ဤလောကကြီးထဲ၌ ကျွန်ုပ်တို့လုပ်ကြရမည့်အလုပ်သည် သူတစ်ပါး ကောင်းကျိုးဆောင်ရန်၊ သူတစ်ပါးအား ကောင်းချီးပေးရန်နှင့်ဧည့်ဝတ်ကျေပွန် စွာလုပ်ပေးကြရန်ဖြစ်ပါသည်။ မကြာခဏဆိုသလို ကျွန်ုပ်တို့၏လူ့အဖွဲ့အစည်း နှင့်ကျွန်ုပ်တို့၏နေအိမ်မှ အမှန်ဂရုစိုက်ပေးခြင်း၊ အကျိုးပေးခြင်းဖြင့် လူတွေ ကိုဧည့်ခံပြုစုခြင်း၌ အဆင်မပြေမှုတချို့ ကျွန်ုပ်တို့၌ရှိလာပါသည်။ ဤမရှိ မဖြစ်သောဝန်ထုပ်ကို တချို့သောသူများရှောင်လွှဲလိုကြ၏။ သို့သော် တစ်စုံ တစ်ယောက်ကတော့ သယ်ပိုးလုပ်ဆောင်ရမည်။ ညီအစ်ကိုများသည် ယေဘု ယျအားဖြင့် ဧည့်ခံခြင်းအလုပ်ကိုလုပ်ရန် နှစ်သက်ကြသည်မဟုတ်သောကြောင့် ဤခရစ်ယာန်တာဝန်မျိုးကို ညီတူမျှဝေမထမ်းဆောင်နိုင်ကြပါ။ သူတစ်ပါး ကိစ္စကို မိမိကိုယ်ပိုင်တာဝန်အမှုကဲ့သို့ ယူအပ်သည်ဟု ကြည်ဖြူသောစိတ်ရှိ သူ၊ လုပ်ပေးလိုသောဆန္ဒရှိသူတချို့ရှိတတ်ပါသည်။ (ChS 191.1) ChSBur 319.2
“အချို့သောသူတို့သည် ဧည့်သည်ဝတ်ကိုပြုသည်တွင် ကောင်းကင် တမန်တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ။” ဤစကားများ၏အစွမ်းသည် အချိန် တွေကုန်ဆုံးကုန်သည့်တိုင် မပျောက်သွားခဲ့ပါချေ။ ကျွန်ုပ်တို့၏ ကောင်းကင် ဘုံရှင်ခမည်းတော်သည် ရုပ်ဖျက်ရောက်လာပြီး ကောင်းချီးပေးနိုင်သည့်အခွင့် အရေးလမ်းကြောင်းပေါ်၌ ကိုယ်တော်၏သားသမီးများအား ဆက်လက်နေရာ ချပေးနေပါသေးသည်။ ထိုအခွင့်အရေးများကို တိုး၍ယူနိုင်သောသူသည် ကြီးစွာသောဝမ်းမြောက်ခြင်းကိုရကြ၏။ (ChS 191.2) ChSBur 319.3