သိုးထိန်းသည် သိုးအုပ်အထဲ၌ သိုးတစ်ကောင်ပျောက်ဆုံးနေသည် ကို သိလိုက်သော်လည်း သိုးခြံထဲမှလုံခြုံစွာရောက်နှင့်ပြီးသောသိုးအုပ်ကိုကြည့် ၍ အလေးမထားစကားဆိုမည်။ “ကိုးဆယ်ကိုးကောင်ရောက်ပြီ၊ နောက်ကျန် နေတဲ့သိုးတစ်ကောင်ကိုလိုက်ရှာဖို့ ငါပင်ပန်းမယ်။ သူပြန်လာပါစေ။ သိုးခြံ တံခါးကိုငါဖွင့်ထားပေးမယ်။ သူပြန်ရောက်လာရင် ဝင်လာပါစေ။ ဒီလိုမပြော သင့်။ သိုးအုပ်ထဲက သိုးတွေပျောက်နေပြီဆိုသည်နှင့် သိုးထိန်းသည် ဝမ်းနည်း ပြီး စိတ်ပူပန်တတ်ပါ၏။ သူပျင်းရိနေမည်မဟုတ်။ သိုးထိန်းသည် ကိုးဆယ့် ကိုးကောင်ကို သိုးခြံအထဲလှောင်ထားခဲ့ပြီး ပျောက်သောသိုးကိုလိုက်ရှာဖို့ ထွက်သွားမည်ဖြစ်သည်။ အမှောင်ရောက်ပြီး ညဘက်မိုးသက်မုန်တိုင်းကျလာ ချိန်၊ လမ်းကလည်းပို၍ဘေးသင့်ခြင်းဖြစ်လာနေစဉ် သိုးထိန်း၏ပူပန်မှုသည် လည်း ပိုကြီးမားလာခဲ့သည်။ ပျောက်သောသိုးကိုလည်း သဲကြီးမဲကြီးပို၍ပို၍ သူရှာဖွေလေတော့၏။ သိုးထိန်းသည် ပျောက်သောသိုးတစ်ကောင်ကိုတွေ့ ရန် ကြိုးပမ်းမှုတိုင်းကိုပြုလုပ်၏။ (ChS 245.3) ChSBur 408.1
သိုးထိန်းသည် ခပ်လှမ်းလှမ်းက အားပျော့ပျော့အော်သံကို ပထမ ကြားလိုက်လျှင် စိတ်သက်သာခြင်းရလိုက်၏။ အသံကြားရာနောက်သို့လိုက်၍ မတ်စောက်သောအမြင့်ကို သူတွယ်တက်၏။ ချောက်ကမ်းပါးအစွန်းတိုင်းကို သူအရောက်သွားကြည့်ခဲ့သည်။ သူ့အသက်ကို သူစွန့်စားလုပ်ဆောင်ရသည်။ သူကြိုးစားရှာစဉ် သိုးအော်သံသည် ပို၍သိမ်ဝင်လာနေသည်ကိုကြား၍ ထိုသိုးကလေးသည် သေလုနီးဖြစ်နေသည်ကို သူသိနေသည်။ သူကြိုးစား ခြင်းသည် ထိုက်တန်ပါသည်။ ပျောက်သောသိုးကိုတွေ့ပြီ။ ထိုအခါ ထိုသိုး ကိုသူမအော်မငေါက်ပါ။ အကြောင်းမှာ သိုးကိုများစွာအန္တရာယ်မပေးလို၍ ဖြစ်၏။ သိုးကိုကြိမ်တို့၍ မောင်းထုတ်မည်လည်းမဟုတ်။ အိမ်ပြန်ဖို့သိုးကို လမ်းပေါ်တင်ပြီး မောင်းသွားမည်လည်းမဟုတ်။ သိုးထိန်းသည် ဝမ်းသာ လွန်းသောကြောင့် တုန်တုန်ယင်ယင်ဖြစ်နေသောသိုးငယ်ကို သူ့ပခုံးပေါ်တင် ထမ်းမည်။ သိုးငယ်သည် ကုတ်ခြစ်ဒဏ်ရာအနာများဖြစ်နေသည်ကိုမြင်လျှင် လက်မောင်းနှင့်ချီပွေ့၍ သူ့ရင်ခွင်အထဲ သွင်းပိုက်ဖိထားလိုက်ခြင်းအားဖြင့် သူ့နှလုံးသားအပူငွေ့သည် သိုးကလေးကို အသက်ဆက်စေလိမ့်မည်။ သူရှာဖွေ တွေ့ရှိလိုက်သည်မှာ အလဟဿမဖြစ်သောကျေးဇူးခံစားခြင်းဖြင့် ထိုပျောက် သောသိုးကို သိုးခြံထဲသို့ ပြန်ထည့်သွင်းပို့ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ (ChS 245.4) ChSBur 408.2