လူတစ်ယောက်ဖြူဖွေးသောပိတ်အုပ်တစ်အုပ်ကို ကျွန်ုပ်ထံသို့ယူလာ သည်ဟု ကျွန်ုပ်အိပ်မက်ရခဲ့၏။ ထို့နောက် ကိုယ်တိုင်းအမျိုးမျိုး၊ စရိုက် အကြိုက်အမျိုးမျိုး၊ ဘဝအခြေအနေအမျိုးမျိုးနှင့် လူအားလုံးအတွက် ဝတ်စုံ ချုပ်လုပ်ရန် ကျွန်ုပ်အား ပိတ်စဖြတ်ခိုင်းပါသည်။ ပိတ်စဖြတ်ပြီးလျှင် လူတွေ ကိုအသင့်ခေါ်ပေးနိုင်ရန် ကြိုးတန်းပေါ်မှာ ချိတ်တင်ထားဖို့ ကျွန်ုပ်အား ပြောပါသည်။ ကျွန်ုပ်စိတ်ထဲမှာ ကျွန်ုပ်ဖြတ်ပေးလိုက်ရမည့်ဝတ်စုံနှင့် မထိုက် သူများလှသည်ဟု ခံစားမိ၏။ ဤသို့ဖြင့် ကျွန်ုပ်ယခုညှပ်နေရသောပိတ်အုပ် အစသည် နောက်ဆုံးတစ်ခုပေလောဟု ကျွန်ုပ်မေးကြည့်ရာ မဟုတ်ကြောင်း ဖြေလာသည်။ ဤပိတ်အုပ်နောက်ဆုံးအစကို ကျွန်ုပ်ဖြတ်ပြီးသည်နှင့် အခြား °တအုပ်အစကို ကျွန်ုပ်ကိုင်မိနေရလေပြီ။ (ChS 63.1) ChSBur 99.2
ကျွန်ုပ်လုပ်နေခဲ့သောအလုပ်ရှေ့မှာ စိတ်ပျက်ခံစားမိသည်။ ကျွန်ုပ်သည် သူတစ်ပါးတို့အတွက် ပိတ်စညှပ်ပေးခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ ပြီဖြစ်သော်လည်း ကျွန်ုပ်၏အလုပ်ကို မည်သူ့ကမျှ တန်ဖိုးမထား။ ကျွန်ုပ် ပြီးစီးအောင်လုပ်ခဲ့သည့် အလုပ်များသည်လည်း သိပ်မကောင်းလှကြောင်းကို မြင်နေမိတော့သည်။ ထိုစဉ် ကျွန်ုပ်ထံသို့ အဝတ်စကိုင်ယူလာသောသူ၊ အထူး သဖြင့် အမျိုးသမီးတစ်ဦးသည် သူမအတွက် ဝတ်စုံချုပ်ပေးဖို့ ပြောထားလို့ ရောက်လာပါသည်။ ကျွန်ုပ်ပြောခဲ့ပြီးသည့်အတိုင်း သူမသည် ဝတ်စုံဆုမရထိုက် သူတစ်ယောက်၊ သူမအတွက် ချုပ်ပေးရမည်ဆိုလျှင်လည်း အချိန်ကုန်၊ ပစ္စည်း ကုန်ရုံဖြစ်မည့်အကြောင်းတည်း။ ပြီးတော့ သူမသည် ဆင်းရဲလွန်းသည်။ ဉာဏ်နိမ့်သည်။ အနေစရိုက်လည်း ညစ်ပေသောကြောင့် ဝတ်စုံသည် မကြာမီ စွန်းထင်းပျက်စီးဖို့သာရှိလေမည်။ ပိတ်အုပ်ပေးသောသူက ပြောလာသည်။ “ဝတ်ရုံကိုချုပ်သာချုပ်ပေးလိုက်ပါ။ ဒါမင်းရဲ့တာဝန်ပဲ။ မင်းရှုံးတာမဟုတ်။ ငါရှုံးရတာပါ။ ဘုရားသခင်သည် လူမြင်သကဲ့သို့မမြင်။ ကိုယ်တော်လုပ်မည့် အလုပ်ကို ကိုယ်တော်ချခင်းလုပ်နေတာဖြစ်တယ်။ ဟိုဟာ၊ ဒီဟာ၊ ဘယ်ဟာ အကျိုးရှိလာမည်ကို သင်မသိရနိုင်ပါ။ ဆင်းရဲမွဲတေသောသူများစွာသည် ကောင်းကင်နိုင်ငံထဲ ဝင်လာနိုင်ကြသည်။ ထိုစဉ်ဘဝ၌ ကောင်းချီးအလုံးစုံ ကြွယ်ဝပြည့်စုံလျက် တိုးတက်မှုအကျိုးအမြတ်အားလုံးကိုလည်း ခံစားလျက် ရှိနေကြသောအခြားသူများသည် ကျန်ရစ်နေကြရလိမ့်မည်။” (ChS 63.2) ChSBur 99.3
စစ်သားများသည် သူတို့၏ဝန်ထုပ်ကျောပိုးအိတ်များကို ကျောမှချ ခြင်း၊ ကိုယ်ပေါ်အမြန်ပြန်တင်ခြင်းအလုပ်ကို နာရီများစွာလေ့ကျင့်ကြရသည်။ သေနတ်များကို စုပုံထားတတ်ရန်နှင့် အမြန်ပြန်ယူတတ်ရန်လည်း သင်ယူ ကြရသည်။ ရန်သူကိုထိုးစစ်ဆင်တိုက်ခိုက်ရန် လေ့ကျင့်ရသလို၊ စစ်ဗျူဟာ အမျိုးမျိုးကိုလည်း သင်တန်းတက်ရောက်သင်ယူရသည်။ ဤသို့လေ့ကျင့်နေ ရသည်နှင့်အမျှ အရေးပေါ်အခြေအနေတစ်စုံတစ်ရာအတွက်လည်း ပြင်ဆင် နေထိုင်ကြရသည်။ ဤသို့ဧမာနွေလမင်းသားအတွက် တိုက်ပွဲဝင်နေရသူများ သည် ဝိညာဉ်စစ်ပွဲအတွက် ပြင်ဆင်ရာတွင် အင်တိုက်အားတိုက်အဆင်းရဲခံ ကြိုးစားမှုနည်းနေသင့်ပါသလား။ (ChS 63.3) ChSBur 100.1
-o-