Go to full page →

သာမန်အသက်ရှင်နေထိုင်သူများအားဖိတ်ခေါ်နေခြင်း ChSBur 31

သာမန်အသင်းသူ/ အသင်းသားများသည် အမှုဆောင်များကဲ့သို့ သူတို့ နေရာကို သူတို့ယူတတ်ကြရမည်။ လူသားတို့၏ပူဆွေးဝမ်းနည်းမှုများကို ကယ်တင်ရှင်သည် မျှဝေခံစားခဲ့သကဲ့သို့ သူတို့သည်လည်း ပတ်ဝန်းကျင် လူသားတို့၏ဝမ်းနည်းခြင်းများကို မျှဝေခံစားကြပါလျှင် သူတို့နှင့်အတူ အလုပ်လုပ်နေသောကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် သူတို့မြင်ရကြပါ လိမ့်မည်။ (ChS 24.2) ChSBur 31.1

အနီးရောအဝေးမှာပါရှိသည့်လယ်ကွင်းထဲက တောင်သူလယ်သမား များမှသည် လူအများလုပ်ကိုင်နေသောပုံမှန်ကုန်သွယ်ရေး၊ စီးပွားရေး၊ သက်မွေး လုပ်ငန်းခွင်ရှိ လူများအထိ ကွင်းအားလုံးရှိလူအများကို ဘုရားသခင်ခေါ်ယူ၍ သူတို့ကိုအတွေ့ အကြုံရှိပြီးသူများနှင့် ဆက်သွယ်ပေးကာ သင်ယူစေလိမ့်မည်။ ထိုသူတို့သည် ထိရောက်စွာအမှုတော်ဆောင်နိုင်ရန် လေ့လာမိသည်နှင့်အမျှ သမ္မာတရားကို တန်ခိုးနှင့်ကြွေးကြော်လာကြပါလိမ့်မည်။ ထာဝရဘုရားသခင်၏ အထောက်အမဖြင့် အံ့ဖွယ်အကောင်းဆုံးသောလုပ်ဆောင်ခြင်းသည် အခက်အခဲ တောင်ကြီးကိုရွေ့ စေ၍ ပင်လယ်ထဲသို့ကျစေလိမ့်မည်။ မြေကြီးပေါ်မှီတင်းနေထိုင် ကြကုန်သောလူတို့အတွက် ရည်ရွယ်သော ဤသတင်းစကားသည် သူတို့ကို ကြားသိနားလည်စေရပါမည်။ လူအပေါင်းတို့သည် သမ္မာတရားအမှန်ကို သိလာကြလိမ့်မည်။ ကမ္ဘာ့လူသားတစ်ရပ်လုံးကို သတိပေးစကားပြောကြား မပြီးမချင်းအမှုတော်သည်လည်း ရှေ့သို့သာမှန်မှန်တိုးတက်နေလိမ့်မည်။ သို့ပြီး မှအဆုံးသည်ရောက်လတ္တံ့။ ́ (ChS 24.3) ChSBur 31.2

ဘုရားသခင်သည် လူသင်သောကျောင်းများ၌ အသေအချာပညာ မသင်ကြားခဲ့ရသူများကို အသုံးပြုနိုင်၏။ အသုံးပြုလိမ့်မည်။ ဤအမှုကိုပြုသော ကိုယ်တော်၏တန်ခိုးတော်ကို သံသယဖြစ်ခြင်းသည် မယုံကြည်ခြင်းကိုပြ၏။ ဤသို့ဖြစ်လျှင် မတတ်နိုင်၊ မဖြစ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိသော၊ တစ်ဆူ တည်းသောအရှင်၏အနန္တတန်ခိုးတော်ကို ကန့်သတ်လိုက်ခြင်းဖြစ်တော့သည်။ ဤအမှုတော်၌ မခေါ်ယူဘဲ ကျန်ရစ်သူတို့အတွက် သံသယအဖြစ်ကို သတိထား ကြပါ။ ဤသည်မှာ အသင်းတော်မှမသုံးဘဲ အင်အားများစွာကို ချန်ပစ်ထား ခဲ့ကြခြင်းနှင့် လမ်းခရီးကို ပိတ်ပင်သည်ဖြစ်သောကြောင့် သန့်ရှင်းသောဝိညာဉ် တော်သည်လည်း လူကိုအသုံးပြုမရနိုင်တော့။ ခရစ်တော်၏လမ်းကြောင်းထဲ၌ စိတ်ပါလျက်နှင့်စိတ်စောလျက် အသုံးတော်ခံဝင်ရောက်လိုသူများအတွက် မလုပ် နိုင်အောင် ဆီးတားနေခြင်းဖြစ်သည်။ အကယ်၍သာ သူတို့သည် မျှမျှတတ ပါဝင်လုပ်ဆောင်ခွင့်သာရခဲ့ပါလျှင် ဘုရားသခင်နှင့်အတူ ထိရောက်စွာလုပ် ဆောင်သူများဖြစ်လာနိုင်ကြသောကြောင့် ယခုထိုသူတို့သည် အမှုတော်ထဲသို့ ဝင်ရန် စိတ်အားလျော့နေကြရကုန်၏။ (ChS 24.4) ChSBur 32.1

