Go to full page →

အပ်နှင်းရန်ဘုရားသခင်အလိုတော်ရှိသည် ChSBur 419

ဘုရားသခင်သည် မိဘများက သူတို့သားသမီးတို့အား ကောင်းသော လက်ဆောင်ပစ္စည်းများပေးသည်ထက်ပိုပြီး ကိုယ်တော်ကိုအစေခံကြသူများ အား သန့်ရှင်းသောဝိညာဉ်တော်ကိုပေးရန် ပိုမိုလိုလားတော်မူ၏။ (ChS 251.2) ChSBur 419.1

အချိန်တိုင်းမှာ၊ နေရာတိုင်းမှာ၊ ဝမ်းနည်းခြင်းဖြစ်ရလေတိုင်း၊ ဝေဒနာ ခံစားလိုက်ရတိုင်း အမှောင်ထုထဲသို့ တိုးဝင်လိုက်ရသကဲ့သို့ စိတ်ရှုပ်စရာများကို အနာဂတ်ကာလ၌ ကြုံရလေသောအခါ ကျွန်ုပ်တို့၌ အကူအညီကင်းမဲ့၍ အထီးကျန်ခံစားလိုက်ရ၏။ ထိုအခါ၌ ယုံကြည်ခြင်းဖြင့် ဆုတောင်းသော သူထံသို့ သက်သာစေသောအရှင် ဝိညာဉ်တော်ဘုရားသခင်ရောက်လာကြောင်း အဖြေရလိမ့်မည်။ မြေကြီးမိတ်ဆွေများအားလုံးသည် ကျွန်ုပ်တို့ထံမှ ခွဲခွာသွား မည့်အခြေအနေရှိနိုင်သော်လည်း ကောင်းကင်ဘုံမှရောက်လာသောသက်သာ စေသောအရှင်ဥပဇ္ဈာယ်ဆရာသည် ကျွန်ုပ်တို့နှင့်ခွဲထွက်မည့်အခြေအနေမရှိ။ အကွာအဝေးမရှိ။ ကျွန်ုပ်တို့ဘယ်မှာရှိနေနေ၊ ဘယ်ကိုပဲသွားသွား၊ ကိုယ်တော် သည် ကျွန်ုပ်တို့၏ညာဘက်၌ အမြဲရှိ၍ အထောက်အပံ့ပေးနေမည်။ ထောက်မ ပေးနေမည်။ စောင့်ထိန်းပေးနေမည်။ ကောင်းချီးသြဘာပေးနေမည်ဖြစ်၏။ (ChS 251.3) ChSBur 419.2

စိတ်ထဲညည်းတွားရင်း၊ ညည်းတွားရင်းဖြင့် ဧဝံဂေလိရှေ့တော်ပြေး များသည် ဘုရားသခင်ရှေ့တော်မှောက်၌ ဒူးထောက်၍ ကိုယ်တော့်ထံ သူတို့ ၏အပ်နှံခြင်းကို အသစ်ပြန်လည်မြှုပ်နှံကြသည်။ ဘုရားသခင်သည် သူတို့ ကိုနိုးကြားသော၊ စင်ကြယ်သောတန်ခိုးနှင့်တကွ သန့်ရှင်းသောဝိညာဉ်တော် ကို အပ်ပေးတော်မူလိမ့်မည်။ သူတို့သည်လည်း နေ့စဉ်တာဝန်များကို ရှေ့ဆက် လုပ်ဆောင်လေတိုင်းမှာ မျက်မြင်မရအမှုဆောင်နေသောသန့်ရှင်းသောဝိညာဉ် တော်သည် သူတို့ကို “ဘုရားသခင်နှင့်အတူတကွလုပ်ဆောင်နေသူများ” ဖြစ် သည်ဟူ၍ အာမခံပေးတော်မူလိမ့်မည်။ (ChS 251.4) ChSBur 419.3

ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ကာလ၌ အသက်ရှင်နေထိုင်သူများဖြစ်ကြသည်။ ဤသို့ဖြင့် လူလူချင်းသနားကြင်နာ ခြင်းအမှုကို ပျံ့နှံ့စေရန် ရှာဖွေလုပ်ဆောင်နေကြသည်ဖြစ်၍ ဤလောကသို့ သြဇာလွှမ်းမိုးခြင်းတိုးစေပါသည်။ (ChS 251.5) ChSBur 420.1