ခရစ်တော်၏နောက်လိုက်များသည် ကိုယ်တော်လုပ်ခဲ့သည့်အတိုင်း လုပ်ကြရမည်။ အစာငတ်သူကို အစာပေးပါ။ အဝတ်မရှိသူကို အဝတ်ခြုံ ပေးပါ။ ဒုက္ခဝေဒနာခံစားနေရသူကို နှစ်သိမ့်မှုပေးပါ။ ကျွန်ုပ်တို့သည် စိတ်ပျက် အားလျော့နေသူများကို အစေခံပြုစုရန်နှင့် မျှော်လင့်ချက်ကင်းမဲ့နေသူများကို မျှော်လင့်ခြင်းနှိုးဆော်ပေးကြရမည်။ ထိုသို့ပြုလျှင် “သင်၏ဖြောင့်မတ်ခြင်း သည် သင်၏ရှေ့၌သွား၍ ထာဝရဘုရား၏ဘုန်းတော်သည် သင့်အတွက် ဆုလဒ်ဖြစ်လိမ့်မည်” ဟူသောကတိတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံရပါလိမ့် မည်။ (ChS 186.3) ChSBur 312.1
ခရစ်ယာန်များ၏ကူညီမစခြင်းလုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်နေသူ တို့သည် သခင်ဘုရားက ကျွန်ုပ်တို့အား လုပ်ကိုင်စေလိုသောအလုပ်ကို ကျွန်ုပ် တို့လုပ်ကိုင်ကြရခြင်းဖြစ်ပါသည်။ ထိုသူတို့၏အလုပ်များကိုလည်း ကိုယ်တော် လက်ခံတော်မူ၏။ ဤအလုပ်မျိုးကို သတ္တမနေ့မြော်လင့်ခြင်းအသင်းသူ/ အသင်းသားတိုင်းက လှိုက်လှိုက်လှဲလှဲကိုယ်ချင်းစာစိတ်ဖြင့် အားသွန်ခွန်စိုက် လုပ်ဆောင်ရပါမည်။ (ဥပမာ- ADRA အလုပ်လိုမျိုး)။ ဤအလုပ်မျိုးကို လုပ်နိုင်ပါလျက် ဂရုမစိုက်လျစ်လျူရှုခြင်းအားဖြင့် သူတစ်ပါး၏ဝန်ထုပ်များ ပေါ့ပါးစေခြင်းကို ငြင်းဆန်သောကြောင့် အသင်းတော်သည် ကြီးစွာသော အရှုံးနှင့် ရင်ဆိုင်ခဲ့ရပေသည်။ အကယ်၍သာ အသင်းတော်သည် လုပ်သင့် သည်အတိုင်း ယင်းအလုပ်မျိုးကို တွဲဖက်၍သော်လည်းကောင်း၊ တိုက်ရိုက် အားဖြင့်သော်လည်းကောင်း လုပ်ဆောင်ပါက ပျောက်ဆုံးနေသောအသက် ဝိညာဉ်များစွာကို ကယ်တင်နိုင်ပါလိမ့်မည်။ (ChS 187.1) ChSBur 312.2
ထာဝရဘုရားပေးထားသောဆုကျေးဇူးအားလုံးသည် လူသားတို့ကို ကောင်းချီးဖြစ်စေရန်နှင့် ဒုက္ခရောက်သူ၊ ဆင်းရဲသူများကို သက်သာစေရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ အဝတ် မရှိသူကို အဝတ်ပေးခြင်း၊ မိဘမဲ့နှင့်မုဆိုးမများကို ကြည့်ရှုပြုစုခြင်း၊ ဆင်းရဲ ပင်ပန်းသောသူနှင့် အလွန်အခက်အခဲရောက်သည့်အနှိမ်ခံလူတန်းစားများကို အစေခံပြုစုခြင်းများလုပ်ဆောင်ပေးကြရမည်။ ဤကမ္ဘာလောကကြီးထဲ၌ ဆင်းရဲ ဒုက္ခများပြန့်ပွားနေစေရန် ဘုရားသခင်အလိုတော်မရှိပါ။ လူတစ်ဦးတစ်ယောက် ၏ဘဝ၌ စည်းစိမ်ဥစ္စာမြောက်မြားစွာကိုခံစား၍ အခြားသူတို့၏ကလေးများ မူကား