ဘုရားကိုချစ်ပါသည်ဟု ပြောသောသင်တို့သည် သွားလေရာရာ သခင်ယေရှုကို ယူတင်သွားပါ။ သက်ကြီးဦးစီးပြုသူရှေးလူများကဲ့သို့ တဲရှင် စခန်းစိုက်ရာအရပ်ရောက်တိုင်းတွင် ဘုရားသခင်၏ပူဇော်ယဇ်ပလ္လင်ကို ထူကြ ရမည်။ ဤကဲ့သို့အလေးအမြတ်ထားသောနေရာချထားရေးတစ်ခုလိုအပ်သည်။ လေးနက်သော၊ ကျယ်ဝန်းသောနေရာချထားရေးဖြစ်သည်။ (ChS 209.3) စာတန်မာရ်နတ်သည် လူတွေဘုရားသခင်ထံမှ ဝေးရာအရပ်ရောက် သွားဖို့ နည်းမျိုးစုံဖြင့် ကြိုးပမ်းနေပါသည်။ လူတွေရဲ့ ဘာသာရေးကိုးကွယ် မှု၊ ဘဝအလုပ်စီးပွားလုပ်ငန်းအောက်ရောက်သွားသောအခါ စာတန်၏ရည်စူး ချက်အောင်မြင်နေပါသည်။ လူ့စိတ်အာရုံကို စီးပွားရေးနယ်ပယ်အထဲမှာနစ်မြုပ် ဝင်နေစေသောကြောင့် လူတွေကျမ်းစာဖတ်ရန် အချိန်မပေးနိုင်တော့ပါဘူး။ တိတ်ဆိတ်အရပ်သို့သွား၍ ဆုမတောင်းကြတော့ပါဘူး။ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကိုဆက်လုပ်ဖို့နဲ့ နံနက်၊ ညနေဝတ်ပြုရာပလ္လင်တွေအပေါ်မှာ ကျေးဇူး တော်ယဇ်ကိုလည်း မပူဇော်နိုင်ကြတော့ပါ။ (ChS 209.4) ChSBur 347.2
မိသားစုဝတ်ပြုပွဲသည် ကြည်နူးဖွယ်၊ စိတ်ဝင်စားဖွယ်ဖြစ်ပါစေ။ (ChS 209.5) ChSBur 348.1
သူတို့ကလေးတွေကို ဆုတောင်းချိန်မှာလေးစားမြတ်နိုးမှုရှိဖို့ သင်ပေး ပါ။ နံနက်တိုင်း စောစောအိပ်ရာကထပြီး မိသားစုဆုတောင်းပွဲကို တက်ရောက် စေရမည်။ (ChS 209.6) ChSBur 348.2
ကလေးများသည် ဘာသာရေးကို စက်ဆုပ်တွန်းကန်မနေရအောင် ဆွဲဆောင်မှုရှိစေရပါမည်။ မိသားစုဝတ်ပြုပွဲအချိန်သည် နေ့တစ်နေ့၏ပျော်စရာ အကောင်းဆုံးအချိန်ဖြစ်သင့်သည်။ ရွှေကျမ်းချက်ဖတ်စေမည်ဆိုလည်း ရွေးရ လွယ်ပြီး ရှင်းရှင်းလင်းလင်းရှိစေရမည်။ ကလေးတွေကို ဓမ္မသီချင်းဆိုခွင့် ပေးပါ။ တိုတိုတောင်းတောင်းအချက်ကျကျဆုတောင်းတတ်ပါစေ။ (ChS 210.1) ChSBur 348.3
မိသားစုအိမ်၊ မိသားစုဝတ်ပြုပွဲသို့ ဧည့်သည်များကိုလည်း ဖိတ်ခေါ် ပါက ဆုတောင်းချိန်ခါသည် ဖိတ်ခေါ်လာရောက်နားဆင်သူအဖို့ စိတ်ညွှတ် စေပါသည်။ တစ်ကြိမ်တစ်ခါအလည်ရောက်သည်ပင်လျှင် ဝိညာဉ်တစ်ခုကို သေခြင်းမှကယ်တင်လိုက်နိုင်ပါသည်။ ဤအမှုတော်ကို ထာဝရဘုရားလက်ခံ တော်မူ၏ဟု မိန့်ဆိုပါ၏။ “ငါသည် အပြစ်တရားကို စီရင်ပိုင်၏။” (ChS 210.2) ChSBur 348.4
