အကယ်၍ ကျွန်ုပ်တို့၏ကယ်တင်သောအရှင်ကြွလာတော်မူမည်ကို စောင့်မျှော်ရသည်မှာ ကြာရှည်လွန်းသည်ဟုထင်မိလျှင် ဆိုပါစို့၊ ဒဏ်ရာ ဝေဒနာများနှင့် ခေါင်းငိုက်ကျလျက် အလုပ်ကြမ်းလုပ်ရလွန်းလို့ စုတ်ပြဲနေ ခဲ့ပါလျှင် ကျွန်ုပ်တို့သည် စိတ်မရှည်တော့ပြီ။ ကျွန်ုပ်တို့လုပ်ဆောင်နေသော မဟာအမှုတော်မျက်နှာစာကိုပိတ်၍ တိုက်ပွဲမှစွန့်ခွာပြီး ဂုဏ်ပြုမှတ်တမ်းလက်ခံ ယူလိုက်ကြမည်ဆိုလျှင် ကျွန်ုပ်တို့သတိတရမှတ်သားကြပါစို့။ ညည်းသံကြား ရလေတိုင်း သတိထားရမည်ကို စစ်ဆေးကြည့်ကြပါစို့။ အဘယ်ကြောင့်ဆို သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုမြေကြီးပေါ်၌ မုန်တိုင်းနှင့်အတူ လူသား ဒုက္ခများကို ရင်ဆိုင်ရကြဖို့ ထားရစ်ခဲ့သည်မှာ ကျွန်ုပ်တို့သည် ခရစ်တော်၏ စရိုက်လက္ခဏာနှင့်ပြည့်ဝစေရန် ... ကျွန်ုပ်တို့၏ခမည်းတော်ဘုရားသခင်နှင့် ညီအစ်ကိုတော်ကြီးခရစ်တော်ကို ပို၍ရင်းနှီးကျွမ်းဝင်လာစေရန် ဝိညာဉ်များစွာ ကို ခရစ်တော်ဆီသို့ အောင်မြင်စွာပို့ပေးခြင်းဖြင့် သခင့်အတွက် အမှုတော် ဆောင်နိုင်ကြရန်ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးသည် စကား သံတော်ကို ဝမ်းမြောက်ဝမ်းသာကြားရနိုင်ပါသည်။ “သာဓု-သစ္စာရှိသော ငယ်သားကောင်း၊ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားကြလော့။” (ChS 274.3) ChSBur 458.1
စိတ်ရှည်ခြင်းရှိကြပါ။ စိတ်ရှည်သည်းခံကြပါစို့၊ ခရစ်ယာန်စစ်သည် များတို့၊ အချိန်အနည်းငယ်အတွင်းမှာ လာမည်ဆိုသောကိုယ်တော်သည် ရောက်လာပါလိမ့်မည်။ ကျွန်ုပ်တို့ပင်ပန်းစွာစောင့်ဆိုင်းနေရသော၊ မျှော်လင့် နေရသော၊ စိတ်မသာညည်းတွားနေကြရသောညသည် ကုန်လုနီးပါပြီ။ မကြာမီ အကျိုးပေးခံရပေတော့မည်။ ထာဝရနေ့ရက်၏အရုဏ်တက်ချိန်ရောက်လာပါ လိမ့်မည်။ ယခုအခါအိပ်နေရမည့်အချိန်မဟုတ်တော့ပါ။ အသုံးမရသော ဝမ်းနည်းမှုများ၌ အလိုလိုက်ခံစားနေရန်လည်း မဟုတ်တော့ပါ။ ယခုအိပ်စက် ရေးကို ဦးစားပေးနေသူများသည် အလုပ်ကောင်းလုပ်နိုင်သည့်အဖိုးတန် အခွင့်အရေးကို ဆုံးရှုံးရကြလိမ့်မည်။ ကျွန်ုပ်တို့သည် ရိတ်သိမ်းချိန်ကြီး၌ ကောက်လှိုင်းများစုသိမ်းရန် ကောင်းချီးအခွင့်အရေးရတတ်ကြသည်။ ကယ်တင် ခြင်းခံရသောဝိညာဉ်အသီးတိုင်းသည် ကျွန်ုပ်တို့ချစ်သောရွေးနုတ်ကယ်တင်ရှင် သခင်ယေရှု၏သရဖူပေါ်၌ အပိုကြယ်တစ်လုံးစီဖြစ်လာလိမ့်မည်။ တိုက်ပွဲကို နည်းနည်းအချိန်ပိုယူထိုးထွက်တိုက်ခိုက်ပြီးမှသာ လက်နက်စုံကို ချွတ်မည် ဟူ၍ စိတ်အားထက်သန်နေသောသူသည် အောင်ပွဲအသစ်ကိုရလိမ့်မည်။ ထာဝရအဖို့ ဆုဖလားများကိုလည်း အသစ်စုဆောင်းမိကြလိမ့်မည်ဖြစ်သတည်း။ (ChS 275.1) ChSBur 459.1
-o-