Go to full page →

ရိုးရှင်းမှ ChSBur 387

ခရစ်တော်သည် တပည့်တော်များကို မိန့်တော်မူသောအခါ ငါ့နာမ ဖြင့် သင်တို့သွား၍ ယုံကြည်သောသူများကို အသင်းတော်၌ စုစည်းထားပါ ဟူ၍ဖြစ်သည်။ ကိုယ်တော်သည် ရိုးရိုးရှင်းရှင်းရှိသည့်လိုအပ်ချက်ကို သူတို့ အရှေ့မှာ လွယ်လွယ်ချခင်းပေးခဲ့သည်။ ဝင့်ဝါခြင်းနှင့်ပြစားခြင်းမျိုးကိုလျှော့ပေါ့ စေ၍ သူတို့လုပ်သည့်ကောင်းကွက်၌ သူတို့သြဇာလွှမ်းမိုးခြင်းကို ကြီးမား စေလိုသည်။ တပည့်တော်များသည် ခရစ်တော်ပြောသည့်အတိုင်း ရိုးရှင်းမှ ရှိသည့်နည်းတူ ပြောဆိုလုပ်ဆောင်သင့်ကြ၏။ (ChS 233.3) ChSBur 387.1

ရိုးရိုးလေးနှင့်နှိမ့်ချမှုအရှိဆုံးလမ်းထဲသို့ လူထောင်ပေါင်းများစွာ ရောက်လာနိုင်သည်။ ဤကမ္ဘာပေါ်ရှိ အထုံပါရမီအရှိဆုံးဟူ၍ အသိအမှတ် ပြုခြင်းခံရသောလူယောက်ျား၊ လူမိန်းမဉာဏ်ကြီးရှင်များသည် ဘုရားကိုချစ် သောသူတစ်ဦးဦး၏ရိုးသားသောပြောစကားအားဖြင့် မကြာခဏသူတို့၌ အားသစ် ဖြစ်စေခဲ့သည်။ ထိုသူသည် လောကသားတို့ပြောဆိုနေကျစကားများအထဲ တွင် မေတ္တာနှင့်သူပြောလိုက်သည့်အခါ သူ့ကိုလေးလေးစားစားနှင့် စိတ်ပါ ဝင်တစားရှိလာစေသည်။ ကောင်းစွာပြင်ဆင်၍ လေ့ကျင့်ထားပြီး ပြောဆို သောစကားများသည် မကြာခဏသြဇာသက်ရောက်မှုနည်းနေတတ်သည်။ သို့သော် ဘုရားသားသမီးတစ်ယောက်၏မှန်မှန်ကန်ကန်နှင့် ရိုးသားစွာခံစား ထုတ်ဖော်၍ သဘာဝအတိုင်း ရိုးရိုးရှင်းရှင်းပြောဆိုမှုသည် ခရစ်တော်အကြောင်း နှင့်မေတ္တာတော်ကိုမကြားလို၍ ကြာမြင့်စွာပိတ်ထားခဲ့သည့် နှလုံးသားတံခါးများ ကို ဖွင့်ပေးနိုင်သောတန်ခိုးရှိလေ၏။ (ChS 233.4) ChSBur 387.2