Go to full page →

လိမ္မာပါးနပ်မှ ChSBur 382

မိန်းရွာ. ဘုရားသခင်ထံ၌ အရာအားလုံးကို အညံ့ခံအပ်နှံရောက်ရှိသူသည် တွေးခေါ်ခြင်း၊ ဆုတောင်းခြင်း၊ ကြိုးစားအားထုတ်ခြင်းရှိလာကြမည်။ သူတို့ အလုပ်လုပ်သောအခါ လိမ္မာပါးနပ်စွာဆက်ကပ်လုပ်ဆောင်ကြလိမ့်မည်။ (ChS 230.6) ChSBur 382.2

လူတစ်ယောက်သည် လိမ္မာပါးနပ်မှု၊ လုပ်ငန်းခွင်ကြိုးစားမှုနှင့် စိတ်အားထက်သန်မှုရှိခဲ့လျှင် လောကီစီးပွားရေးကို အောင်မြင်စွာထိုသူလုပ် ဆောင်နိုင်ပါလိမ့်မည်။ ထိုနည်းအရည်အချင်းအတိုင်း ဘုရားအမှုတော်ကို ဆက်ကပ်လုပ်ဆောင်လျှင် နှစ်ဆတိုးသောအစွမ်းကိုပင် သူပြနိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏တန်ခိုးသည် လူသားကြိုးစားမှုနှင့် ပေါင်းစပ်ပေးလိုက်သောကြောင့် ဖြစ်သည်။ (ChS 231.1) ChSBur 382.3

ဝိညာဉ်အောင်နိုင်ခြင်းအမှု၌ ကြီးစွာသောလိမ္မာပါးနပ်မှုနှင့်ဉာဏ်ပညာ လိုအပ်၏။ ကယ်တင်ရှင်သည် သမ္မာတရားကိုဘယ်တော့မှ ထိန်းချုပ်မထား ပါ။ မေတ္တာတော်၌ အမြဲတမ်းကိုယ်တော်ဖွင့်ဟထားပေးသည်။ အခြားသူများ နှင့်ကိုယ်တော်ဆက်ဆံရာတွင် ကြီးစွာသောလိမ္မာပါးနပ်မှုကို လေ့ကျင့်တော် မူသည်။ ကိုယ်တော်သည် အမြဲကြင်နာသနားတတ်ပြီး ဘယ်တော့မှရိုင်းစိုင်းသည့် အမှုမပြု။ ကြမ်းတမ်းသောစကားတစ်ခွန်းကိုမျှ မလိုအပ်ဘဲမပြော။ အထိ မခံသောဝိညာဉ်တစ်လုံးကို မလိုအပ်ဘဲ နစ်နာစေရအောင် ကိုယ်တော်ဘယ်တော့ မှမလုပ်ပါ။ လူသားတို့၏အားနည်းချက်များကို ပြစ်တင်ဝေဖန်ခြင်းလည်း ကိုယ်တော်မလုပ်ပါ။ ကိုယ်တော်သည် ကြောင်သူတော်ဖြစ်ခြင်း၊ မယုံကြည် ခြင်း၊ ဒုစရိုက်ပြုခြင်းများကို ပြစ်တင်ရှုတ်ချတော်မူလေ၏။ သို့တိုင် ကိုယ်တော် သည် ပစ်ပစ်ခါခါဆုံးမပြောဆိုလိုက်သောစကားသံတော်ထဲ၌ မျက်ရည်ကျ တတ်သူဖြစ်သည်။ ကိုယ်တော်သည် သမ္မာတရားတော်အားဖြင့် ဘယ်တော့ မှအနာတရမဖြစ်စေခဲ့ပါ။ လူ့လောကအတွက် သနားကြင်နာမှုကို နက်ရှိုင်းစွာ အမြဲပေါ်လွင်ထင်ရှားစေခဲ့သည်။ ဝိညာဉ်တိုင်းကို မျက်မှောက်တော်၌ တန်ဖိုး ထားတတ်သည်။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်ခြင်းဂုဏ်တော်နှင့်အညီ ရပ်တည်နေခဲ့ပါသော်လည်း ဘုရားသခင်၏မိသားစုဝင်တစ်ယောက်စီတိုင်း အပေါ် ကြင်နာသနားတတ်သောကရုဏာမေတ္တာတော်ဖြင့် ဦးညွှတ်၍ လေးစား ခဲ့သည်။ လူသားအားလုံးကို ကိုယ်တော်၏မစ်ရှင်၌ ကယ်တင်ခြင်းပေးအပ် သည့်ဝိညာဉ်များဟု မြင်တော်မူခဲ့၏။ (ChS 231.2) ChSBur 382.4

