သင်းအုပ်ဆရာများ၏တရားဟောစကားသံမကြားရနိုင်သောနေရာ အရပ်များရှိ၍ ထိုနေရာများသို့စာပေဖြန့်ချိရေးအားဖြင့်သာလျှင် ထိုးဖေါက် ရောက်နိုင်သည်။ စာအုပ်များ၊ စာနယ်ဇင်းများနှင့်လက်ကမ်းဝေစာများသည် လူတွေအတွက် လိုအပ်သောကျမ်းစာသမ္မာတရားကို ရေးသားဖေါ်ပြထား၏။ ကျွန်ုပ်တို့၏ စာအုပ်စာပေများကို နေရာအနှံ့တွင် ဖြန့်ဝေပေးရမည်။ သမ္မာ တရားကို ရေပေါ်ကြဲချထားလိုက်ရမည်။ အဘယ်ကြောင့်ဆိုသော် ဟိုမှာ၊ ဒီမှာဘယ်အရာကြီးထွားအောင်မြင်မည်ကို ကျွန်ုပ်တို့မသိရနိုင်သောကြောင့် တည်း။ ကျွန်ုပ်တို့သည် သမ္မာတရားကို လက်ခံရန်အသင့်ဖြစ်နေပြီဆိုသော လူတိုင်းကို စာအုပ်စာပေများဖြန့်ဝေပေးလိုက်ဖို့မသင့်ကြောင်း အမှားစစ်ကြော ခြင်းဖြင့် အထင်ရှိနိုင်ပါသည်။ ယနေ့အတွက် သမ္မာတရားပါဝင်သည့် လက်ကမ်းစာရွက်တစ်စောင်တလေကို ပေးကမ်းလိုက်ခြင်းအားဖြင့် မည်သို့ ကောင်းသောအကျိုးမှာ ရရှိလာနိုင်မည်ကို ကျွန်ုပ်တို့မသိရသေးပါ။ (ChS 153.2) ChSBur 254.2