ၏။ (ChS 141.2) ChSBur 233.2