အချို့သောင်းကျန်းမည်၊ အချို့ စိတ်လိုက်မာန်ပါရှိမည်။ သို့သော် လူသာမန်တို့၏ဝိညာဉ်များဖြစ်ကြသည်။ ထိရောက်သောအကျယ်တဝင့်အလေး အနက်ထားဟောပြောခြင်းကို သူတို့ရလိုက်တဲ့အခါ အလွန်ကြွပ်ဆတ်ဆတ် အမူအရာနှင့် ကျွန်ုပ်တို့ဆီသို့ ချဉ်းကပ်ဝင်လာမြူဆွယ်ကြလိမ့်မည်။ ထိုအခါ ထိုသူတို့သည် ရွံရှာဖွယ်ဖြစ်သော်လည်း ကျွန်ုပ်တို့သည် သူတို့အား လက်ခံ ရစေလိုသည့်သမ္မာတရားကို ပေးအပ်ကြရမည်။ “အကြောင်းမူကား လောကီ သားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင် အလင်းသို့ရောက်သောသူ တို့ထက် သာ၍လိမ္မာကြ၏။” (လုကာ ၁၆း၈)။ စီးပွားရေးသမားများနှင့် နိုင်ငံရေးသမားတို့သည် လောကဝတ်စကားများသင်ယူကြသည်။ ဤအရာ မှာသူတို့သည် သူတို့ကိုယ်သူတို့အဆွဲဆောင်နိုင်ဆုံးဖြစ်အောင် ပြုလုပ်သော ဝါဒဖြစ်သည်။ သူတို့၏အဟောအပြောနှင့် အမူအရာများသည် သူတို့၏ ဝန်းကျင်လူအုပ်ကို အကြီးမားဆုံးသြဇာသက်ရောက်စေဖို့ အကျိုးထွက်ရှိစေရန် သူတို့သင်ယူကြပါ၏။ ဤရည်မှန်းချက်ရောက်စေဖို့အတွက်လည်း အဖြစ်နိုင် ဆုံးကျွမ်းကျင်မှုဖြင့် သူတို့၏ဉာဏ်ပညာနှင့်တတ်နိုင်စွမ်းရည်ကို ထုတ်သုံးတတ် ကြလေသည်။ (ChS 231.3) ChSBur 383.1

ဤသတင်းစကားကို ပြောဆိုကြရမည်။ သို့သော်လည်း ပြောနေ စဉ်အခါ၌ ကျွန်ုပ်တို့ရသလိုအလင်းမရကြသေးသောသူများကို တွန်းထိုးဖိခိုင်း ပြစ်တင်ဝေဖန်ခြင်းများ မလုပ်မိရလေအောင် သတိထားနေသင့်သည်။ ကျွန်ုပ် တို့သည် ကာသိုလစ်သင်းဝင်သူများအား ခပ်ပြင်းပြင်းထိုးဖေါက်ဝင်ရောက် နေသောလမ်းကြောင်းမှ ဖယ်ခွာထွက်မသွားသင့်ကြပါ။ ကာသိုလစ်သင်းဝင် သူများအထဲတွင် တာဝန်သိအမြင်ကြည်လင်သူခရစ်ယာန်အများကြီးရှိနေနိုင် ပါသည်။ ထိုသူများသည် သူတို့အပေါ်သို့ ဖြာဆင်းထွန်းလင်းပေးနေသော အလင်းရောင်နှင့်အတူ သွားလာနေကြသူများဖြစ်သောကြောင့် ဘုရားသခင် သည် သူတို့ကိုမစတော်မူခြင်းရှိပါလိမ့်မည်။ (ChS 231.4) ChSBur 384.1

