Go to full page →

ကိုယ်ကျိုးအတ္တစိတ်ကြောင့် သဘောထားကျဉ်းမြောင်းရခြင်း ChSBur 60

ထာဝရဘုရားသခင်၏လူတို့၌ အဘယ်ကြောင့် ဝိညာဉ်ရေးခွန်အား မရှိကြဘဲ ယုံကြည်ခြင်းလည်း အားနည်းနေရခြင်း၏အကြောင်းရင်းကို ကျွန်ုပ် အား ဘုရားသခင်မြင်တွေ့ စေခဲ့သည်မှာ ထိုသူတို့သည် သူတို့၏ကိုယ်ကျိုး စိတ်ထားကြောင့် ကျဆင်းနေရခြင်းဖြစ်ပါသည်။ သင်တို့၏အကြိမ်ပေါင်း များစွာပြုလုပ်ကျင်းပနေသောအစည်းအဝေးကြီးများသည် ဘုရားသခင် လက်ခံခြင်းကို ရကြသည်မဟုတ်ပါ။ မရေတွက်နိုင်အောင်ဆုတောင်းချက် များစွာပြု၍လည်း မရပါ။ သို့သော် မှန်သောအရာများကို မှန်ကန်သော အချိန်၌ ဖြောင့်မှန်စွာလုပ်ဆောင်ရန်သာရှိပါသည်။ (ChS 40.3) ChSBur 60.1