ရွား အသင်းတော်ကြီးများ၌ အမှန်တရားကိုထုတ်ဖေါ်ခြင်းရလဒ်သည် စုံစမ်းမေးမြန်းလိုသည့်စိတ်ဓါတ်နိုးကြားလာခြင်းဖြစ်သည်။ ဤသို့စိတ်ပါဝင် စားခြင်းသည် ပုဂ္ဂိုလ်တစ်ဦးချင်းဝန်ဆောင်မှု၌ နောက်လိုက်ဆောင်ရွက်ပေးရန် အထူးအရေးကြီးပါသည်။ အမှန်တရားကို စုံစမ်းစစ်ဆေးဖို့ လိုလားသူများ သည် နှုတ်ကပတ်တရားတော်ကို လုံ့လဝီရိယထားလေ့လာရန် သွန်သင်ပေး ခြင်းခံယူရမည်။ သူတို့ကိုသေချာသောအခြေခံအပေါ်၌ တည်ဆောက်မိစေရန် ဝင်ရောက်အကူအညီပေးရမည်။ သူတို့၏ဘာသာရေးအတွေ့ အကြုံထဲ၌ ဤသို့ အလွန်အရေးကြီးသောအချိန်တွင် သူတို့နားလည်သဘောပေါက်လာရန်လည်း အလွန်အရေးကြီးပါသည်။ ကျမ်းစာကိုတတ်ကျွမ်းနားလည်သူများက သူတို့ ကိုရှင်းပြပေးကြရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲက ပညာရတနာ ကိုသူတို့ရယူဖို့ ဖွင့်ပေးကြရမည်။ (ChS 219.5) ChSBur 363.3
ရွှေရောင်ပျောက်၏။ ခံစားမှုသဘောထားရှိလည်း နောက်လိုက် ဆောင်ရွက်ခြင်းမပြု။ ဤသို့ဖြစ်လျှင် စိတ်ပါဝင်စားခြင်းမနိုးထလာသည်က ပိုကောင်းပေမည်။ အဘယ်ကြောင့်ဆိုသော် သက်ဝင်ယုံကြည်ခြင်းအတိုက်ခံ ရ၍ ရှုံးခဲ့လေသော် သမ္မာတရားသို့စိတ်ပြန်ရောက်လာဖို့ အလုပ်လုပ်ရခက်ခဲ ပေလိမ့်မည်။ (ChS 220,1) ChSBur 364.1