မစ်ရှင်အစည်းအဝေးများသည် တက်ရောက်လာသူများအား မည်သို့ မစ်ရှင်အမှုဆောင်ရွက်ရမည့်အကြောင်းကို သွန်သင်ပေးခြင်းဖြင့် ရည်ရွယ် လုပ်ဆောင်ကြပါစို့။ (ChS 211.3) ChSBur 350.3
ကျွန်ုပ်တို့၏ဆုတောင်းခြင်း၊ ရင်းနှီးတွေ့ဆုံခြင်းများသည် အထူး ကူညီမစခြင်းနှင့်အားပေးစကားပြောခြင်းအချိန်ကာလများဖြစ်ရမည်။ လူတိုင်း သည် ဤစုဝေးတွေ့ဆုံခြင်းကို စိတ်ပါဝင်စားကြပြီး ဖြစ်နိုင်ချေအကျိုးထွက် စေဖို့ပါဝင်လုပ်ဆောင်ကြရမည်။ ဤအမှုကိုဘုရားသခင်၏အရာများ၌ နေ့စဉ် လန်းဆန်းသောအတွေ့အကြုံများကို ခံယူခြင်းအားဖြင့် အကောင်းဆုံးလုပ်ဆောင် ကြရမည်။ ဘုရားသခင်၏လူများအရှေ့၌ ဘုရားသခင်၏မေတ္တာကရုဏာ တော်အကြောင်းများပြောကြဖို့ တုံ့နှေးမနေသင့်ကြ။ သင်သည် အမှောင်တရား နှင့်မယုံကြည်ခြင်းကို သင့်စိတ်ထဲသို့သွင်းယူမလာခဲ့ပါလျှင် သင်ရှိသောအစည်း အဝေးများ၌ ထိုအရာများကို သူတို့ပြောနိုင်ကြလိမ့်မည်။ (ChS 211.4) ChSBur 351.1
အစည်းအဝေးများကို ကြီးစွာစိတ်ဝင်စားလျက် ပါဝင်သင့်၏။ ကောင်းကင်ဘုံအရပ်ထိတိုင်သို့ပင် သူတို့ပျံ့နှံ့ဝင်ရောက်လျက်ရှိသင့်ပါသည်။ စိတ်ဝင်စားစရာမကောင်းသောစကားကြာကြာပြောခြင်းနှင့်ထုံးစံအတိုင်း ဆုတောင်းခြင်းများအားဖြင့် အချိန်ကုန်ဖို့သက်သက်မလုပ်ကြပါနှင့်။ လူတိုင်း သည် သူတို့ပါဝင်ရမည့်အပိုင်းကို ချက်ချင်းပါဝင်ဖို့အဆင်သင့်ဖြစ်နေစေရ မည်။ အစီအစဉ်ပြီးသည်နှင့် အစည်းအဝေးကို ရုပ်သိမ်းသင့်သည်။ စိတ်ဝင် စားစရာအကြောင်းကို နောက်ဆုံးတင်ဆက်ရမည်။ ဤသို့ဘုရားသခင်ကို ဆက်ကပ်ခြင်းသည် လက်ခံဖွယ်သောဝတ်ပြုခြင်းဖြစ်သည်။ ကိုယ်တော်ရှင် ကိုဝတ်ပြုခြင်းသည် စိတ်ဝင်စားမှု၊ ဆွဲဆောင်မှုရှိရမည်။ ခြောက်သွေ့သော ပုံစံနှင့်နောက်ပြန်ဆွဲသည်ကို ခွင့်မပြုသင့်ကြပါ။ ကျွန်ုပ်တို့သည် ခရစ်တော် အတွက်မိနစ်အလိုက်၊ နာရီအလိုက် တစ်ရက်ပြီးတစ်ရက် အသက်ရှင် နေကြရမည်။ ခရစ်တော်သည်လည်း ကျွန်ုပ်တို့အထဲ၌ တည်နေမည်။ ကျွန်ုပ်တို့သည် အတူတကွစည်းဝေးကြသောအခါ သခင်ဘုရား၏မေတ္တာတော် သည် ကျွန်ုပ်တို့၏နှလုံးသားအတွင်းသို့ရောက်ရှိပြီး ကန္တာရထဲ၌ စိမ့်စမ်းရေ စီးနေသကဲ့သို့ တစ်ကိုယ်လုံးကို လန်းဆန်းစေလိမ့်မည်။ ပျက်စီးပျောက်ဆုံး လုနီးပါးဖြစ်နေသူများကို အသက်ရေသောက်စေရန် စိတ်အားထက်သန်စေ လိမ့်မည်။ (ChS 211.5) ChSBur 351.2
မစ်ရှင်စည်းဝေးပွဲကိုတက်ရောက်ပြီး ဒေသနာကိုကြာရှည်ဟောပြော ခြင်းအားဖြင့် လူငယ်တို့၏စိတ်ဝင်စားမှုကို နိုးကြွစေလိမ့်မည်ဟူ၍ မတွေး လိုက်ပါနှင့်။ စိတ်ဝင်စားစေသောစီမံကိန်းလမ်းကြောင်းကသာ သူတို့ကိုနိုးကြွ စေပါသည်။ လူငယ်တွေမှာ အပတ်စဉ်တိုင်းသူတို့ရဲ့အစီရင်ခံစာများကို ယူလာ ခဲ့ကြသည်။ သခင်ဘုရားအတွက် ဘာတွေကြိုးစားလုပ်ဆောင်ခဲ့ကြောင်းနှင့် ဘာတွေအောင်မြင်ပြီးစီးခဲ့သည့်အကြောင်းများပါရှိသည်။ ဤကဲ့သို့သောအစီ ရင်ခံစာများကို အစည်းအဝေး၌ တင်သွင်းချိန်ရခဲ့လျှင် ပျင်းစရာ၊ ငြီးငွေ့စရာ၊ စိတ်မဝင်စားနိုင်စရာမရှိတော့ပါ။ စိတ်ဝင်စားခြင်းအပြည့်ဖြစ်ပြီး အစည်းအဝေး ပျက်ကွက်သူမရှိဖြစ်လာပါလိမ့်မည်။ (ChS 212.1) ChSBur 352.1
ခရစ်တော်အပေါ် ယုံကြည်ခြင်းရှိလာသောအခါ သမ္မာတရားသည် ဝိညာဉ်အဖို့ ဝမ်းမြောက်စရာဖြစ်၏။ ဘာသာရေးပတ်ပြုပွဲများသည်လည်း ပျင်းစရာစိတ်မပါစရာမဖြစ်ပါ။ သင်တို့၏လူမှုရေးအစည်းအဝေးသည် ရိုးစင်း ၍ဝိညာဉ်သဘောမပါလျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့် အသက်သွင်းပေး ရလိမ့်မည်။ ခရစ်ယာန်ဘာသာကိုးကွယ်ခြင်းကို သင်ကြွေးကြော်၍ လက်တွေ့ လုပ်ဆောင်နေသည်နှင့်အမျှ ကြွယ်ဝသောအတွေ့အထိကို သင်နေ့စဉ်ရလိမ့် မည်။ (ChS 212.2) ChSBur 352.2