စားစရာမလုံလောက်နှင့် ငိုနေကြရမည်ကို ဘုရားသခင်အလိုတော် မရှိပါ။ အသက်ရှင်ရန် အမှန်တကယ်လိုအပ်သည့်အရာများကိုသုံးစွဲ၍ ပိုလျှံ သောဥစ္စာပစ္စည်းများကို လူ၌ယုံကြည်စွာလွှဲအပ်ထားခြင်းမှာ လူသည် လူသား ကောင်းကျိုးအတွက် ကောင်းချီးပေးစေရန်ဖြစ်သည်။ ထို့ကြောင့် ထာဝရဘုရား မိန့်တော်မူပါသည်။ “သင်တို့ဥစ္စာများကိုရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။” (လုကာ ၁၂:၃၃)။ “စွန့်ကြဲလိုသောစေတနာစိတ်ရှိခြင်း၊ အချင်း ချင်းဆက်ဆံခြင်း-- ပညတ်ထားလော့။” (၁တိ ၆း၁၈)။ “သင်သည် ပွဲခံ သောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိ ကန်းသောသူများကို ဖိတ်ခေါ်လော့။” (လုကာ ၁၄း၁၃)။ “မတရားသော အချည်အနှောင်ကိုချွတ်ခြင်း၊ ထမ်းပိုးရှိသမျှကိုချိုးခြင်း--- မွတ်သိပ်သော သူကို အစာကျွေးခြင်း၊ နေရာမရှိဆင်းရဲသောသူများကို ကိုယ်အိမ်သို့ဆောင် ခြင်း၊ အဝတ်မရှိသောသူတို့ကိုမြင်လျှင် အဝတ်ပေးခြင်း-- ဆင်းရဲခံရသော သူကိုသနားစိတ်နှင့် ချမ်းသာပေးလော့။” (ဟေရှာယ ၅၈း၆၊၇)။ “သင်တို့ သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါလူအပေါင်း တို့အား ဧဝံဂေလိတရားကို ဟောပြောလော့။” (မာကု ၁၆း၁၅)။ ဤပညတ် များသည် ထာဝရဘုရား၏စေစားခြင်းအမိန့်များဖြစ်ကြပါသည်။ ခရစ်ယာန် ဟုဆိုကြကုန်သောလူထုကြီးတစ်ရပ်လုံးသည် ဤအလုပ်ကိုလုပ်ကြပါ၏လော။ (ChS 187.2) ChSBur 313.1
ကောင်းသောအကျင့်များသည် ကျွန်ုပ်တို့၌ရှိစေရန် ခရစ်တော်၏အလို တော်ဖြစ်သည်။ အကြင်နာစကားပြောခြင်း၊ သဘောကောင်းစိတ်မွေးခြင်း၊ ဆင်းရဲသူ၊ ငတ်မွတ်သူ၊ ရောဂါဝေဒနာခံစားနေရသူများကို ကြင်နာစွာဂရုစိုက် ပေးခြင်းတို့ကို ကျွန်ုပ်တို့လုပ်ကြရမည်။ လူသားအချင်းချင်းကိုယ်ချင်းစာစိတ် နှင့်တစ်ဦးကိုတစ်ဦးအကျိုးဆက်ပါလျှင် စိတ်ဓာတ်ကျဆင်းမှုနှင့် ဝမ်းနည်း ပူဆွေးမှုများရော့ဆင်းသွားမည်ဖြစ်၏။ ချို့တဲ့သူများအား ရက်ရောစွာပေးကမ်း ခြင်း၊ အဝတ်ချည်းစည်းရှိသူများကို အဝတ်ပေးခြင်း၊ ဧည့်သည်များကို အိမ်တွင်း မှာထား၍ စိတ်ပါလက်ပါကြိုဆိုဧည့်ခံခြင်းအားဖြင့် ကောင်းကင်တမန်များ သည် သင့်အနီးသို့ချဉ်းကပ်ပြီး ကောင်းကင်ဘုံ၏တေးသံသာနှင့် သင့်အား အဖြေပေးနှုတ်ဆက်ကြပါလိမ့်မည်။ တရားမျှတစွာပြုမူချက်တိုင်းနှင့် ကရုဏာ ကျေးဇူးပြုလုပ်ချက်တိုင်းသည် ကောင်းကင်ဘုံ၌ တေးသံသာကဲ့သို့ဖြစ်ပါ၏။ ကောင်းကင်ဘုံပလ္လင်ထက်၌ရှိသောခမည်းတော်ဘုရားသခင်သည် ဤကရုဏာ လုပ်ရပ်များလုပ်ဆောင်သောသူများကို ကိုယ်တော်၏ အဖိုးတန်ကောင်းကင် ရတနာများအဖြစ် ရေတွက်ထားပါသည်။ “ထိုသူတို့သည် ငါစီရင်သောနေ့ရက် ၌ ငါပိုင်ထိုက်သောဘဏ္ဍာတော်ရတနာများဖြစ်ကြလိမ့်မည်။” ချို့တဲ့သူတို့ နှင့်ဒုက္ခဝေဒနာခံစားနေရသူတို့အား သနားခြင်းကရုဏာစိတ်ဖြင့် ကူညီမစမှ တိုင်းသည် ယေရှုခရစ်ကိုပြုစုသကဲ့သို့ မှတ်ယူပါသည်။ သင်သည် ဆင်းရဲ သားများဒုက္ခရောက်နေစဉ် ကူညီမစ၍ အဖိနှိပ်ခံရသူတို့အား ကိုယ်ချင်းစာ နာစိတ်ဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးလျှင်လည်းကောင်း၊ မိဘမဲ့ တို့နှင့်မိတ်ဆွေဖွဲ့၍ သူတို့ဘဝကို ရွှင်လန်းစေခြင်းသည်လည်းကောင်း သင်သည် ကိုယ်တိုင်ယေရှုခရစ်နှင့် နီးကပ်စွာဆက်ဆံလာနိုင်ပြီဖြစ်ကြောင်းကို မှတ်ယူ ရမည်။ (ChS 187.3) ChSBur 314.1
ချို့တဲ့သူများ၊ အဖိနှိပ်ခံရသူများ၊ ဒုက္ခဝေဒနာခံစားနေရသူများ၊ ဆင်းရဲနွမ်းပါးသူများကို စုစည်းထားကာ သူတို့၏လိုအပ်ချက်များကို တတ်နိုင် သမျှကူညီမစလုပ်ဆောင်ပေးရမည့်လုပ်ရပ်ကို ယနေ့ကာလသမ္မာတရားကို ယုံကြည်သူတို့၏စုဝေးရာအသင်းတော်တိုင်း၌ လုပ်ဆောင်နေသင့်ကြပါပြီ။ ရှမာရိလူပြုခဲ့သောသနားကြင်နာခြင်းလုပ်ရပ်မျိုးကို ကျွန်ုပ်တို့၌ရှိစေ၍ ဆာမွတ် နေသူကိုကျွေးမွေးခြင်း၊ စွန့်ပစ်ခံရသူများကို အိမ်သို့ခေါ်ဆောင်လာခြင်း၊ နေ့စဉ် ရက်ဆက်ဘုရားကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် လူသားဆင်းရဲတွင်းအောက် ခြေအထိ ဆင်းရောက်သွားပြီး ကူညီမစနိုင်သောခွန်အားပေးပါရန် ဆုတောင်း ခြင်း၊ သူတို့ကိုယ်တိုင်မရပ်တည်နိုင်သူများကို အကူအညီပေးခြင်းများကို ကျွန်ုပ် တို့လုပ်ပြကြရမည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် လက်ဝါးကပ်တိုင်ပေါ်၌ အသေ ခံခဲ့သောခရစ်တော်ကို ယူတင်ရသောအခွင့်ထူးနှင့် ကျွန်ုပ်တို့သည် ဘုရားရှေ့၊ လူရှေ့၌ မျက်နှာရကြလိမ့်မည်။ (ChS 188.1) ChSBur 314.2
လူများစွာသည် ... သူတို့ဆုတောင်းချက်များအသက်မဝင်၊ သူတို့ ယုံကြည်ခြင်းသည်လည်း အားနည်း၍ ဇဝေဇဝါ၊ သူတို့၏ခရစ်ယာန်ဘဝသည် လည်း အမှောင်လွှမ်း၍ မသေမချာဖြစ်နေပါသည်တကားဟု အံ့သြနေကြ ပါသည်။ “ငါတို့အစာမရှောင်သလော” “ကောင်းကင်ဗိုလ်ခြေသခင်ထာဝရ ဘုရားသခင်မျက်မှောက်တော်၌ ငါတို့စိတ်မသာမညည်းမတွားလေသလော” ဟု