Go to full page →

အခန်း (၂ဝ)—ငွေကြေးရတတ်သူ၊ ဩဇာရှိသူများထံသို့လှမ်းရောက်ရှိခြင်း ChSBur 336

ပေါ့ပေါ့ဆဆမနေပါနှင့် ChSBur 336

လူချမ်းသာများအတွက် ပြောပြရန် အမှုဆောင်ချက်ရှိပါသည်။ ကောင်းကင်ဘုံမှအပ်နှံပေးထားခဲ့သောဆုကျေးဇူးများအပေါ် သူတို့၌တာဝန်ရှိ မှုကို သူတို့နိုးနိုးကြားကြားသိနေဖို့လိုအပ်ပါသည်။ သူတို့အား သတိပေးရ မည်မှာ သေသောသူ၊ ရှင်သောသူနှစ်ဦးစလုံးကို စစ်ကြောစီရင်ပိုင်သောဘုရား သခင့်ထံ၌ သူတို့တာဝန်ခံမှုရှိကြရမည်အကြောင်းဖြစ်သည်။ ငွေကြေးချမ်းသာ သူများသည် ဘုရားသခင်ကိုချစ်၍ ကြောက်ရွံ့သောသဘောရှိစေရန် သင်တို့ လှမ်းရောက်အမှုဆောင်ခြင်းကို သူတို့လိုအပ်နေပါသည်။ ထိုသူတို့သည် မကြာ ခဏဆိုသလို သူတို့၏စည်းစိမ်ဥစ္စာ၌ စိတ်ချမှုထားတတ်ကြပြီး အန္တရာယ် ရှိနေသည်ကို မခံစားမိကြပါ။ သူတို့စိတ်နှလုံးမြင်ကွင်းထဲ၌ ထာဝရတည်တံ့ တန်ဖိုးရှိမည့်အရာများကို စွဲမှတ်သားမိစေရန် လိုအပ်ပါသည်။ (ChS202.1) ChSBur 336.1

ပညာရေးကြောင့်၊ ကြွယ်ဝမှုကြောင့် (သို့မဟုတ်) ဘုရားသခင်ခေါ် ယူအမှုဆောင်စေခြင်းကြောင့် ယနေ့ကမ္ဘာ၌ ထိပ်ပိုင်းရောက်နေသူများသည် ဝိညာဉ်ကယ်တင်ရေး၌ စိတ်ပါဝင်တစားဟောပြောခြင်းကို ကြုံတောင့်ကြုံခဲသာ ပြုတတ်ကြသည်။ ခရစ်ယာန်အမှုဆောင်နေကြသူများသည် ထိုလူတန်းစားကို ချဉ်းကပ်ပြောဆိုရန် နောက်တွန့်နေတတ်ကြပါသည်။ လူတစ်ဦးတစ်ယောက် သည် ရေနစ်နေလျှင် ထိုသူသည် ရှေ့နေအကျိုးဆောင်ကြီးတစ်ယောက်ဖြစ်လို့၊ ကုန်သည်ကြီးတစ်ယောက်ဖြစ်လို့ (သို့မဟုတ်) တရားသူကြီးတစ်ယောက်ဖြစ်လို့ ဆိုပြီး သူ့ကိုမကယ်ဆယ်ဘဲ ရပ်ကြည့်နေမည်လော။ အကယ်၍ လူတွေ ချောက်ကမ်းပါးအစွန်းဆီသို့ ပြေးသွားနေသည်ကို ကျွန်ုပ်တို့တွေ့ မြင်လျှင် သူတို့အဆင့်အတန်းနှင့် သူတို့သိက္ခာဘယ်လောက်ပဲကြီးမားပါစေ၊ သူတို့ကို နောက်ပြန်ဆုတ်ခဲ့ဖို့ပြောရန် ကျွန်ုပ်တို့အချိန်မဆွဲသင့်ပါ။ ဝိညာဉ်သေဘေး အန္တရာယ်ရှိနေသူများကို သတိပေးစကားပြောကြားဖို့ ကျွန်ုပ်တို့အချိန်မဆွဲရ။ လောကီစည်းစိမ်ဥစ္စာများအပေါ် အထင်အရှားတပ်မက်စွဲလမ်းခြင်းရှိနေသူများ ကိုလည်း မေ့ချန်မထားဘဲ ပြောလိုက်ရမည်။ (ChS 202.2) ChSBur 336.2

ကျွန်ုပ်တို့သည် လူ့လောကကြီး၏အဆင့်မြင့်နေရာ၌ ရှိနေကြသူတို့ အတွက် ဝိညာဉ်ဝေဒနာကို ခံစားကြရသည်။ မင်္ဂလာဆောင်စားပွဲသဘင်သို့ သူတို့ရောက်လာစေရန် ကြင်နာသောဖိတ်ခေါ်စကားနှင့်အတူ ထိုသူတို့ဆီသို့ ခြေဆန့်ရောက်ရှိကြရမည်။ (ChS 202.3) ChSBur 337.1

