Go to full page →

ပင်ပန်းကြီးစွာနှင့် ကိုယ်ကျိုးစွန့်လုပ်ဆောင်ခဲ့ကြသော ရှေ့ဆောင်လမ်းပြများ ChSBur 45

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လူငယ်လူရွယ်များကို ယုံကြည်စိတ်ချ ကြောင်း ပြသရမည်။ ဘုရားသခင်အတွက် အပြင်းထန်ဆုံးထိုးနှက်အမှုဆောင် ၍ ကိုယ်တော်ကိုရှာတွေ့ ခဲ့ကြသူများကို အားပေးခြင်း၊ ကောင်းချီးပေးခြင်းဖြင့် ခရစ်တော်၌ ဖျစ်ညှစ်အစေခံပြီးကြသူများသည် ဆွေးနွေးအကြံပေးဆရာကြီး များအဖြစ် ယုယမြတ်နိုးစွာအမှုဆောင်လျက်နေကြစဉ် လူငယ်များသည် သာသနာလုပ်ငန်းဟူသမျှတိုင်း၌ ကိုယ်ကျိုးစွန့်အနစ်နာခံဆက်ကပ်ဆောင်ရွက် သူ ရှေ့ဆောင်လမ်းပြများဖြစ်လာသင့်ကြပါသည်။ (ChS 32.2) ChSBur 45.1

လူငယ်လူရွယ်များကို အလိုတော်ရှိနေပါသည်။ ဘုရားသခင်သည် သာသနာပြုနယ်မြေအထဲသို့ သူတို့ကိုခေါ်ယူနေသည်။ အခြားသူများနှင့်နှိုင်းယှဉ် လျှင် သူတို့သည် စိုးရိမ်ပူပန်စရာတာဝန်များမရှိ၊ အားလပ်နေသူများဖြစ်သော ကြောင့် အိမ်ထောင်မိသားစုကြီးတစ်ခုကို သွန်သင်ထောက်ပံ့ပျိုးထောင်ပေး ဖို့တာဝန်ရှိသူများထက် ပို၍အမှုတော်အထဲပါဝင်ရန် အခြေအနေအသာစီးရ နေသည်။ ထို့ပြင် လူငယ်လူရွယ်များသည် အခြေအနေသစ်၊ လူ့အဖွဲ့အစည်း သစ်များနှင့် ပို၍လိုက်လျောညီချိန်ဆကာ နေထိုင်တတ်ကြပါသည်။ အဆင် မပြေမှုများနှင့် ခက်ခဲကြမ်းတမ်းမှုဒဏ်များကိုလည်း လူကြီးများထက် ပိုမို၍ ခံနိုင်ရည်ရှိကြပါသည်။ သူတို့၏အကင်းပါးမှုနှင့်လုံ့လဝီရိယရှိမှုများသည် သူတို့ရှိရာနေရာ၌ လူများစွာဆီသို့ သူတို့လက်လှမ်းရောက်နိုင်ကြပါသည်။ (ChS 32.3) ChSBur 45.2

အိမ်ထောင်မိသားစုအတွင်း၌ မှန်မှန်ကန်ကန်ပညာရေးမျိုးကို ရခဲ့ကြ သူလူငယ်များသည် အမှုဆောင်ရန်အတွက် သင်တန်းတက်ကာ နေရာသစ် တွေမှာ အစီအစဉ်ကောင်းကောင်းနှင့်သစ္စာရှိရှိလုပ်ဆောင်သွားခြင်းအားဖြင့် သမ္မာ တရားအဆင့်မြှင့်တင်ပေးကြရန် အားပေးခြင်းခံယူကြရမည်။ မြို့တော်သာသနာ လုပ်ငန်းထဲတွင်ရှိကြသော ကျွန်ုပ်တို့၏အသင်းတော်သင်းအုပ်ဆရာများနှင့်၊ ဝါရင့်ဓမ္မဝန်ဆောင်များနှင့် အပေါင်းအသင်းဖွဲ့ခြင်းအားဖြင့် အကောင်းဆုံး သင်တန်းအမျိုးအစားကို သူတို့ရရှိနိုင်ပါသည်။ သူတို့သည် ဘုရားသခင်၏ လမ်းညွှန်ချက်အောက်၌ လုပ်ဆောင်ခြင်းဖြင့်သော်လည်းကောင်း၊ ပိုမိုအတွေ့ အကြုံရှိကြသည့်သူတို့၏လုပ်ဖော်ကိုင်ဖက်ဓမ္မဝန်ဆောင်များ၏ဆုတောင်းခြင်း အထောက်အထားအကူယူခြင်းအားဖြင့်သော်လည်းကောင်း ထိုလူငယ်များသည် ကောင်းမြတ်၍ မင်္ဂလာရှိသောအလုပ်ကို လုပ်ဆောင်နိုင်ကြပါသည်။ သက်ကြီး သူဓမ္မဝန်ဆောင်များ၏အတွေ့အကြုံများနှင့် သူတို့၏လူငယ့်စွမ်းအားများကို အကောင်းဆုံးအသုံးချ၍ ပေါင်းစည်းလုပ်ဆောင်သွားကြပါသော်လည်း သူတို့ သည် ကောင်းကင်တမန်များနှင့် အပေါင်းအသင်းဝင်ဖြစ်ခြင်းကို ရလိမ့်မည်။ ဤကဲ့သို့ဘုရားသခင်နှင့်အတူ တွဲဖက်လုပ်ဆောင်ခြင်းဖြင့် သူတို့သည် ဂုဏ်တော် သီချင်းကျူးခြင်း၊ ဆုတောင်းခြင်းနှင့်ယုံကြည်ခြင်းတို့၌ အထူးအခွင့်အရေးခံစား ကြရသည်ဖြစ်၍ သတ္တိရှိရှိလွတ်လပ်စွာအမှုဆောင်ကြသည်။ ယင်းသို့ဖြင့် သူတို့နှင့်သူတို့လုပ်ဖော်ကိုင်ဖက်များကို ကောင်းကင်ဘုံသားတမန်များယူတင် ထင်ရှားစေခြင်းဖြင့် ယုံကြည်စိတ်ချရခြင်းသည် ဆုတောင်းခြင်း၊ ချီးမွမ်းခြင်း နှင့်သမ္မာတရားကို ရိုးရိုးယုံကြည်ခြင်းသို့ ဦးတည်စေလိမ့်မည်။ (ChS 32.4) ChSBur 46.1