ဘုရားသားသမီးတိုင်းသည် သူ၏စားခြင်း၊ ဝတ်ခြင်းနှင့်လုပ်ကိုင် ခြင်းအရပ်ရပ်တို့၌ ဆင်ခြင်လုပ်ကိုင်ရန် လိုအပ်ချက်နှင့်အညီ လူလေးစားခံ ရပြီး ထိုသို့ဖြင့် သူသည် ဘုရားသခင်၏အမှုတော်ကို အကောင်းဆုံးလုပ် ဆောင်နိုင်ပေလိမ့်မည်။ အမှုတော်ဆောင်တစ်ယောက်သည် အလုပ်၏ဖိစီး မှုနှင့်ဂရုစိုက်ခြင်းအောက်၌ ကိုယ်စိတ်နှစ်ပါးဝန်ပိလာခဲ့လျှင် သူသည် ဘေးဖယ် ၍ခေတ္တနားနေဖို့လိုအပ်သည်။ ဤသို့ပြုသည်မှာ ကိုယ်ကျိုးအတွက် အားရ ကျေနပ်စေရန်မဟုတ်ဘဲ အနာဂတ်တာဝန်ကို ကောင်းစွာပြင်ဆင်နိုင်ဖို့ဖြစ် သည်။ ကျွန်ုပ်တို့အပေါ် အားစိုက်လုပ်နေသောရန်သူရှိသည်။ ထိုရန်သူသည် ကျွန်ုပ်တို့၏လမ်းကြောင်းပေါ်၌ အမြဲရှိ၍ ကျွန်ုပ်တို့၏အားနည်းချက်ကို အခွင့် ကောင်းယူတတ်သည်။ ထိရောက်သောသွေးဆောင်ခြင်းဖြင့် စာတန်မာရ်နတ် အတွက် သူအလုပ်လုပ်နေသည်။ စိတ်သည် အားကုန်ခန်းညောင်းညာလာ မည်။ ရုပ်ခန္ဓာသည် တုန်ယင်လာမည်ဆိုလျှင် ရန်သူသည် ဤအခွင့်ကောင်း ကိုယူ၍ လူ၏စိတ်ဝိညာဉ်ကို ရက်စက်သောသွေးဆောင်ခြင်းဖြင့် ဖိချလေ ၏။ ဤသို့ဖြင့် ဘုရားသားသမီးများကျရှုံးကြရသည်။ ဘုရားသခင်အတွက် လုပ်ဆောင်နေသူများသည် ခွန်အားကိုဂရုတစိုက်ပြုစုရမည်။ သူ့အပေါ်သို့ အလုပ်တာဝန်ပိ၍ နွမ်းနယ်လာသောအခါ သူသည် ဘေးဖယ်၍ အနားယူ ခြင်းဖြင့် ယေရှုနှင့်အတူ ရှိနေရမည်။ (ChS 247.4) ChSBur 412.1
ကျွန်ုပ်တို့၏ရုပ်ခန္ဓာစွမ်းအင်များကို တလွဲအသုံးပြုခြင်းသည် ဘုရား ဘုန်းတော်ထင်ရှားစေရန် အသက်ရှင်နေထိုင်ရသောကျွန်ုပ်တို့၏အသက်တာ အချိန်ကို တိုစေသည်။ ဤသို့ဖြင့် ဘုရားပေးသောအလုပ်ကို ကျွန်ုပ်တို့ပြီးစီး အောင်လုပ်ရန်မဖြစ်နိုင်တော့ပါ။ မှားယွင်းသောလေ့ကျင့်မှုများကို ကိုယ်တိုင် ခွင့်ပြုလေ့ကျင့်နေခြင်းအားဖြင့်လည်းကောင်း၊ နောက်ကျအိပ်ရာဝင်ခြင်းအားဖြင့် လည်းကောင်း၊ ကျန်းမာရေးတန်ဖိုးနေရာ၌ အစားကျူးလျက် ကျေနပ်အားရ နေခြင်းအားဖြင့် သော်လည်းကောင်း၊ ကိုယ်ခန္ဓာတုန်တုန်ယင်ယင်ဖြစ်ဖို့အုတ်မြစ် ကိုကျွန်ုပ်တို့လုပ်နေကြခြင်းဖြစ်လိမ့်မည်။ ကိုယ်ကာယလေ့ကျင့်ခန်းကို ဘေးဖယ် ချထားလိုက်ပြီး ကိုယ် (သို့မဟုတ်) စိတ်ကို အပိုဝန်ပိအောင် လုပ်ကိုင်နေ လျှင်လည်း ကျွန်ုပ်တို့၏အာရုံကြောစနစ်ကို မညီမညွတ်ဖြစ်စေသည်။ သဘာဝ တရားကြီးကို အလေးမထားသဖြင့် အမှုဆောင်လုပ်ရန် မသင့်လျော်ဘဲ အသက် တိုတိုနှင့် ဤဘဝမှထွက်ခွာသွားကြသူများသည် ဘုရားသခင်ကို