Go to full page →

အသင်းတော်သာသနာဆိုင်ရာသင်ရိုးပညာရပ် ChSBur 93

လူများစွာသည် သူတို့မည်သို့အလုပ်စတင်လုပ်ရမည်ကို သွန်သင် ပေးခြင်းခံရပြီးလျှင် အမှုတော်ကို လုပ်ကိုင်လိုစိတ်ရှိကြပါသည်။ သူတို့ကို လမ်းပြပေးဖို့၊ အားပေးဖို့လိုသည်။ အသင်းတော်တိုင်းသည် ခရစ်ယာန်အမှု တော်ဆောင်များအတွက် သင်တန်းကျောင်းတစ်ကျောင်းဖြစ်သင့်၏။ အသင်းသူ/ အသင်းသားများသည် မည်သို့ကျမ်းစာဖတ်ရမည်ကိုလည်းကောင်း၊ ဥပုသ် စာဖြေသင်တန်းများကို မည်သို့လမ်းပြသင်ကြားပေးရမည်ကိုလည်းကောင်း၊ ဆင်းရဲသူများကို ကူညီခြင်းနှင့်ဖျားနာသူများကို စောင့်ရှောက်ခြင်းတို့၌ အကောင်း ဆုံးမည်သို့လုပ်ကြရမည်ကိုလည်းကောင်း၊ မပြောင်းလဲသေးသူများကို မည်သို့ ဝန်ဆောင်ပေးရမည်ကိုလည်းကောင်း သွန်သင်ခြင်းခံယူကြရမည်။ ကျန်းမာ ရေးသင်တန်းစခန်းများ၊ ချက်ပြုတ်နည်းသင်တန်းစခန်းများနှင့် အခြားခရစ် ယာန်အထောက်အကူပြုလုပ်ငန်းများအတွက် သင်တန်းကျောင်းများအမျိုးမျိုး ရှိပါသည်။ စာတွေ ့သာမဟုတ်ဘဲ အတွေ့ အကြုံရှိသောသင်တန်းဆရာ ့အ လက်အောက်၌ လက်တွေ့ လုပ်ဆောင်ကြရမည်။ သင်တန်းဆရာများသည် အသင်းသူ/အသင်းသားများနှင့် အခြားသူတို့ကို စည်းရုံးမှုရှိစေခြင်းဖြင့် လမ်းပြ ဦးဆောင်သွားပြီး လူတွေဆီက နမူနာများကိုလည်း လေ့လာရလိမ့်မည်။ နမူနာစံတစ်ရပ်သည် စည်းကမ်းများစွာထက် ပိုတန်ဖိုးရှိသည်။ (ChS 59.3) ChSBur 93.2