Go to full page →

ယဉ်ကျေးမှုဆိုင်ရာဟောပြောခြင်း ChSBur 369

မှန်ကန်သောယဉ်ကျေးမှုနှင့် ဟောပြောခြင်းအစွမ်းကိုသုံးရာ၌ ခရစ် ယာန်အကျင့်တရား၏စည်းမျဉ်းလမ်းကြောင်းအတိုင်း ဖြစ်စေရမည်။ သာယာ သောအသံနှင့် ဘာသာစကားကို မှန်မှန်ကန်ကန်နှင့်ပီပီသသပြောဆိုခြင်း၊ ကြင်နာစွာ၊ ယဉ်ကျေးစွာစကားလုံးများသုံး၍ ပြောဆိုခြင်းသည် ကျွန်ုပ်တို့၌ ကျင့်သားရနေစေရမည်။ (ChS 223.4) ChSBur 369.4

ခေါင်းဆောင်သင်းအုပ်တိုင်းနှင့် ကျမ်းစာသင်ဆရာတိုင်း၏စိတ်ထဲ၌ ရှိထားရမည်မှာ လူအပေါင်းတို့အား သူပြောပေးနေသောသတင်းစကားသည် ထာဝရအကျိုးအတွက် ဖြစ်နေစေရမည်။ သူတို့ထုတ်ပြောဆိုခဲ့သောသမ္မာ တရားသတင်းစကားသည် နောက်ဆုံးမှန်းဆနေကြသောနေ့ကြီး၌ သူတို့ကို စစ်ကြောပါလိမ့်မည်။ သတင်းဖြန့်ဝေသူ၏အမူအရာနှင့်အတူ ဝိညာဉ်အချို့ တို့သည် လက်ခံခြင်း၊ (သို့မဟုတ်) ငြင်းပယ်ခြင်းကို အဆုံးအဖြတ်ပြုလိမ့်မည်။ သဘောပေါက်လက်ခံခြင်းနှင့် စိတ်နှလုံးကစွဲမှတ်နေရမည့်အကြောင်း အယူ ခံဝင်ခြင်းကို စကားလုံးများက ထုတ်ပြောပါလေစေ။ အေးအေးဆေးဆေးနှင့် ထူးခြားစွာ၊ တည်ငြိမ်စွာထုတ်ပြောစေရမည်။ သို့တိုင်အရေးတကြီးတောင်းဆို ခြင်းကဲ့သို့ အပြင်းအထန်သဲကြီးမဲကြီးပြောလာပါစေ။ (ChS 223.5) ChSBur 370.1

ဘုရားသခင်၏မေတ္တာတော်အတွင်းသို့ သူတစ်ပါးကို သင်ရှာဖွေ ဆွဲခေါ်ယူသောအခါများ၌ သင်၏ဘာသာစကားပြောဆိုမှုသည် စစ်မှန်ပီသ ပါစေ။ အတ္တကင်းသောသင်၏အမှုတော်ဆောင်ချက်၊ သင်၏ကိုယ်နှုတ်အမူ အရာသည် ဝမ်းမြောက်မှုအပြည့်ရှိခြင်းတို့နှင့်အတူ ဘုရားသခင်၏ကျေးဇူး တော်တန်ခိုးအောက်သို့ သက်သေခံမွေးဖွားပေးရမည်။ (ChS 224.1) ChSBur 370.2

ခရစ်ယာန်တိုင်းသည် ခရစ်တော်ကိုရှာ၍ မကုန်ခန်းနိုင်သောကြွယ်ဝ မှုကို အခြားသူများသိစေအောင် ဆောင်ရွက်ဖို့ခေါ်ယူခြင်းခံရသည်။ ထို့ကြောင့် သူသည် စကားပြောဆိုရာ၌ ပြည့်စုံခြင်းကိုရှာရမည်။ ဘုရားသခင်၏နှုတ်ကပတ် စကားကို နားထောင်သူများအား ချီးကျူးဖွယ်ဖြစ်စေသောနည်းဖြင့် သူပြော ဆိုနိုင်ရမည်။ ဘုရားသခင်သည် ကိုယ်တော်ဖန်ဆင်းခဲ့သောလူများပြောစကား များ၌ ရိုင်းစိုင်းမှုပါရှိရအောင် ပုံစံချပေးခဲ့သည်မဟုတ်ပါ။ ဘုရားသခင်မှတစ်ဆင့် လောကသို့စီးဆင်းသွားသောကောင်းကင်ဘာသာစကားရေစီးကြောင်းကို လူသား တို့က သေးသိမ်ယုတ်ညံ့သွားအောင် လုပ်ကြစေရန် ကိုယ်တော်အလိုတော် မရှိပါ။ (ChS 224.2) ChSBur 370.3

ထိုသူတို့သည် စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ဖော်ရွေခြင်းနှင့်အကူ အညီပေးတတ်ခြင်းတို့ကို လေ့လာသင်ယူရလိမ့်မည်။ သူတို့သည် ခရစ်ယာန် ပီသသောလောကဝတ်ကို လေ့ကျင့်ရမည်။ ခရစ်တော်၌ရှိသူအဖြစ် စိတ်မွေး ရမည်။ သူတို့၏အပေါင်းအသင်းများကို ခက်ထန်သော၊ မကြင်နာသော စကားဖြင့် (သို့မဟုတ်) ခံစားလိုက်ရစေခြင်းတို့ကို မပြုလုပ်စေရပါ။ သူတို့ ပြောသောစကားများသည်လည်း စင်ကြယ်ရမည်။ ဟောပြောမှုစွမ်းရည်သည် လည်း တန်ဖိုးရှိသောပါရမီတစ်ရပ်ကဲ့သို့ သတ်မှတ်ခံရပြီး အဆင့်မြင့်ရှင်သန် သောအမှုတော်တစ်ခု ဆောင်ရွက်ရန် အားဖြည့်ပေးခြင်းရှိရမည်။ (ChS 224.3) ChSBur 371.1