ငွေရတတ်သူများပြောင်းလဲခြင်းရှိဖို့ သခင်ဘုရားအလိုတော်ရှိခဲ့သည်။ သူတစ်ပါးဆီလက်ကမ်းပေးသောသခင်ဘုရား၏လက်တော်များကဲ့သို့ သူတို့ ကိုအကူအညီပေးနိုင်ပါသည်။ ကိုယ်တော်သည် ပြန်လည်ပြောင်းလဲခြင်းနှင့် နဂိုမူလနေရာပြန်ရောက်ခြင်းအမှုတော်၌ အကူအညီပေးသူများကို အလိုတော် ရှိ၍ သူတို့ကိုအဖိုးတန်သမ္မာတရား၏အလင်းကိုမြင်စေပြီး စရိုက်လက္ခဏာအသွင် ပြောင်းလဲခြင်းသို့ရောက်စေတော်မူသည်။ သခင်ဘုရားအမှုတော်၌ သူတို့၏ ခွဲခန့်အပ်နှံထားသောငွေပင်ငွေရင်းများကိုလည်း အသုံးပြုစေလိုသည်။ သူတို့ ထံဘုရားသခင်အငှားချပေးထားသည်ကို အကျိုးရှိရှိရင်းနှီးမြှုပ်နှံပြီး ကောင်းသော အမှုပြုရန် အနီးအဝေးရှိလူတန်းစားအသီးသီးတို့ထံ ဧဝံဂေလိတရားဟောပြော ရောက်ရှိသောလမ်းခရီးကို ဖွင့်ပေးရန်တို့ကို ကိုယ်တော်လိုလားတော်မူသည်။ (ChS 202.4) ChSBur 337.2

လောကအဖွဲ့အစည်းထဲ၌ အဆင့်အတန်းမြင့်မားသူများသည် ကြင်နာ စွာချစ်ခြင်းနှင့် ဂုဏ်ပြုလေးစားခံယူလိုသောဆက်ဆံရေးကို လိုလားတတ်ကြ သည်။ စီးပွားရေးလောက၌ရှိကြသူများ၊ ဂုဏ်မြင့်သူများ၊ မဟာတီထွင်သူကြီး များနှင့်သိပ္ပံအတတ်ပညာရှင်ကြီးများ၊ ပညာပါရမီရှင်များ၊ သမ္မာကျမ်းစာတတ် ဆရာကြီးများသည် ယနေ့ကာလတိုင်သမ္မာတရားထူးဆီသို့ သူတို့စိတ်မရောက် နိုင်ကြသေးလျှင် ခေါ်ယူတော်မူခြင်းကို သူတို့ပထမဦးဆုံးကြားဖို့လိုနေပြီ။ ဤသူတို့ကိုဖိတ်ခေါ်စာကမ်းလှမ်းပေးကြရမည်။ (ChS 203.1) ChSBur 337.3

သင်းအုပ်များနှင့်အဆင့်မြင့်လူတန်းစားများဆီသို့ သမ္မာတရားအမှန် သိစေဖို့ လမ်းစရှာဖွေခြင်းမပြုသည်မှာ အမှားဖြစ်သည်။ ကျွန်ုပ်တို့နှင့်ယုံကြည် ChSBur 337.4

ခြင်းမတူသူများကို ကျွန်ုပ်တို့ရှောင်ဖယ်ရှောင်ဖယ်လုပ်လွန်းလှသည်။ ထိုသူ တို့၏ပုံစံခွက်ထဲသို့မဝင်ရအောင် သူတို့နှင့်မဆက်ဆံလိုဘဲရှိနေစဉ်တွင် သူတို့ အထဲတွင် ရိုးသားသောသူတစ်ဦးတစ်ယောက်ရှိနေတတ်ပါသည်။ ထိုသူကို သတိပြုမိ၍ ပညာစရိုက်နှင့်သူ့ဝိညာဉ်အသက်အတွက် မေတ္တာစိတ်အပြည့် ထားပြီး ဆက်ဆံလုပ်ဆောင်သင့်ပါ၏။ ပြည်တွင်းပြည်ပနေရာအရပ်ရပ်ရှိ ထိုအဆင့်မြင့်လူတန်းစားတို့အတွက် ဝင်ရောက်လုပ်ဆောင်ကြမည့်လူယောက်ျား လူမိန်းမတို့အား ပညာပေးနိုင်ရန် ရန်ပုံငွေကိုတိုးမြှင့်ရှာဖွေသင့်သည်။ (ChS 203.2) ChSBur 338.1