Go to full page →

အသင်းတော်အဖွဲ့အစည်းပုံစံပြ ChSBur 116

ယေရုရှလင်မြို့ရှိ အသင်းတော်အဖွဲ့အစည်းသည် သမ္မာတရားသတင်း ပေးသူများက ဧဝံဂေလိတရားဘက်ဆီသို့ ပြောင်းလဲသူများကို အောင်နိုင် ရစေသောနေရာတိုင်းရှိ အသင်းတော်အဖွဲ့အစည်းများအတွက် နမူနာပုံစံတစ်ခု အဖြစ် ရပ်တည်ပေးခဲ့ပါသည်။ ကနဦးအသင်းတော်များသမိုင်း၏နောက်ပိုင်း ကာလများတွင် ကမ္ဘာ့နေရာဒေသအသီးသီး၌ရှိကြသော ယုံကြည်သူအုပ်စု များသည် အသင်းတော်ကို စုစည်းခဲ့ကြပါသည်။ အသင်းတော်အဖွဲ့အစည်း များသည်လည်း ဆက်လက်ပြည့်ဝစုံလင်မှုရှိလာသည်။ စနစ်တကျနှင့်ဝိုင်းညီ လုပ်ဆောင်သောလှုပ်ရှားမှုကို ထိန်းသိမ်းလာခဲ့ကြသည်။ အသင်းသားတိုင်း ကိုယ်စီသည်လည်း သူ၏ဆိုင်ရာအပိုင်းအလိုက် ကောင်းစွာလုပ်ဆောင်ကြရန် တိုက်တွန်းအားပေးခြင်းကိုခံယူခဲ့ကြသည်။ လူတိုင်းကလည်း သူ၌အပ်နှံထား သည့်အစွမ်းအစကို အမြော်အမြင်ရှိစွာသုံးစွဲလာခဲ့ကြပါသည်။ (ChS 73.5) ChSBur 116.4