Go to full page →

ပျင်းရိမေ့လျော့ပျက်ကွက်မှု ChSBur 333

ကျွန်ုပ်တို့အထဲတွင် ပျင်းရိမေ့လျော့ပျက်ကွက်သောသူ၊ ယုံကြည်စိတ် ကင်းမဲ့သောဒုစရိုက်သားကောင်လိုလူမျိုးတစ်ယောက်ယောက်ရှိနေတတ်ပြီး ကျွန်ုပ်တို့သည် ဘုရားအမှုတော်ဆောင်ရာတွင် မလုပ်နိုင်အောင်ဆွဲချ၍ အခြား နိုင်ငံများရှိလူများဆီသို့ သာသနာ့အလင်းထွန်းပြပေးဖို့ သွားမည်ဆိုလျှင်လည်း နောက်ချန်ရစ်နေကြသူဖြစ်၏။ (ChS 200.5) ChSBur 333.3

လူသားတစ်ဦးကဲ့သို့ ကျွန်ုပ်ကိုယ်ကျွန်ုပ်မြင်မိပါ၏။ အခြားသော တိုင်းနိုင်ငံများရှိ လူအများတို့ရှေ့မှာ အလင်းပြပေးဖို့ အကြောင်းရှိလာလျှင် တာဝန်ချိန်တွင်ပင် ကျွန်ုပ်တို့အိပ်ပျော်နေကြကုန်၏။ (ChS 200.6) ChSBur 334.1

ဘုရားသခင်မှစ၍ ဖွင့်ပေးထားသောအရပ်တွင် ကျွန်ုပ်တို့ငြိမ်သက် ခြင်းမပေးနိုင်ကြသေးပါ။ သို့သော် ယေရှုနှင့်သူ၏ကောင်းကင်တမန်များသည် အလုပ်လုပ်လျက်ရှိသည်။ ကျွန်ုပ်တို့ရပ်ကြည့်နောက်ချန်ရစ်နေစဉ်တွင် ထိုအမှု တော်သည် ဆက်ဖြစ်လျက်ရှိနေပြီ။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင် မစ၍ ဖွင့်ပေးရာနောက်သို့လိုက်ခဲ့လျှင် ဖွင့်ပေးရာအရပ်ကို အလျင်အမြန်သိရှိ ကြပြီး ကျွန်ုပ်တို့လက်လှမ်းမီသမျှသောအခြားတိုင်းပြည်များသို့ သမ္မာတရား အလင်းကြဲဖြန့်ပေးနိုင်ရန် တစ်ပန်းသာ၍ လုပ်ဆောင်နိုင်ကြပေမည်။ (ChS 201.1) ChSBur 334.2