Go to full page →

ကျောင်းပိတ်သောအခါ ChSBur 104

ကျောင်းပိတ်သောအခါ ကျောင်းသူ/ကျောင်းသားများသည် ဧဝံဂေလိ စည်းရုံးသူများအဖြစ် သာသနာနယ်မြေထဲသို့ သွားရောက်နိုင်ကြပါသည်။ သစ္စာရှိသောဓမ္မစာစောင်ရောင်းသူသည် ယနေ့အတွက် သမ္မာတရားအကြောင်း ရေးသားထားသောစာအုပ်စာစောင်များကို ဖတ်စရာအဖြစ် ပေးကမ်း၍ အိမ်များ စွာသို့ရောက်နိုင်သည့်လမ်းကို တွေ့မြင်ရ၏။ ကျွန်ုပ်တို့၏ ကျောင်းသားတို့ သည်လည်း ဘယ်လိုစာအုပ်ရောင်းချရမည်ကို လေ့လာသင့်ကြသည်။ ခရစ်ယာန် အတွေ့အကြုံရင့်ကျက်သူများ၊ စဉ်းစားချင့်ချိန်ဉာဏ်ရည်ရှိသူများ၊ ခွန်အား ကောင်းသူများ၊ ပညာတတ်သောသူများသည် ဤအမှုတော်ထဲသို့ ဝင်ရောက် လုပ်ကိုင်လာရန် လိုအပ်နေပါသည်။ အချို့သူများသည် ပင်ကိုယ်စွမ်းရည်၊ ပညာရေးနှင့် အတွေ့အကြုံများရှိကြသောကြောင့် ယခုလုပ်ဆောင်ပြီးသမျှထက် ပိုမို၍ပြီးစီးစေနိုင်သောနည်းလမ်းဖြင့် စည်းရုံးဆွဲဆောင်အမှုတော်ဆောင်သွား စေရန် လူငယ်များကို ပညာသွန်သင်ပေးနိုင်ကြလေသည်။ ဤသို့သောအတွေ့ အကြုံရှိကြသူများသည် အခြားသူတို့အား သင်ကြားပေးခြင်း၌ ပါဝင် ထမ်းဆောင်ရန် အထူးတာဝန်တစ်ရပ်ရရှိကြသည်။ (ChS 65.5) ChSBur 104.1