Go to full page →

အန္တရာယ်ပေါ်လစီတစ်ခု ChSBur 355

အချို့သူတို့သည် မြေကြီးဘဏ္ဍာပျောက်ဆုံးလိမ့်မည်ဟူ၍ ကြောက်နေ ကြသည်။ သူတို့ကိုယ်သူတို့ဘုရားသခင်အားဝတ်ပြုရန်အတွက် စည်းဝေးသဘင် သို့သွားခြင်း၊ ဆုတောင်းခြင်းတို့ကို မေ့ထားလိုက်သည်။ ထိုအစား သူတို့၏ လယ်မြေနှင့်စီးပွားလုပ်ငန်းခွင်ထဲ၌ အချိန်ပိုပေး၍ မြှုပ်ထားလိုက်ကြသည်။ မည်သည့်လောကအပေါ်၌ သူတို့အမြင့်ဆုံးတွက်ချက်နေရာချထားသည်ကို သူတို့အလုပ်က ပြောနေသည်။ သူတို့၏ဝိညာဉ်ရေးရာတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သောဘာသာရေးအခွင့်ထူးကို ဤဘဝအရာများရယူနိုင်ဖို့ သူတို့ စွန့်ပစ်နေကြသည်။ ကောင်းကင်ဘုံအလိုတော်အသိတရားလက်ကိုင်ထားရန် ပျက်ကွက်ကြ၏။ ခရစ်ယာန်စရိုက်လက္ခဏာများလျော့ပါးလာကြသလို ဘုရား သခင်၏စံနှုန်းကိုလည်း မမီကြတော့ပါ။ သူတို့သည် လောကီရေးရာနှင့် လောကအကျိုးကိုသာ ရှေ့တန်းတင်သောကြောင့် ဘုရားသခင်၏ဝတ်ကိုပြု ရသည့်ကိုယ်တော်၏အချိန်ကို ခိုးယူကြ၏။ ဤလူမျိုးကို ဘုရားသခင်မှတ် တော်မူပြီး ကိုယ်တော်ထံမှကောင်းချီးမင်္ဂလာရသည်ထက် အကျိန်ကိုပဲရလိမ့် မည်။ (ChS 214.1) ChSBur 355.1