ဘုရားသခင်သည် ကိုယ်တော်၏အမှုတော်၌ သေရေးရှင်ရေးကာလ အတွင်း ဥပေက္ခာပြုခြင်း၊ သစ္စာမရှိခြင်းကို ရွံရှာတော်မူ၏။ စကြဝဠာလောက တစ်ခွင်လုံးသည် ပြောမပြတတ်အောင်ဖြစ်သောစိတ်ဝင်စားမှုဖြင့် အကောင်း နှင့်အဆိုးအကြား ပဋိပက္ခထိပ်တိုက်ဖြစ်မှုကြီးကို စောင့်ကြည့်နေပါ၏။ ဘုရား သခင်၏လူများသည် ထာဝရကမ္ဘာ၏နယ်နိမိတ်သို့ ရောက်လုနီးနေကြပြီ။ သူတို့၌ကောင်းကင်ဘုံရှင်ဘုရားသခင်ကို သစ္စာခံခြင်းထက် ပိုအရေးပါသော အရာဘာရှိနိုင်သလဲ။ ခေတ်ကာလတစ်လျှောက်လုံး၌ ဘုရားသခင်သည် အကျင့် သူရဲကောင်းများကို စုမိခဲ့ပြီး ယခုလည်း စုမိထားခဲ့ပြီ။ ယောဟန်ကဲ့သို့၊ ဧလိယကဲ့သို့၊ ဒံယေလကဲ့သို့နည်းတူဖြစ်လာသူများသည် ကိုယ်တော်၏တစ်မူ ထူးခြားသူများအဖြစ် သူတို့ကိုယ်သူတို့ သိမှတ်ခံယူကြရန် ရှက်ကြောက်ရမည် မဟုတ်။ ဘုရားသခင်၏ အထူးကောင်းချီးမင်္ဂလာသည် လှုပ်ရှားလုပ်ဆောင် သူများအပေါ်၌ လိုက်ပါနေ၏။ ထိုသူများသည် တာဝန်မျဉ်းကြောင်းလမ်းမှ သွေဖည်မသွားသူများဖြစ်၍ ဘုရားသခင်ဆိုင်ရာစွမ်းအင်တော်၏အမေးကို ခံယူ ၏။ “ဘုရားသခင်ဘက်၌ အဘယ်သူရှိသနည်း။” ထိုသူများသည်လည်း အမေးခံခြင်းသက်သက်နှင့် သူတို့ရပ်နေကြမည်မဟုတ်။ သူတို့ကိုယ်သူတို့ ဘုရားသခင်၏လူများဟူ၍ ခွဲခြားသိမှတ်ခံယူပြီးသောသူများသည် ရှေ့သို့ တက်၍ ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်ဖြစ်တော်မူသော ပုဂ္ဂိုလ်၌ သစ္စာခံခြင်းကို အမှားမရှိဖွင့်ပြကြလိမ့်မည်။ ယင်းသို့သောလူများ သည် သူတို့၏ဆန္ဒနှင့်အကြံအစည်များကို ပညတ်တော်နှင့်အညီ ပြုစုကြမည်။ ဘုရားသခင်ကို ချစ်ကြသည်ဖြစ်၍ သူတို့အသက်များကို သူတို့အတွက် အမြတ်တနိုးတန်ဖိုးထားကြလိမ့်မည်မဟုတ်။ သူတို့၏အလုပ်သည် ဘုရား နှုတ်ကပတ်တော်မှ အလင်းကိုဖမ်းယူရန်ဖြစ်သည်။ ထိုအလင်းကို လောကသို့ ရှင်းလင်းစွာနှင့်ရောင်ခြည်ဖြာလျက် တောက်ပစွာထွန်းညှိပေးရန်ဖြစ်၏။ ဘုရား ကိုချစ်ခြင်းသည် သူတို့၏ဆောင်ပုဒ်ဖြစ်သည်။ (ChS 236.6) ChSBur 393.1