ရှေ့သို့တိုးတက်မှုကိုပြုရန်မှာ လူတိုင်း၏အထူးအခွင့်အရေးဖြစ်သည်။ ခရစ်တော်နှင့်အဆက်ရှိသူတို့သည် လူတစ်ယောက်၏အစဉ်အတိုင်းကြီးထွားမှု စုံလင်သည့်တိုင် ကျေးဇူးတော်အရာ၌ ကြီးထွားလျက် ဘုရားသားတော်ကို သိကျွမ်းခြင်းရှိနေရလိမ့်မည်။ သမ္မာတရားကို ယုံကြည်ပါသည်ဟု ကြွေးကြော် သူတိုင်းသည် သူတို့၏စွမ်းရည်နှင့် အခွင့်အရေးများကို အကောင်းဆုံးသင်ယူ လေ့ကျင့်နိုင်ကြပြီး ခရစ်တော်၌ အားကောင်းသူများဖြစ်လာကြပါလိမ့်မည်။ သူတို့၏သက်မွေးအလုပ်သည် မည်သို့ဖြစ်စေ၊ လယ်သမား၊ စက်ပြင်ဆရာ၊ ကျောင်းဆရာ (သို့မဟုတ်) သင်းအုပ်ဆရာစသည့်အလုပ်များလုပ်ကိုင်နေကြ သည်ဖြစ်ပါစေ၊ ဘုရားသခင်ကိုသူတို့ကိုယ်သူတို့ အပြည့်အဝဆက်ကပ်အပ်နှံ ထားကြသူများဖြစ်ပါလျှင် သူတို့သည် ကောင်းကင်ဘုံရှင်သခင်ဘုရားအတွက် ထိထိရောက်ရောက်အမှုတော်ဆောင်နေကြသူများဖြစ်လာကြလိမ့်မည်တည်း။ (ChS 25.1) ChSBur 32.2

ဘဝသက်မွေးအလုပ်အကိုင်အမျိုးမျိုးအတွက် တစ်ခုခုလုပ်ကိုင်ရန် လုံလောက်သောအရည်အချင်းနှင့်တကွ ဥပမာ- ကျောင်းစာသင်ခြင်း၊ အဆောက် အအုံဆောက်လုပ်ခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့် လယ်ယာအလုပ်လုပ်ကိုင် ခြင်းစသည်ဖြင့် လုပ်ကိုင်လျက် အသင်းတော်ထဲ၌ရှိနေကြသူများသည် ကော်မတီ အဖွဲ့ဝင်များအဖြစ် ပါဝင်လုပ်ဆောင်ခြင်းအားဖြင့်လည်းကောင်း၊ ဥပုသ်စာဖြေ ကျောင်းများ၌ ကျောင်းဆရာ၊ ကျောင်းဆရာမများအဖြစ်လည်းကောင်း၊ သာသနာပြုဝန်ဆောင်လုပ်ငန်းများ၌ ပါဝင်လုပ်ကိုင်ခြင်းအားဖြင့်လည်းကောင်း၊ (သို့မဟုတ်) အသင်းတော်နှင့်ပတ်သက်သောရုံးအမျိုးမျိုးသို့ဝင်ရောက်ဖြည့်စွက် လုပ်ကိုင်ခြင်းအားဖြင့်လည်းကောင်း ယေဘုယျအနေနှင့်အသင်းတော် တည်ထောင်မြှင့်တင်သွားနိုင်ရန် သူတို့ပြင်ဆင်နေသင့်ပါသည်။ (ChS 25.2) ChSBur 33.1

