Go to full page →

ရည်ရွယ်ချက် ChSBur 323

အတူတကွစည်းဝေးခြင်း၏ ရည်ရွယ်ချက်ကား အဘယ်သို့နည်း။ ဤသည်မှာ ကျွန်ုပ်တို့၏ဆုတောင်းခြင်း၌ ဘုရားသခင်ကိုပြောဆိုတင်ပြသော အရာစကားများအားလုံးသည် ကိုယ်တော်အား အသိပေးခြင်း၊ လမ်းပြပေး ခြင်းမျိုးဖြစ်နေပါသလား။ ကျွန်ုပ်တို့အတူတကွစည်းဝေးရခြင်းသည် ကျွန်ုပ် တို့၏အတွေးအခေါ်နှင့် ခံစားရရှိခြင်းများအားဖြင့် တစ်ဦးနှင့်တစ်ဦးတည်ဆောက် မှုရှိစေဖို့ဖြစ်သည်။ တစ်ယောက်အပေါ်တစ်ယောက် မျှော်လင့်ခြင်းများနှင့် နှိုးဆော်ခြင်းများအားဖြင့် ရင်းနှီးမှုရလာစေရန်သော်လည်းကောင်း၊ ယုံကြည် ခြင်း၌အမြစ်တည်၍ အလွန်စိတ်အားထက်သန်စွာဖြင့် စိတ်နှလုံးပါလျက် ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့၌ ခွန်အား၊ အလင်းနှင့်သတ္တိတို့ကို ရရှိလာ စေရန်သော်လည်းကောင်း၊ ကျွန်ုပ်တို့၏စွမ်းရည်အရင်းအမြစ်များမှသည် လန်းဆန်းမှုနှင့်အားမာန်ကို ခံစားရယူရန်ဖြစ်သည်။ (ChS 193.3) ChSBur 323.3

စခန်းသွင်းစည်းဝေးပွဲများ၌ အခြားသောရည်ရွယ်ချက်ရှိပါသေးသည်။ မိမိလူတို့အထဲ၌ ဝိညာဉ်ရေးရာဘဝကို တိုးမြှင့်ပေးရန်ဖြစ်သည်။ အမြတ်ဆုံး သောအမှုတော်တစ်ခုကို ကျွန်ုပ်တို့လက်ထဲသို့ ဘုရားသခင်အပ်နှံပေးခဲ့ပါပြီ။ ထို့ကြောင့် ဤအမှုတော်ကို လုပ်ဆောင်ရန် ကျွန်ုပ်တို့၌ အံဝင်ခွင်ကျဖြစ်လာ စေဖို့ လမ်းညွှန်ခြင်းများခံယူသွားနိုင်ရန် ကျွန်ုပ်တို့အတူတကွတွေ့ ဆုံစည်းဝေး ကြရမည်။ ဘုရားသခင်၏သန့်ရှင်းသောပညတ်တော်သည် ကဲ့ရဲ့ပြစ်တင်ခြင်း နှင့်ကင်း၍ “ဤလောက၏အပြစ်ကိုဆောင်ယူသွားသောဘုရားသခင်၏ သိုးသငယ်” (ယော ၁း၂၉) ဟူ၍ ကယ်တင်သောအရှင်ကို ချီးမြှောက်မြှင့်တင် ရာ၌ မြေကြီးပေါ်တွင် ဘုရားသခင်၏အကြောင်းအရာများကို တည်ဆောက် မိစေရန် ကျွန်ုပ်တို့ကိုယ်စီကိုယ်ငမည်သို့ခေါ်ယူတော်မူခြင်းခံရကြောင်းကို ကျွန်ုပ်တို့တစ်တွေနားလည်ထားဖို့လိုအပ်မည်။ ကျွန်ုပ်တို့အတူတကွဆုံတွေ့ စည်းဝေးဖို့ လိုအပ်လှ၏။ ဘုရားသခင်ထံမှ ထိတွေ့ခြင်းကိုခံယူကြရမည်။ သို့မှသာ ကိုယ့်အိမ်ရောက်၍ လုပ်ဆောင်ဖွယ်ရာများကို ကျွန်ုပ်တို့သိရှိနား လည်ကြပေမည်။ (ChS 194.4) ChSBur 324.1

