ဤနောက်ဆုံးသောနေ့ရက်ကာလများ၌ သမ္မာတရားကို ယုံကြည်ပါ သည်ဟု ပြောဆိုနေကြသောလူများသည် လိုချင်လောဘရှိကြောင်း တွေ့နေရ သည်။ သူတို့သည် လေးလွန်းသောဝန်ထုပ်ဝန်ပိုးများကို ငြင်းပယ်တတ်ကြ ၏။ သူတို့၏ပြောင်းလဲခြင်းသည်လည်း အပေါ်ယံမျှသာဖြစ်သည်။ လေးနက် မှု၊ ကြိုးစားမှု၊ စေ့စပ်သေချာမှုများမရှိကြပါ။ သူတို့ဘာကြောင့်သမ္မာတရားကို ယုံကြည်ခဲ့ရကြောင်း သူတို့မသိကြပါ။ အများက ယုံလို့သာ၊ လိုက်ယုံလိုက် ကြ၏။ သမ္မာတရားဆိုသည်ကို ပေးလို့သာယူလိုက်သည့်သဘောမျိုးနှင့်ယူခဲ့ ကြသည်။ သူတို့ဘာကြောင့် ယုံကြည်ခဲ့ရသည်ကို ဆင်ခြေဉာဏ်ထုတ်မပေး နိုင်ကြပါ။ သို့ဖြစ်၍ သူတို့ကြုံတွေ့ ရချက်အားဖြင့်သော်လည်းကောင်း၊ သူတို့ ရခဲ့သောအထူးအခွင့်အရေးနှင့် အမှုတော်ဆောင်ရခြင်း၏အသိတရားအား ဖြင့်သော်လည်းကောင်း အခြားသူများအား အလင်းထွန်းလင်းပေးခြင်း၊ တည်ဆောက်မှုရစေခြင်းမပြုလုပ်နိုင်ကြပါ။ ခွန်အားနှင့်တည်ငြိမ်ခြင်းသည် သစ္စာခံနှလုံးသားပိုင်ရှင်တို့နှင့်အတူရှိ၏။ (ChS45.4) ChSBur 69.2