Go to full page →

လက်ငင်းအကျိုး ChSBur 448

ပျော်ရွှင်ဝမ်းမြောက်ခြင်း။ ခရစ်တော်နည်းတူ သာသနာပြုခြင်း၌ သူတို့၏ဘဝများကို အပ်နှံကြသူများသည် စစ်မှန်သောဝမ်းမြောက်ခြင်း၏ အဓိပ္ပါယ်ကိုသိကြသည်။ သူတို့စိတ်ဝင်စားမှုနှင့်ဆုတောင်းခြင်းများသည် ကိုယ်ကျိုးကိုကျော်၍ ဝေးစွာရောက်၏။ အခြားသူများအား အကူအညီပေးရန် သူတို့ကြိုးစားသည်နှင့်အမျှ သူတို့ကိုယ်တိုင်ကြီးထွားလာခဲ့ကြသည်။ သူတို့သည် ကြီးမားသောစီမံကိန်းများနှင့်သော်လည်းကောင်း၊ အလှုံ့ဆော်ဆုံးသောလုပ်ငန်း ရပ်များနှင့်သော်လည်းကောင်း ရင်းနှီးလာကြစဉ် ဘုရားသခင့်အလင်းတော်နှင့် ကောင်းချီးမင်္ဂလာလမ်းမပေါ်၌ သူတို့ကိုယ်တိုင်နေရာယူလာကြသောအခါ အဘယ်ကဲ့သို့သူတို့ကြီးထွားလာနိုင်ကြပါသလဲ။ ထိုသူအယောက်တိုင်းသည် ကောင်းကင်ဘုံမှဉာဏ်ကို လက်ခံရခဲ့ကြ၏။ သူတို့သည် ခရစ်တော်နှင့်အတူ အကြံအစည်တော်ရပ်များအားလုံးကို ပို၍ပို၍ခွဲခြားသိမြင်လာခဲ့ကြသည်။ ဝိညာဉ်ရေးဇောက်ထိုးကျသွားမည့်အရေး တွေးမပူရတော့ပါ။ (ChS 269.1) ChSBur 448.1

ဤအမှုတော်မြတ်ထဲ၌ အောင်မြင်ခြင်းရသောအသင်းတော်သည် ဝမ်းမြောက်သောအသင်းတော်တစ်ပါးဖြစ်ပါသည်။ ထိုယောက်ျား၊ ထိုမိန်းမတို့ ၏စိတ်ဝိညာဉ်သည် အမှားလုပ်သူတို့ကို ကရုဏာမေတ္တာနှင့်ချစ်ခြင်း၌ နစ်လျက် ရှိ၍ ထိုသူများအား သိုးထိန်းကြီး၏ထိန်းသိမ်းမှုအောက်သို့ရောက်စေရန် ပို့ပေး နေသောသူတို့သည် မင်္ဂလာရှိသောအမှုတော်၌ ပါဝင်သူများဖြစ်ကြသည်။ အိုအဘယ်မျှရွှေဘဝင်ခိုက်စေလိုက်ပါသလဲ။ အပြစ်သားတစ်ယောက်ကို ပြန်လည်သိမ်းဆည်းရမိလိုက်သောအခါ ကိုးဆယ့်ကိုးယောက်သောအခြား လူတွေအပေါ်မှာထက် ကောင်းကင်ဘုံ၌ ဝမ်းမြောက်ခြင်းပိုရလေပြီ။ (ChS 269.2) ChSBur 448.2

ဘုရားသခင်အလိုတော်သို့ အပ်နှံပြီးသူတစ်ယောက်သည် ငြီးငွေ့ဖွယ် တကုပ်ကုပ်လုပ်ရသောအလုပ်ဟူ၍ ဘာတစ်ခုမျှမရှိတော့ပါ။ “ဘုရားသခင် အတွက် လုပ်ဆောင်ပါ” ဆိုသည့်အမြင်တစ်ခုသည် သူ့ကိုဘုရားသခင် ပေးသောအလုပ် ဘာအလုပ်မဆိုလုပ်နေရခြင်း၌ နှစ်လိုဖွယ်အရာတစ်ခုကို ရလိုက်ခြင်းဖြစ်၏။ (ChS 269.3) ChSBur 449.1