သစ္စာမြဲမြံမှ ChSBur 384.2

ဘုရားသခင်အတွက် မှန်သောခရစ်ယာန်အမှုကိုဆောင်သူသည် စိတ်လိုက်မာန်ပါစိတ်ရူးထပြီး လုပ်ကိုင်နေသည်မဟုတ်ဘဲ အခြေခံမူဖြင့် လုပ်ဆောင်ကြ၏။ တစ်ရက်၊ တစ်လလောက်အချိန်အတွက် ကန့်သတ်လုပ်ကိုင် နေကြသည်မဟုတ်ဘဲ တစ်သက်တာလုံးလုပ်ကိုင်နေကြသည်။ (ChS 232.1) ကယ်တင်သောအရှင်သည် မဆုတ်မနစ်လုပ်ဆောင်နေသူဖြစ်ပါသည်။ ကိုယ်တော်သည် အမှုတော်ကိုနာရီပိုင်းနှင့် ကန့်သတ်တော်မူသည်မဟုတ်။ ကိုယ်တော်၏အချိန်၊ ကိုယ်တော်၏နှလုံးသား၊ ကိုယ်တော်၏စွမ်းအား အားလုံး ကို လူသားအကျိုးအတွက် ထမ်းရွက်ဆက်ကပ်ခဲ့သည်။ နေ့စဉ်နှင့်အမျှ တစ်နေ့တာလုံးအမှုတော်၌ စိတ်တမ်းထား၍ ညစဉ်၌လည်း တစ်ညတာလုံး၌ ဆုတောင်းခြင်းကို အချိန်ယူထားသောကိုယ်တော်သည် စဉ်းလဲ၍ ဉာဏ်များ သောရန်သူ၏လှည့်စားလုပ်ဆောင်ခြင်းကို ထိန်းချုပ်ထားနိုင်သကဲ့သို့ လူသား မျိုးနွယ်ကို မြှောက်တင်ပေးခြင်းနှင့်အတူ နဂိုမူလလူသားအဖြစ် ပြန်ရောက် လာစေရေးအမှုတော်အတွက်လည်း အခိုင်အမာထောက်မပေးတော်မူခဲ့သည်။ ထာဝရဘုရားကိုချစ်သောသူတို့သည် မိမိ၏အလုပ်ကို တစ်နေ့ရှစ်နာရီနှင့် မတိုင်းထွာမကန့်သတ်ထားပါ။ နှစ်ဆယ့်လေးနာရီလုံးလုံး မိမိ၌တာဝန်ရှိ သည်ဟု မှတ်ယူပါသည်။ အခွင့်အရေးရသမျှ၌ ကောင်းမှုကိုလုပ်၏။ နေရာ အနှံ့၊ အချိန်တိုင်း၊ နေရာတိုင်းမှာ ထာဝရဘုရားအတွက် အခွင့်အရေးရှာပြီး အလုပ်လုပ်ပါသည်။ နေရာတိုင်းမှာ ထာဝရဘုရားအတွက် အခွင့်အရေးရှာပြီး အလုပ်လုပ်ပါသည်။ သူသွားလေသမျှနေရာတိုင်းမှာ မွှေးရနံ့သင်းစေပါသည်။ (ChS 232.2) ChSBur 384.3

သတိလက်လွတ်မိမိထင်ရာပြုသူသည် ထာဝရဘုရားကို အမျက်တော် ဖွင့်စေရာရောက်၏။ ၎င်းအပြင် မိမိ၏လုပ်ဖော်ကိုင်ဖက်များကိုလည်း အင်အားလျော့ပါးစေသည်။ ထိုသူ၏အကျင့်စရိုက်သည်လည်း အလွယ်တကူ ဖယ်ရှားမရနိုင်သောအညစ်အစွန်းဖြစ်ရသည်။ မိမိ၏ ရှေ့ရေးအသုံးတော်ခံခြင်း ၌လည်း ကြီးမားသောဆူးငြောင့်ခလုတ်ဖြစ်စေပါသည်။ (ChS 232.3) ChSBur 385.1

“ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့” ဟု ယေရှုမိန့်တော်မူခဲ့သည်။ ထမ်းပိုးသည် အမှုတော်ဆောင်ခြင်း၏တန်ဆာပလာတစ်ခုဖြစ်သည်။ နွားကို အလုပ်လုပ်စေရန် ထမ်းပိုးတင်ကြသည်။ ထမ်းပိုးသည် သူတို့ထိရောက်စွာ လုပ်ဆောင်နိုင်စေဖို့ လိုအပ်ချက်ဖြစ်၏။ ဤသရုပ်ဖော်ချက်အရ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့အသက်ရှင်နေထိုင်သည့်ကာလတစ်လျှောက်လုံး၌ အမှုတော် ကိုထမ်းဆောင်ရန် ခေါ်ယူခြင်းခံကြရမည်ဟု ခရစ်တော်သွန်သင်ပေးနေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ထမ်းပိုးကို ကျွန်ုပ်တို့အပေါ်၌တင်၍ ထမ်းကြလျှင် ကိုယ်တော်နှင့်အတူ လုပ်ဆောင်ကြသူများဖြစ်လာနိုင်ကြသည်။ (ChS 232.4) ChSBur 385.2