Go to full page →

စိုက်ပျိုးသူမဟုတ်၊ စားသုံးသူများဖြစ်နေကြ၏ ChSBur 65

ခရစ်တော်နောက်လိုက်များဖြစ်သည်ဟု ဝန်ခံပြောဆိုနေကြသူများ သည် ကောင်းကင်ဘဝဂ်ထိပ်တွင် စမ်းသပ်စစ်ဆေးမှုကို ခံကြရ၏။ သို့သော် ဘုရားသခင်၏အမှုတော်ထဲတွင် သူတို့သည် စိတ်အင်အားအေးတိအေးစက် နိုင်ခြင်းနှင့်ကြိုးစားမှုနည်းပါးခြင်းတို့ကြောင့် သစ္စာမရှိသူများအဖြစ် မှတ်ယူခံ ကြရသည်။ သူတို့သည် မိမိတို့၏စွမ်းအားရှိသမျှနှင့်အကောင်းဆုံးဆောင်ရွက် နေကြပါလျှင် သူတို့အပေါ်သို့ ပြစ်ဒဏ်စီရင်ချက်ကျရောက်လာမည်မဟုတ်ပါ။ သို့သော် သူတို့သည် အလုပ်ထဲတွင် စိတ်ပါဝင်စားခြင်းရှိကြလျှင် များစွာ ပို၍အမှုဆောင်နိုင်ကြပါလိမ့်မည်။ သူတို့သည် မိမိကိုယ်ကိုငြင်းပယ်သောစိတ် နှင့်လက်ဝါးကပ်တိုင်ကိုထမ်းလိုသောစိတ်များစွာယုတ်လျော့နေကြကြောင်း သူတို့ ကိုယ်တိုင်သာမက လောကသားများလည်းသိကြသည်။ ကောင်းကင်စာရင်း စာအုပ်ထဲတွင် “စိုက်ပျိုးသူမဟုတ်၊ စားသုံးသူဖြစ်ကြသည်” ဟူ၍ လူများစွာ တို့၏အမည်များကို ကွဲပြားခြားနားစွာရေးသွင်းထားကြောင်း တွေ့ကြရလိမ့် မည်။ ခရစ်တော်၏နာမအမည်ခံဝန်ဆောင်နေကြသူများစွာသည် ဘုန်းတော် မထင်ရှားခြင်း၊ မျက်နှာကျက်သရေတော်ကို ဖုံးအုပ်ပစ်ခြင်းနှင့် ဂုဏ်တော် ဖွင့်ချီးမွမ်းခြင်းမပေးဘဲ ထားတတ်ကြသည်။ အသင်းတော်၏အသင်းဝင်စာရင်း စာအုပ်ထဲတွင် အမည်ပေါက်သူများစွာရှိသော်လည်း သူတို့သည် ခရစ်တော် ၏အုပ်စိုးမှုအောက်၌မရှိကြပါ။ သူတို့သည် ကိုယ်တော်၏လမ်းညွှန်မှုကို ဥပေက္ခာပြုလျက် ကိုယ်တော်၏အမှုတော်ကိုလည်း မဆောင်ရွက်ဘဲနေကြ၏။ ထို့ကြောင့် သူတို့သည် ရန်သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်နေကြရသည်။ သူတို့သည် ကောင်းမှုအမှန်ကို မပြုကြသောကြောင့် မတိုင်းတာနိုင်လောက် အောင် နစ်နာမှုများကိုသာ ပြုနေကြကုန်၏။ အကြောင်းမူကား၊ သူတို့၏ သြဇာလွှမ်းမိုးခြင်းသည် အသက်ရှင်ခြင်းသဘောကိုမဆောင်၊ သေခြင်းနိဂုံး သို့သာ ဆိုက်ရောက်ရပါတော့သည်။ (ChS 43.5) ChSBur 65.3