Go to full page →

အမှုတော်ဆောင်ရန်ဖွဲ့စည်းခြင်း ChSBur 48

ပျိုရွယ်မောင်မယ်အပေါင်းတို့၊ သင်တို့သည် အသက်ဝိညာဉ်များစွာကို ပြိုလဲပျက်စီးနေခြင်းမှ ကယ်တင်ပေးရန် ခရစ်တော်၏စစ်သည်တော်များအဖြစ် အမှုတော်လုပ်ငန်း၌ စာရင်းသွင်းဝင်ခြင်းနှင့် သင်တို့၏လိမ္မာပါးနပ်မှု၊ ကျွမ်းကျင် မှုနှင့်ပင်ကိုယ်အရည်အသွေးရှိသမျှတို့ကို သခင့်အမှုတော်အထဲ တင်ဆက်ခြင်း တို့ဖြင့် အုပ်စုများဖွဲ့စည်း၍ မနေနိုင်ကြပြီလော။ သို့ဖြစ်၍ ဤအမှုတော် အတွက် အသင်းတော်တိုင်း၌ အုပ်စုများဖွဲ့စည်းကြပါစို့။ ယေရှုကိုအမှန်ချစ် ကြသောပျိုရွယ်မောင်မယ်များသည် သတ္တမနေ့ဥပုသ်ကို စောင့်သည်ဆိုသော သူတို့အတွက်သာမက ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်းမတူသူများအတွက်ပါ သိရှိ စေရန် မိမိတို့ကိုယ်တိုင်အမှုတော်ဆောင်များအဖြစ် ဖွဲ့စည်း၍မနေနိုင်ပြီလော။ (ChS 34.1) ChSBur 48.1

လူငယ်လူရွယ်နှင့်ကလေးသူငယ်များသည် ယေရှု၏နာမတော်၌ အမှုတော်ကိုထမ်းရွက်ကြပါစေ။ သူတို့ကိုစီမံချက်တချို့နှင့်လုပ်ဆောင်ချက် စနစ်တကျရှိမှုအပေါ်မှာ စည်းလုံးခြင်းရှိပါစေ။ သင်တို့သည် ဆုတောင်းရန် အချိန်သတ်မှတ်ခြင်း၊ သခင်ဘုရား၏ကျေးဇူးတော်ခံစားရဖို့ ဆုတောင်းယူခြင်း၊ စည်းလုံးညီညွတ်သောလုပ်ဆောင်မှုကိုဦးထိပ်တင်ထားခြင်းများဖြင့် အမှုတော် ဆောင်ဝိုင်းတစ်ခုကို သင်တို့ဖွဲ့စည်း၍မရနိုင်ပြီလော။ (ChS 34.2) ChSBur 49.1

-o-