သူတို့ဆိုကြမည်။ (ဟေရှာယ ၅၈း၆၊၇) ကိုဖတ်ကြည့်ကြပါလျှင် ဤအကြောင်းအရာအခြေအနေမည်သို့နားလည်ရမည်ကို ခရစ်တော်ပြောပြနေ ပါ၏။ ဤကျမ်းပိုဒ်သည် နှလုံးအားနည်းသူ၊ သံသယစိတ်ရှိသူ၊ ဝိညာဉ် တုန်လှုပ်နေသူများအတွက် ခရစ်တော်ညွှန်းဆိုခဲ့သည့် ဆေးကုထုံးတစ်ခုဖြစ် ပါသည်။ ထာဝရဘုရားရှေ့တော်မှောက်၌ စိတ်မသာညည်းတွားငိုကြွေးလျက် လျှောက်လှမ်းနေကြသူများသည် အကူအညီလိုအပ်နေသူတစ်ဦးတစ်ယောက် ကိုထ၍ ကူညီမစပေးကြရမည်သာဖြစ်ပါ၏။ (ChS 188.2) ChSBur 315.1
ကောင်းကင်နိုင်ငံ၏ဘုန်းတန်ခိုးတော်သည် ” လဲသူကိုထူမမည်။ စိတ်ပျက်နေသူကို နှစ်သိမ့်ပေးနေပါသည်။ ခရစ်တော်သခင်ကိန်းအောင်းသော လူ့နှလုံးသားထဲမှာလည်း ထိုလမ်းစဉ်အတိုင်း ထာဝရဘုရားသည် ဖော်ထုတ် ပေးပါလိမ့်မည်။ ထိုလုပ်ဆောင်မှုမျိုးကို ဘယ်မှာပင်လုပ်လုပ် ခရစ်တော် ၏သာသနာသည် မင်္ဂလာရှိပါလိမ့်မည်။ လုပ်ဆောင်သောနေရာမှန်သမျှ၌ “ဘုရားသခင်၏ရောင်ခြည်တော်သည် ကွန့်မြူးနေပါလိမ့်မည်။ (ChS 188.3) ChSBur 315.2
ဇာရတ္တမြို့မှမုဆိုးမသည် မိမိအသက်ရှင်ရန် အစာတစ်လုတ်စာကို ပုရောဖက်ဧလိယအား ဝေမျှပေးလိုက်သည်။ အကျိုးကျေးဇူးကား သူမနှင့် သူမ၏သားငယ်တို့သည် အစာခေါင်းပါးရာကာလ၌ မသေမပျောက်ဘဲ ကျန်ခဲ့၏။ ယခုအချိန်၌လည်း မည်သူမဆိုဒုက္ခဆင်းရဲနှင့် စားနပ်ရိက္ခာချို့တဲ့ နေချိန်မျိုးတွင် သနားသောစိတ်နှင့် လိုအပ်နေသူများကို ကျွေးမွေးသော် ကြီးစွာသောကောင်းချီးမင်္ဂလာရမည်ဟု ထာဝရဘုရားကတိတော်ပေးနေပါပြီ။ ကိုယ်တော်သည် ကတိတော်အရာမှာ ပြောင်းလဲခြင်းမရှိပါ။ ထာဝရဘုရား၏ တန်ခိုးတော်သည် ဧလိယခေတ်အချိန်များမှာထက် ယခုအချိန်မှာလည်းနည်းပါး မသွားပါ။ (ChS 188.4) ChSBur 316.1
ကိုယ့်အကျိုးမဖက်သောအမှုဆောင်ခြင်းမျိုး၌ ခရစ်တော်၏ချစ်ခြင်း မေတ္တာကို ထင်ရှားပြသခြင်းသည် ဒုစရိုက်သားတို့အား ပြန်လည်ပြုပြင်ရေး တွင် ဓား (သို့မဟုတ်) စစ်ကြောစီရင်ခြင်းထက် ပိုမို၍ထိရောက်မှုရှိပါလိမ့် မည်။ ဥပဒေကိုချိုးဖျက်သောသူတို့ကြောက်ရွံ့ စေရန် ထိုအရာများလိုအပ်ပါ သော်လည်း ချစ်ခြင်းမေတ္တာနှင့်ပြည့်သောသာသနာပြုတစ်ယောက်သည် ထိုထက် မကဆောင်ရွက်နိုင်ပါသည်။ ဆုံးမခြင်းကိုခံစဉ်၌ နှလုံးသားမာကျောလေ့ရှိ သူများသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်အောက်မှာတော့ အရည်ပျော် သွားပါလိမ့်မည်။ (ChS 189.1) ChSBur 316.2