ခရစ်တော်၏အမှုတော်ကိုထမ်းဆောင်ရေးအတွက် ကိုယ်တော်သည် စာတတ်ပေတတ် (သို့မဟုတ်) စကားအပြောအဟောကောင်းသောယုဒလူမျိုး ထဲမှ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိတို့ကိုလည်းကောင်း၊ ရောမ လူမျိုးအာဏာရှိသူများကိုလည်းကောင်း မရွေးကောက်ပါ။ မိမိကိုယ်မိမိ၌သာ ဖြောင့်မတ်ခြင်းရှိသည်ဆိုသောယုဒဆရာဖါရိရှဲများကိုကျော်၍ သခင့်အမှုတော် ဆောင်များသည် လောကကမ္ဘာကို ပြောင်းလဲစေသောသမ္မာတရားကို ကြွေးကြော် ရန်စိတ်နှိမ့်ချသူ၊ ပညာမတတ်သောသူများကို ရွေးချယ်ခဲ့၏။ ထိုသူတို့ကို အသင်းတော်ခေါင်းဆောင်များအဖြစ် လက်တွေ့ သင်တန်းနှင့် ပညာသွန်သင် ပေးရန် ကိုယ်တော်ရည်စူးလုပ်ဆောင်ခဲ့သည်။ တပည့်တော်တို့သည်လည်း အပြန်အလှန်အားဖြင့် သူတစ်ပါးကို ထပ်ဆင့်သွန်သင်ပေးကာ ဧဝံဂေလိ သတင်းစကားပြောကြားခြင်းအမှုတော်အတွက် စေလွှတ်ခဲ့ကြသည်။ အမှုတော် မြတ်၌ အောင်မြင်စွာလုပ်ဆောင်နိုင်ကြသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးကို အပ်နှင်းပေးတော်မူခဲ့ပါ၏။ လူ့အစွမ်းအားဖြင့်မဟုတ်၊ လူ့ဉာဏ် ပညာအားဖြင့်မဟုတ်ဘဲ ဧဝံဂေလိသတင်းကောင်းပျံ့နှံ့စေရန် ကြေညာနိုင်ခဲ့ ကြသည်မှာ ဘုရားသခင်၏တန်ခိုးတော်အားဖြင့်သာဖြစ်ပါသည်။ (ChS 25.3) ChSBur 33.2

“သင်တို့သွား၍ လူမျိုးတကာတို့အား ငါ့တပည့်ဖြစ်စေလျက် သြဝါဒ ပေးကြရန်” ဟူ၍ ကယ်တင်ရှင်၏စေခိုင်းခြင်းကိုခံရသူတို့အထဲတွင် ရိုးရိုး သားသားစိတ်နှိမ့်ချအသက်ရှင်နေထိုင်ကြသောသခင်ဘုရားကို ချစ်တတ်ရန် သင်ယူသူနှင့် ကိုယ်ကျိုးမဖက်အစေခံရောက်လာသောကိုယ်တော်၏နမူနာ အတိုင်းလိုက်ပါလုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ထားသူလူယောက်ျား၊ မိန်းမများစွာ ရှိကြပါသည်။ နှိမ့်ချနေထိုင်သူ ဤသူတို့သည် မြေကြီးပေါ်၌ ကယ်တင်ရှင် သာသနာပြုစဉ် လိုက်ပါခဲ့ကြသူတပည့်တော်များကဲ့သို့ပင် အဖိုးထိုက်တန်သော စိတ်ချယုံကြည်ခြင်းကို အပ်နှင်းခံကြရပါသည်။ ထိုသူတို့သည် ခရစ်တော် အားဖြင့် ကမ္ဘာအနှံ့ဝမ်းမြောက်ဖွယ်ရာကယ်တင်ခြင်းသတင်းစကားကို သယ်ဆောင်ယူသွားကြမည်ဖြစ်ပါသည်။ (ChS 25.4) ChSBur 34.1