ခရစ်ယာန်ဝန်ဆောင်များသည် ကောင်းကင်မှပေးလာသောသူ့အလုပ် ထဲ၌ ငြီးငွေ့ဖွယ်တကုပ်ကုပ်လုပ်ရသည့်အလုပ်မရှိဟု သိထားကြသည်။ သူသည် အပြစ်၏ကျေးကျွန်အဖြစ်မှ လွတ်မြောက်သွားသောဝိညာဉ်များစွာကို မြင်ရ၍ သခင်ဘုရားနှင့်အတူ ဝမ်းမြောက်ခြင်းသို့ ဝင်စားနိုင်သူဖြစ်၏။ ဤဝမ်းမြောက် ခြင်းသည် မိမိကိုယ်ကိုမိမိငြင်းပယ်ခြင်းပြုသည့်အခါတိုင်း၌ လုပ်ရကျိုးနပ်စေ ပါသည်။ (ChS269.4) ChSBur 449.2

အလုပ်ကြမ်းလုပ်သူတစ်ယောက်ဖြစ်လာခြင်းနှင့် မိမိကိုယ်ကိုမိမိ ငြင်းပယ်၍ လုပ်ဆောင်သူအဖြစ် အခေါ်ခံရသူတို့၏ကောင်းသောအမှုပြုခြင်း၌ စိတ်ရှည်မှုဆက်ဆက်ရှိခြင်းသည် ကောင်းကင်ဘုံမှ အပြုံးပေးသောဂုဏ်ဝင့် ဖွယ်အလုပ်ဖြစ်သည်။ (ChS 269.5) ChSBur 449.3

သိသိသာသာမျှော်လင့်ခြင်းမဲ့၍ စာတန်တန်ဖိုးထားရန် အလား အလာမရှိသူများကို ခရစ်တော်သည် လက်ခံရန် ဝမ်းမြောက်ကျေနပ်သူဖြစ် သည်။ ကိုယ်တော်သည် ထိုသူတို့မှတစ်ဆင့် အလုပ်လုပ်ရန် သူတို့ကိုကျေးဇူး တော်လွှမ်းမိုးခြင်းအောက်သို့ရောက်စေတော်မူ၏။ ကိုယ်တော်သည် သူ၏ သားသမီးများကို အမှုတော်မြတ်ပြီးစီးစေခြင်း၌ ကိုယ်စားလှယ်တော်များဖြစ် စေသည်။ အောင်မြင်ခြင်း၌ သူတို့သည် ဤဘဝ၌ပင်လျှင် အဖိုးတန်အကျိုး များရကြ၏။ (ChS 269.6) ChSBur 449.4

ကောင်းချီးမင်္ဂလာ။ ခရစ်တော်အတွက် ကြိုးပမ်းဆောင်ရွက်မှုတိုင်းသည် ကျွန်ုပ်တို့အပေါ်၌ ကောင်းချီးမင်္ဂလာအဖြစ် တုံ့ပြန်ရောက်လာလိမ့်မည်။ (ChS 270.1) ChSBur 449.5

လုပ်ဆောင်ပြီးသောတာဝန်တိုင်းနှင့် ယေရှုနာမ၌ အနစ်နာခံပြုစုသော အမှုတိုင်းသည် အလွန့်အလွန်အကျိုးကြီးမားစွာယူလာပေးပါသည်။ တာဝန် ယူပြုစုသောအမှုတိုင်း၌လည်း ဘုရားသခင်စကားပြော၍ ကောင်းချီးပေးပါ ၏။ (ChS 270.2) ChSBur 450.1

ကျွန်ုပ်တို့သည် ကယ်တင်ရှင်ဆီသို့ ဝိညာဉ်များအရောက်ပို့ပေးရန် ဤလောကထဲ၌ အသက်ရှင်နေကြရ၏။ အခြားသူများကို ကျွန်ုပ်တို့နာကျင် စေလျှင် ကျွန်ုပ်တို့ကိုယ်တိုင်လည်း နာကျင်ရပါသည်။ အခြားသူများအား ကျွန်ုပ်တို့ကောင်းချီးပေးလျှင် ကျွန်ုပ်တို့ကိုယ်တိုင်လည်း ကောင်းချီးခံစားရပါ သည်။ အကြောင်းမှာ ကောင်းသောအကျင့်၏သြဇာသက်ရောက်မှုတိုင်းသည် ကျွန်ုပ်တို့၏နှလုံးသားအပေါ်ဝယ် ရောင်ပြန်ဟပ်နေပါသည်။ (ChS 270.3) ChSBur 450.2

