Go to full page →

အခန်း (၁၄)—ဘာသာရေးလွတ်လပ်မှု ChSBur 257

ဆီလျော်သောဆု တောင်းချက်တစ်ခု ChSBur 257

“အိုထာဝရဘုရား၊ စီရင်တော်မူသောအချိန်ရောက်ပါပြီ။ သူတစ်ပါး တို့သည် တရားတော်ကိုပယ်ကြပါ၏” ဟူ၍ ဒါဝိဒ်ဆုတောင်းခဲ့သည်။ ဤဆုတောင်းချက်သည် ယနေ့ကာလအတွက် အကျုံးဝင်မှုလျော့နည်းမသွား ပါ။ လောကကြီးသည် ဘုရားသခင်ထံတော်ပါးမှ ရှောင်ထွက်သွားနေပြီ။ တရားဥပဒေမဲ့အခြေအနေသည်လည်း လူ့စိတ်နှလုံးကို ထိတ်လန့်ကြောက်ရွံ့ စေသည်။ ကြီးမြတ်သောကောင်းကင်ဘုံရှင်ဘုရင်ကို သစ္စာစောင့်သူတို့ သည် ပြုပြင်ပြောင်းလဲရေးအမှုတော်အတွက် ဦးဆောင်ထွက်လာခဲ့ ကြသည်။ ပါပရဟန်းမင်း၏အာဏာစက်သည် ယေဟောဝါဘုရား၏ပညတ် တော်အထဲတွင် အတုအယောင်ဥပုသ်နေ့ကို အစားထိုးပြောင်းလဲရန် တွေးတော ခဲ့သည်။ ဘာသာရေးလောကတစ်ခွင်လုံးသည် ဥပုသ်နေ့အမှားကို လေးစား၍ အစစ်အမှန်ဥပုသ်နေ့ကို မသန့်ရှင်းသောသူတို့ခြေအောက်မှာ နင်းခြေပစ်နေ ကြကုန်၏။ (ChS 155.1) ChSBur 257.1

ဘုရားသခင်၏ပညတ်တော်အပေါ်မှာ အငြင်းပွားရသောနောက်ဆုံး ရုန်းကန်ရမှုကြီးတစ်ရပ်သည် ခရစ်တော်နှင့်သူ၏ကောင်းကင်တမန်များနှင့် စာတန်နှင့်သူ၏တမန်များအုပ်စုနှစ်ခုအကြားတွင် ထင်ရှားလာတော့မည်။ ထိုအခါ တစ်လောကလုံးကလည်း ဆုံးဖြတ်ရမည့်အချိန်ရောက်လာလိမ့်မည်။ “တာဝန် ရှိအဆင့်သို့ရောက်နေသောလူများသည် သူတို့ကိုယ်တိုင်ဥပုသ်နေ့ကို ဂရုမစိုက်ရွံရှာလာနေကြသည်မဟုတ်သေး၊ အလေးအမြတ်ထားရာ စားပွဲထိပ်မှနေ၍ လူတွေကို ရက်သတ္တပတ်ပထမနေ့ကို စောင့်ကြဖို့နှင့် လူလုပ်အဖွဲ့အစည်းများက ပြဌာန်းထားသောဓလေ့ထုံးတမ်းများကို လိုက်နာကြဖို့ ထောက်ခံပြောဆိုနေကြကုန်၏။ သူတို့သည် မြေပေါ် ရေပေါ်ဖြစ်လာသည့်ကပ်ဘေးဒုက္ခများ၊ လေပြင်းမုန်တိုင်းများ၊ ရေကြီး ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မီးဘေးသင့်ပျက်စီးခြင်းများကိုထောက်ပြ လာကြပြီးလျှင် တနင်္ဂနွေနေ့ကို အလေးအမြတ်ထားမစောင့်ကြသော ကြောင့် ဘုရားသခင်၏အမျက်တော်ကို နှိုးဆွနေကြ၍ စီရင်တော် မူခြင်းဖြစ်ကြောင်းကို ညွှန်ပြပြောဆိုနေကြလိမ့်မည်။” ယင်းကပ်ဘေး ဒုက္ခများသည် ပို၍ပို၍တိုးဖြစ်လာလိမ့်မည်။ ပျက်ကိန်းသည် တစ်ခုပြီးတစ်ခု ခြေထောက်ပေါက်ရောက်လာကြမည်။ ဘုရားပညတ်တော်ကို ဖယ်ရှားသူများ သည် စတုတ္ထမြောက်ပညတ်တော်ဖြစ်သည့်ဥပုသ်နေ့မြတ်ကို စောင့်ထိန်းကြ သူလူအနည်းကို လက်ညှိုးထိုး၍ ကမ္ဘာပေါ်သို့ အမျက်တော်ကျသင့်စေသူ များဟု ဆိုကြလိမ့်မည်။ ဤမမှန်ကန်သောထွက်ဆိုချက်သည် သတိမမူနေ ထိုင်ကြသူများကို ဖမ်းစားသောစာတန်၏လှည့်ကွက်ဖြစ်သည်။ (ChS 155.2) ChSBur 257.2