လုယက် သောအပြစ်ရှိကြသည်။ သူတို့သည် လုပ်ဖော်ကိုင်ဖက်များကိုလည်း လုယက် ကြသည်။ အခြားသူများအား ကောင်းချီးပေးရန် အခွင့်အရေးရှိပြီး သူတို့ကို လောကအထဲသို့ ဘုရားသခင်စေလွှတ်၍ ပြုစုရန် အမှုဆောင်ချက်များသည် သူတို့ကိုယ်တိုင်ပြုသောအမှုကြောင့် တိုတောင်းစွာဖြတ်တောက်ခံလိုက်ရသည်။ သူတို့ကိုယ်တိုင်သည်လည်း တိုတောင်းသောအသက်တာကာလအတွင်း သူတို့ အမှုကို သူတို့ပြီးစီးအောင် လုပ်ဖို့ပင်မသင့်မလျော်ဖြစ်ပါ၏။ ကျွန်ုပ်တို့၏နစ်နာ စေသောအကျင့်များသည် လောကကောင်းကျိုးကို ပိတ်ပင်ခြင်းဖြစ်လာသော အခါ ကျွန်ုပ်တို့၌ပြစ်ဒဏ်ကို ဘုရားသခင်စီရင်လိမ့်မည်။ (ChS 248.1) ChSBur 412.2
ကျွန်ုပ်တို့၏ဘုရားသခင်သည် သနားကြင်နာခြင်းအမြဲရှိပြီး ကရုဏာ မေတ္တာတော်အပြည့်ရှိ၏။ အလိုတော်အားလုံးနီးပါးသည်လည်း မျှတခြင်းရှိ ၏။ ကိုယ်တော်အလိုမရှိသည်မှာ ကျွန်ုပ်တို့၏ကျန်းမာရေးထိခိုက်သွားလောက် အောင် အရာရာနောက်ကို လိုက်ပါလုပ်ဆောင်နေခြင်း (သို့မဟုတ်) စိတ်ဓာတ် အင်အားတုန်ချည့်သွားလောက်အောင်ဖြစ်သွားခြင်းတို့ဖြစ်သည်။ ဖိအားတစ်ခု အောက်၌ ကျွန်ုပ်တို့လုပ်နေရသည်ကိုသော်လည်းကောင်း၊ အားကုန်သည့်တိုင် လုပ်ရန်အရုပ်ကြိုးပြတ်ကျခြင်းနှင့် အာရုံကြောနုံးချည့်ခွေယိုင်သွားခြင်းကို သော်လည်းကောင်း ကိုယ်တော်မဖြစ်စေလိုပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ အား ဆင်ခြင်တုံဉာဏ်ပေးထားသည်။ ကိုယ်တော်မျှော်လင့်သည်မှာ ကျွန်ုပ် တို့သည် ထိုဆင်ခြင်တုံဉာဏ်ကို လေ့ကျင့်ခြင်းဖြင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ် ထဲသို့ ထည့်သွင်းပေးထားသောအသက်ဆိုင်ရာ ပညတ်တော်တို့နှင့်လိုက်လျော ညီထွေပြုမူကာ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းနှင့်အတူ တည်ကြည် မျှတသောအဖွဲ့အစည်းတစ်ခုကို ရနိုင်ပါမည့်အကြောင်းဖြစ်၏။ တစ်ရက်ကုန်၍ တစ်ရက်ပြောင်းမည်။ တာဝန်ယူခြင်းနှင့်တာဝန်များလည်းနေ့စဉ်ရှိနေဦးမည်။ သို့သော် နက်ဖြန်နေ့၌ လုပ်ရမည့်အလုပ်များကို ယနေ့လုပ်ဖို့စုပုံမထားရပါ။ ဘုရားသခင်အမှုတော်ဆောင်အလုပ်သမားများသည် အလုပ်ကိစ္စများ၌ ဘယ်လို အမြတ်တနိုးရှိရမည်ကို သိသင့်၏။ သူတို့သည် နက်ဖြန်နေ့၏အလုပ်ကို ယနေ့သူတို့၏အမြော်အမြင်ရှိစွာလုပ်ကိုင်ခဲ့ခြင်းစွမ်းအားဖြင့် ပြင်ဆင်ထားရ ပါမည်။ (ChS 248.2) ChSBur 413.1