အခြားသူများအပေါ်သို့ အလင်း၏ရောင်ခြည်ဖြန့်ချလေတိုင်း ကျွန်ုပ် တို့၏နှလုံးသားအပေါ်သို့ ရောင်ပြန်ဟပ်ရောက်လာပါလိမ့်မည်။ ဝမ်းနည်း ပက်လက်ခံစားနေရသူကို အကြင်နာမေတ္တာစကားပြောလေတိုင်း၌လည်းကောင်း၊ ဖိနှိပ်ခံရသူကို သက်သာစေသောအမှုတိုင်းနှင့် ကျွန်ုပ်တို့၏ အပေါင်းအသင်း များ၏လိုအင်ကို ဖြည့်ဆည်းပေးသောလက်ဆောင်ပစ္စည်းတိုင်း၌လည်းကောင်း၊ ဘုရားသခင်၏ဘုန်းတော်မျက်မှောက်၌ ပေးသည်၊ ပြုသည်ဖြစ်၍ ပေးကမ်း သူများကိုကောင်းချီးအကျိုးရစေလိမ့်မည်။ ဤသို့ဖြင့် ကောင်းကင်ပညတ် တော်တစ်ချက်ကို လိုက်နာရန် လုပ်ဆောင်သောသူသည် ဘုရားသခင်၏ သက်သေကို လက်ခံရရှိလိမ့်မည်။ (ChS 270.4) ChSBur 450.3

ခရစ်တော်ကြွရောက်လာသောအခါ၌ နောက်ဆုံးဆုကြီး ပေးကမ်းစဉ်တွင် ဘုရားသခင်အတွက် မှန်သောနှလုံးသားဖြင့် လုပ်ဆောင်သူသည် ဤဘဝအသက်ရှင်စဉ်၌ပင်လျှင် အကျိုးကို ရ လိမ့်မည်။ အတားအဆီးများ၊ ဆန့်ကျင်ရင်ဆိုင်ရမှုများနှင့်ခါးသီးမုန်းတီးခြင်း၊ အသည်းကွဲရခြင်း၊ စိတ်ပျက်အားလျှော့ရခြင်းများကို လုပ်ဆောင်သူများ ကြုံကြရပါလိမ့်မည်။ သူကြိုးစားလုပ်ခဲ့သောအကျိုးကျေးဇူးကို သူမမြင်ရ နိုင်ပါ။ သို့သော် ထိုမျက်နှာစာအားလုံးထဲရှိ သူလုပ်ဆောင်ခဲ့သည်များ၌ ကောင်းချီးဆုလာဘ်ကိုသူတွေ့ ရမည်။ လူသားချင်းစာနာမှုအတွက် ကိုယ်ကျိုး ကင်းစွာလုပ်ဆောင်လျက် ဘုရားသခင့်ထံ သူတို့ကိုယ်သူတို့ အပ်နှံကြသူ အားလုံးသည် ဘုရားသခင်ဘုန်းတော်နှင့်အတူ ဝင်စားလုပ်ဆောင်သူများ ဖြစ်ကြ၏။ ဤအမြင်သည် အလုပ်ကြမ်းအားလုံးကို ချိုမြိန်စေ၏။ ဆန္ဒများကို စောင့်ထိန်းထား၏။ ပြိုလဲမည့်အခါတိုင်း စိတ်တင်းလျက် သတ္တိမွေးနိုင်ပါသည်။ (ChS 270.5) ChSBur 450.4

ကျန်းမာရေး။ ကောင်းစွာပြုခြင်းသည် ရောဂါကိုထက်မြက်စွာကုစားခြင်း တစ်ရပ်ဖြစ်၏။ အမှုတော်ထဲ၌ ပါဝင်နေကြသူများသည် ဘုရားသခင်ခေါ်ယူ ဖိတ်ကြားခြင်းခံရသူဖြစ်သည်။ သူတို့ကိုအဖြေပေးရန် ဘုရားသခင်ကိုယ်တော် တိုင်ကတိထားတော်မူ၏။ သူတို့၏စိတ်ဝိညာဉ်များသည် ခေါင်းပါးသော ကာလ၌ပင် ကျေနပ်နေကြလိမ့်မည်။ သူတို့သည် ရေလောင်းသောဥယျာဉ် နှင့်တူလိမ့်မည်။ ရေငတ်သည်ဟူ၍မရှိရ။ (ChS 270.6) ChSBur 451.1