မှန်မှန်ကန်ကန်လမ်းပြမှုခံယူသွားလျှင် စခန်းသွင်းအစည်းအဝေးသည် သင်းအုပ်များ၊ သင်းထောက်လူကြီးများ၊ သင်းထောက်ခေါင်းဆောင်များအတွက် သူတို့၏မဟာပညာဘွဲ့ကို ပို၍စုံစုံလင်လင်ပြုစုလေ့လာသွားနိုင်သောစာသင် ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ အသင်းတော်ထဲမှ လူကြီးလူငယ်၊ အသင်း သား၊ အသင်းသူများအားလုံးသည် သခင်ဘုရား၏ လမ်းခရီးအကြောင်းကို ပိုမိုပြည့်စုံစွာလေ့လာသွားနိုင်ရန် အခွင့်အလမ်းဖွင့်ပေးထားသောစာသင် ကျောင်းတစ်ကျောင်းကဲ့သို့လည်းဖြစ်ရမည်။ ယုံကြည်သူများအားလုံးအတွက် လည်း အခြားသူများအား အကူအညီပေးဖို့ သူတို့ကိုအထောက်အကူပြုပေး သောပညာရေးတစ်ရပ်ကို လက်ခံသင်ယူရရှိနိုင်သည့်နေရာလည်းဖြစ်ပါ၏။ (ChS 195.1) ChSBur 324.2

လွန်ခဲ့သောနှစ်များ၌ ကျွန်ုပ်တို့ပြုလုပ်ခဲ့ကြသောစခန်းသွင်းအစည်း အဝေးများ၏ဆက်စပ်မှုအရ ဘုရားသခင့်အစေခံများစွာသည် မိမိလူတို့ကို သူတို့၏မိတ်ဆွေအပေါင်းအသင်းရင်းနှီးသူများစွာတို့အား တတိယကောင်းကင် တမန်၏ကယ်တင်ခြင်းသမ္မာတရားသတင်းစကားများလက်တွေ့ နည်းကျပြော ပြတတ်အောင် နည်းပြသွန်သင်ပေးနိုင်ခဲ့သည့်အတွက် အဖိုးမဖြတ်နိုင်သည့် အခွင့်အရေးများတိုးတက်ရရှိခဲ့ကြပါသည်။ ထိုသူတို့အား သူတို့ရပ်ကွက်နေအိမ် ဝန်းကျင်မှာ ကိုယ်ထူကိုယ်ထမည်သို့သာသနာပြုတတ်လာစေရန် သွန်သင် ပေးနိုင်ခဲ့ပါသည်။ စခန်းသွင်းစည်းဝေးပွဲများမှ အိမ်ပြန်ရောက်သွားကြတဲ့သူတို့ များစွာသည်လည်း ယခုချိန်ထိတိုင် စိတ်အားကြီးစွာထက်မြက်စွာဖြင့် လုပ်နေ ကြပါသေးသည်။ စခန်းသွင်းဝင်ပြီးခဲ့ကြသောအသင်းသူ၊ အသင်းသားများကို လွန်ပြီးသောနှစ်များ၌ ပုံမှန်သွန်သင်ပေးနိုင်ခဲ့သည်ထက် ယခုလည်း ပို၍သာ လက်တွေ့ပြုစုလမ်းညွှန်သွန်သင်ပေးသွားနိုင်ကြမည်ဆိုလျှင် ဘုရားသခင်ကို ဝမ်းမြောက်စေပါလိမ့်မည်။ ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များ၊ ညီအစ်ကိုများ နှင့်မောင်နှမများသည် ညီလာခံတက်ရောက်ပြီးတိုင်း၌ ဤသို့နှစ်စဉ်အစည်း အဝေးပြုလုပ်ရသည့်ရည်ရွယ်ချက်တစ်ရပ်ကို ရင်ဝယ်ပိုက်ထားမိကြရပါမည်။ မိမိတို့ကိုယ်တိုင်က မစ်ရှင်အမှုပြုတတ်ကြဖို့ လက်တွေ့ နည်းစနစ်တစ်ရပ်ကို အပိုင်ရလိုက်သည်ဟူ၍ မှတ်သားကြရမည်။ (ChS 195.2) ChSBur 325.1

အချို့သောညီလာခံအစည်းအဝေးများ၌ ဤလက်တွေ့ နည်းစနစ်များ ကို လမ်းညွှန်သွန်သင်ပေးရန် ညီလာခံခေါင်းဆောင်များက တွန့်ဆုတ်နေခဲ့ ကြသည်။ အချို့ခေါင်းဆောင်များသည် လက်တွေ့ သွန်သင်ပေးဖို့ထက် တရား ဟောဒေသနာမျိုးကဲ့သို့ ပြုကုန်ကြသည်။ သို့ဖြစ်၍ နှစ်စဉ်စခန်းသွင်းအစည်း အဝေးပုံမှန်ကျင်းပသွားကြလေတိုင်း၊ ယုံကြည်သူများအားလုံးကို သူတို့ နေရပ်ဒေသ၌ လက်တွေ့ မစ်ရှင်အမှုတော်ကို သူတို့ပြုတတ်ကြဖို့ သွန်သင် ပေးအပ်လိုက်ရမည်ဖြစ်သော ဤအခွင့်အရေးကြီးကို ကျွန်ုပ်တို့မျက်ခြည်မပြတ် သတိချပ်လုပ်သွားကြရမည်။ (ChS 195.3) ChSBur 325.2