ကလေးများသည် ဆုတောင်းချိန်ကို လေးစားမြတ်နိုးခြင်းရှိဖို့ သင်ပေး ရမည်။ အလုပ်သွားဖို့နေအိမ်မှမထွက်ခွာသွားကြမီ မိသားစုအားလုံးကို စုဝေး ခေါ်ယူ၍ အဖဘုရားသခင်၏မျက်မှောက်တော်၌ အဖေ၊ အမေဖြစ်သူတို့က မိသားစုကိုတစ်နေ့တာစောင့်ရှောက်တော်မူပါရန် စိတ်ထက်သန်စွာတောင်းပန် ဆုတောင်းရမည်။ စိတ်နှလုံးနူးညံ့ခြင်းနှင့် ကြင်နာသောနှလုံးကိုချီ၍ အပြစ် သွေးဆောင်ခံရခြင်းနှင့်အန္တရာယ်ရှိခြင်းကို ထင်ရှားစေပြီး ယဇ်ပလ္လင်ထက်၌ သူတို့ကလေးတွေကို တင်လှူလိုက်သကဲ့သို့ ထာဝရဘုရားသည် သူတို့ကို စောင့်ရှောက်ကာကွယ်စေလိုတော်မူကြောင်း တောင်းပန်တိုးလျှိုး၍ ဆုတောင်း ပေးပါ။ ထာဝရဘုရားသခင်ထံ၌ နစ်မြုပ်ဆက်ကပ်ထားကြသူကလေးများအား ကောင်းကင်တမန်များက ပြုစုစောင့်ရှောက်သွားလိမ့်မည်။ ဤအမှုသည် နံနက် ချိန်နှင့်ညနေခင်းချိန်ရောက်တိုင်းပြုလုပ်ရမည့် ခရစ်ယာန်မိဘများ၏တာဝန်ဖြစ် သည်။ အပြင်းအထန်ဆုတောင်းပေးခြင်းနှင့် ဇွဲကောင်းကောင်းယုံကြည်ခြင်းရှိ ခြင်းအားဖြင့် ကလေးများကို ဘုရားသခင်ထံ၌ ကန့်သတ်မှုပြုရပါမည်။ ဘုရား သခင်ကို ကြည်နူးဝမ်းမြောက်စေအောင်ဘယ်လိုအသက်ရှင်နေထိုင်ရမည့် အကြောင်း ကြင်ကြင်နာနာနှင့်မမောမပန်းဆက်ဆက်သွန်သင်ပေးနေကြရမည် သာတည်း။ (ChS 210.3) ChSBur 348.5
“ထာဝရဘုရား၏အဆွေ” ဟုခေါ်ရသောအာဗြဟံသည် အဖိုးတန် သောနမူနာကို ချမှတ်ပေးခဲ့သည်။ လူ့ဘဝသည် ဆုတောင်းအသက်ရှင်မှုဘဝ ဖြစ်သည်။ သူသွား၍ ရောက်ရာအရပ်၌ တဲရှင်စိုက်ပြီးသည့်အခါတိုင်းမှာ ဘေးနားမှာယဇ်ပလ္လင်ကိုတည်ပြီး နံနက်၊ ညနေယဇ်ပူဇော်ချိန်ရောက်တိုင်း သူ့တဲစခန်းတွင်ရှိ လူတိုင်းကိုခေါ်ယူ၍ ဝတ်ပြုစေခဲ့သည်။ သူ့တဲစခန်းရွှေ သွားသောအခါ ယဇ်ပလ္လင်ခုံကျန်ရစ်ခဲ့၏။ နောက်ပိုင်းနှစ်များ၌ အဘအာဗြဟံ ၏လမ်းညွှန်ခြင်းကိုနာခံခဲ့ရသူခါနာန်မျိုးနွယ်စုတို့သည် ရွှေ့ပြောင်းလှည့်လည် သွားလာရင်း ယင်းနေရာသို့ရောက်လာကြသောအခါ ယဇ်ပလ္လင်၌ပြုခဲ့သမျှကို မှတ်မိသိရှိသူတစ်ဦးဦးရှိနေခဲ့သည်ဖြစ်၍ သူ့တဲကိုသူစိုက်ပြီးလျှင် ယဇ်ပလ္လင် ကိုပြန်ပြုပြင်တတ်သည်။ ထိုနေရာတွင် အသက်ရှင်သောထာဝရဘုရားကို ရှိခိုးပူဇော်ကြကုန်၏။ (ChS 210.4) ChSBur 349.1
-o-