ဘုရားသခင်နှင့်အတူ၊ ခရစ်တော်နှင့်အတူ၊ သန့်ရှင်းသောကောင်းကင် တမန်များနှင့်အတူ မိတ်သဟာယပြုသူသည် ကောင်းကင်ဘုံသွင်ပြင်အခြေ အနေတစ်ခုနှင့်အတူ ဝန်းရံခံရ၏။ ယင်းသွင်ပြင်အခြေအနေသည် ခန္ဓာကိုယ် ကိုကျန်းမာစေ၏။ ဉာဏ်ကိုသွက်လက်စေ၏။ စိတ်ဝိညာဉ်ဝမ်းမြောက်ရ၏။ (ChS 271.1) ChSBur 451.2

အခြားသူများကို ကောင်းစားစေသောအမှုပြုခြင်း၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းသည် အာရုံကြောများကိုနှိုးဆွပေးသောစိတ်ခံစားမှုများ၌ ပီတိဖြာစေ သည်။ သွေးလေလည်ပတ်မှုသွက်လက်စေသည်။ စိတ်ကျန်းမာခြင်း၊ ကိုယ် ကျန်းမာခြင်းဖြစ်စေသည်။ (ChS 271.2) ChSBur 451.3

ခွန်အားစွမ်းပကား။ အားကြီးသောသူတစ်ယောက်ကို အလုပ်လုပ်ခွင့် ပိတ်ထားလိုက်လျှင် ထိုသူတုန်ယင်လာမည်။ အသင်းတော် (သို့မဟုတ်) လူတစ်စု သည် အခြားသူများအတွက် ဝန်ဆောင်နေခြင်းမှ သူတို့ကိုယ်သူတို့ ရပ်ပစ် လိုက်ခြင်း၊ သူတို့ကိုယ်တိုင်ကလည်း ပိတ်ပစ်ခြင်းရှိလျှင် မကြာမီဝိညာဉ်ရေးရာ ကတုန်ကယင်ခံစားလာကြလိမ့်မည်။ အလုပ်သည် အားရှိသူကိုဆက်လက် အားရှိနေစေဖို့ ထိန်းပေးခြင်းဖြစ်သည်။ ဝိညာဉ်ရေးဝန်ဆောင်မှု၊ အလုပ် ကြိုးစားမှုနှင့်ဝန်ကို တင်ထမ်းခြင်းအမှုများသည် ခရစ်တော်၏အသင်းတော်ကို စွမ်းပကားရှိစေလိမ့်မည်။ (ChS 271.3) ChSBur 451.4

ငြိမ်သက်ခြင်း။ အခြားသူများအတွက် လုပ်ဆောင်ရာ၌ ချိုမြိန်သော အားရကျေနပ်ခြင်းရရှိကြလိမ့်မည်။ ကိုယ်တွင်း၌ ငြိမ်သက်ခြင်းသည် လုံလောက်သောအကျိုးကိုဖြစ်စေသည်။ အခြားသူများအတွက် ကောင်းသော အမှုလုပ်ပေးရန် အထက်တန်းမြင့်မြတ်သောဆန္ဒနှိုးဆော်ခံရသူများသည် အသက် လမ်းတာဝန်များကို သစ္စာရှိစွာဆောင်ရွက်ခြင်း၌ စစ်မှန်သောဝမ်းမြောက် ပျော်ရွှင်ခြင်းကို တွေ့ရပါလိမ့်မည်။ ဤအရာသည် မြေကြီးပေါ်၌ရသော အကျိုးထက်ပို၍ရပါ၏။ အကြောင်းမှာ သစ္စာစောင့်ခြင်း၊ အတ္တကင်းလျက် တာဝန်ထမ်းဆောင်ခြင်းအကြိမ်တိုင်းသည် ကောင်းကင်တမန်များသိမှတ်၍ အသက်စာရင်းမှတ်တမ်းထဲ၌ ထွန်းလင်းနေမည်။ (ChS 271.4) ChSBur 452.1