စနစ်ကောင်းသောခရစ်ယာန်အိမ်ထောင်စုတစ်ခုသည် ခရစ်ယာန် ဘာသာရေးသစ္စာမျက်နှာစာ၌ တန်ဖိုးပါသောအာဘော်တစ်ခုဖြစ်၏။ ယင်း အာဘော်ကို မိစ္ဆာဝါဒီများလာရောက်ငြင်းချက်မလုပ်နိုင်ကြ။ ယင်းမိသားစု ထဲတွင် သြဇာတစ်ခုလှုပ်ရှားနေသည်ကို လူတိုင်းကမြင်ရပြီး သားသမီးများ အပေါ်သို့လွှမ်းမိုးနေပါသည်။ အာဗြဟံနှင့်ဘုရားသခင်သည် ထိုသူတို့နှင့် အတူရှိသည်ကိုတွေ့ကြရမည်။ အတိအလင်းကြေညာနေနိုင်သောခရစ်ယာန် များအသင်းတော်စုများသည် မှန်သောဘာသာရေးပုံစံ၌ရှိလျှင် ထိုသူတို့သည် ကောင်းကျိုးဆောင်ရွက်ရန် သြဇာသတ္တိတစ်ရပ်ကို အသုံးပြုကြလိမ့်မည်။ အမှန်တော့သူတို့တစ်တွေဟာ “လောက၏အလင်း” ဖြစ်ကြပါ၏။ (ChS 208.1) ChSBur 345.1
အိမ်မစ်ရှင်သည် မိသားစုဝင်များကို ကျော်ထွက်သွားနိုင်သည်။ ခရစ်ယာန်အိမ်ထောင်သည် လက်တွေ့သင်ခန်းစာတစ်ခုဖြစ်၏။ အသက်တာ မှိန်သောအခြေခံစည်းမျဉ်းများ၏ ပြောင်မြောက်သောလက်တွေ့ သရုပ်ပြချက် လည်းဖြစ်သည်။ ယင်းလက်တွေ့ သရုပ်ဖော်ချက်သည် လောကကောင်းကျိုး အတွက် အစွမ်းတစ်ရပ်ဖြစ်ပါသည်။ မည်သည့်ဟောပြောချက်များထက်မဆို ပို၍အားကောင်းတန်ခိုးပါသောဒေသနာသည် လူသားနှလုံးသားအတွင်းနှင့် အသက်ရှင်မှုအပေါ်၌ မှန်သောအိမ်ထောင်စုသြဇာအကြောင်းဖြစ်သည်။ လူငယ် တစ်ယောက်သည် ထိုအိမ်ထောင်စုမှအဝေးသို့ ရောက်သွားလျှင်လည်း သူတို့ အား သွန်သင်ပေးလိုက်သောသင်ခန်းစာများပါသွားသည်။ ဘဝင်မြင့်မြတ် သောစည်းမျဉ်းများကို အခြားအိမ်ထောင်စုများဆီသို့ လက်ကမ်းပေးနိုင်၍ ရပ်ကွက်နယ်ပယ်တစ်ဝန်းတွင် သြဇာလွှမ်းမိုးမြှင့်တင်သွားနိုင်၏။ (ChS 208.2) ChSBur 346.1
ခရစ်ယာန်ဘာသာကိုးကွယ်မှု၏အစွမ်းကို အကြီးမားဆုံးသက်သေ အဖြစ် လောကသို့တင်ဆက်နိုင်သည့်အရာမှာ စနစ်ကောင်းသော၊ စည်းကမ်း ရှိသောမိသားစုတစ်ခုပင်ဖြစ်သည်။ ဤအချက်သည်ပင် သမ္မာတရားကို ထောက်ခံခြင်းဖြစ်၍ အခြားမရှိနိုင်။ အဘယ်ကြောင့်ဆိုသော် လူ့နှလုံးသား များအပေါ် လက်တွေ့ တန်ခိုးပါသော၊ သက်ရှိသောသက်သေခံများဖြစ်သော ကြောင့်တည်း။ (ChS 208.3) ChSBur 346.2
မြေကြီးပေါ်ရှိမိသားစုများသည် ကောင်းကင်ဘုံရှိမိသားစုအမှတ်လက္ခ ဏာဖြစ်ရမည်ဟူ၍ ထာဝရဘုရားပုံစံပြုထားသည်။ ခရစ်ယာန်အိမ်သည် ဘုရား စီမံတော်မူချက်အတိုင်း ဖွဲ့စည်းခြင်း၊ ညွှန်ပြခြင်းကိုခံယူသည်။ ခရစ်ယာန် စရိုက်လက္ခဏာများပုံစံတကျဖြစ်စေရန်နှင့် ဘုရားအမှုတော်ကို ရှေ့တိုးလုပ်ဆောင် နိုင်ရန်အလို့ငှါ ကိုယ်တော်၏အထိရောက်ဆုံးသောလုပ်ငန်းကြီးဖြစ်ပါသည်။ (ChS 208.4) ChSBur 346.3
ကျွန်ုပ်တို့၏ သြဇာသက်ရောက်မှုနယ်မြေသည် ကျဉ်းမြောင်းလာသည်။ ကျွန်ုပ်တို့၏စွမ်းရည်လည်း သေးနုပ်ပါသည်။ ကျွန်ုပ်တို့၌ အခွင့်အရေးလည်း နည်းပါသည်။ ကျွန်ုပ်တို့ရယူနိုင်တာလည်း အကန့်အသတ်ရှိ၏။ သို့တိုင် အစွမ်းထက်သောဖြစ်နိုင်ချေများစွာသည် ကျွန်ုပ်တို့၌ရှိသည်ဖြစ်၍ ကိုယ်နေ အိမ်များ၌ သစ္စာရှိ၍ အသုံးရသောအခွင့်အရေးများဖြစ်လာသည်။ အကယ်၍ ကျွန်ုပ်တို့သည် နှလုံးကိုဖွင့်၍ အိမ်များကိုအသက်ရှင်သောကောင်းကင်ဘုံ စည်းကမ်းအတိုင်းနေထိုင်လျှင် အသက်ပေးသော၊ တန်ခိုးပါသောရေစီး လမ်းကြောင်းများဖြစ်လာပါလိမ့်မည်။ ကျွန်ုပ်တို့၏နေအိမ်များမှသည် အနာ ရောဂါငြိမ်းချမ်းခြင်းစီးဆင်းသွားလိမ့်မည်။ ယခုကာလအကျိုးမဲ့၍ လုံးပါးပါး နေရာမှသည် အသက်ရှင်မှု၊ လှပမှု၊ ကောင်းကျိုးအပြည့်ရှိမှုတို့ရောက်လာ မည်။ (ChS 209.1) ChSBur 346.4