Go to full page →

အောင်မြင်မှုလျှို့ဝှက်ချက် ChSBur 118

အမှုတော်မြတ်ထဲ၌ ကျွန်ုပ်တို့အောင်မြင်ခြင်း၏လျှို့ဝှက်ချက်ကို ကျွန်ုပ်တို့၏လူများက တက်ညီလက်ညီလုပ်ဆောင်နေမှုအပေါ်၌ မြင်ရမည်။ သူတို့အားလုံးသည် အာရုံစူးစိုက်လှုပ်ရှားမှုရှိနေကြရမည်။ ခရစ်တော်၏ခန္ဓာ ထဲ၌ရှိနေကြသောလူတိုင်းသည် ဘုရားသခင့်ဘုန်းတော်အောက်ရှိ သူ့အပိုင်းကို ဘုရားပေးသောသူ၏အစွမ်းအစနှင့်တကွ ပါဝင်လှုပ်ရှားနေကြရမည်။ အဖျက် အမှောင့်နှင့် အခက်အခဲများကို ပခုံးချင်းယှဉ်၍သော်လည်းကောင်း၊ နှလုံးသား ချင်းချစ်၍သော်လည်းကောင်း အတူတကွရင်ဆိုင်ဖြေရှင်းလိုက်ကြမည်။ (ChS 75.1) ChSBur 118.2

ဇာတ်ပွဲတစ်ခု၌ ခရစ်ယာန်များပါဝင်လှုပ်ရှားကြမည်ဆိုပါလျှင် ရည်မှန်း ချက်တစ်ရပ်ပြီးမြောက်စေရန် အာဏာတစ်ခုအောက်၌ စီစဉ်ညွှန်ကြားမှုကိုခံ ယူ၍ တညီတညွတ်တည်းရှေ့သို့တိုးဝင်တတ်ကြသကဲ့သို့ သူတို့သည် လောက ကိုရွေ့ စေလိမ့်မည်။ (ChS 75.2) ChSBur 119.1

ကောင်းကင်တမန်များသည် ဝိုင်းညီစုံညီတင်ဆက်တတ်ကြသည်။ စုံလင်သောစနစ်တကျရှိခြင်းသည် သူတို့လှုပ်ရှားမှုတစ်ရပ်လုံး၏ လက္ခဏာဖြစ် သည်။ ထိုသို့သောကောင်းကင်ဗိုလ်ခြေများ၏ ဝိုင်းညီစုံညီစနစ်တကျရှိခြင်းကို ကျွန်ုပ်တို့သည် နည်းယူ၍ အချင်းချင်းပိုမိုနီးကပ်စွာရှိလာလေလေ၊ ကျွန်ုပ်တို့ ၏ကိုယ်စားဖြစ်သောကောင်းကင်ကိုယ်စားလှယ်များ၏အားထုတ်မှုများသည် လည်း ကျွန်ုပ်တို့အတွက် ပိုမို၍အောင်မြင်ခြင်းကို ရရှိစေလိမ့်မည်ဖြစ်သတည်း။ အကယ်၍ ကျွန်ုပ်တို့၌ တက်ညီလက်ညီလှုပ်ရှားမှုလိုအပ်ချက်မတွေ့ ရခြင်း၊ ပရမ်းပတာဖြစ်နေခြင်း၊ စည်းမဲ့ကမ်းမဲ့ရှိခြင်း၊ လှုပ်ရှားမှုတိုင်း၌လည်း ဖွဲ့စည်း ဆောင်ရွက်ခြင်းမရှိဖြစ်ခဲ့သော် အသေအချာဖွဲ့စည်း၍ စုံလင်သောစနစ်ဖြင့် လှုပ်ရှားနေသောကောင်းကင်တမန်များသည် ကျွန်ုပ်တို့အတွက် အောင်ခြင်းကို ပြသမပေးနိုင်ကြပါ။ သူတို့ဝမ်းနည်း၍ ဆုတ်ခွာသွားကြလိမ့်မည်။ စိတ်ညစ် စရာများ၊ စိတ်သောကရောက်စရာများနှင့်ဖွဲ့စည်းခြင်းမရှိသည်များကို ကောင်းချီး ပေးဖို့ အာဏာသည် ကောင်းကင်တမန်များ၌မရှိပါ။ ကောင်းကင်ဘုံသတင်း ပေးတမန်များနှင့် ပူးပေါင်းပါဝင်မှုကိုလိုလားကြသူအားလုံးသည် သူတို့နှင့် ညီညီညာညာလုပ်ဆောင်တတ်ကြရမည်။ အထက်အရပ်မှ ဆီလောင်းဘိသိက် ခံယူလိုသူတိုင်းသည် လှုပ်ရှားကြိုးပမ်းမှုအားလုံး၌ စနစ်တကျရှိမှု၊ စည်းကမ်း ရှိမှု၊ ညီညာလှုပ်ရှားမှုများကို တိုက်တွန်းခံယူကြရမည်။ သို့မှသာလျှင် ဘုရား သခင်၏ကောင်းကင်တမန်များသည် သူတို့နှင့်အတူ စုပေါင်းပါဝင်လုပ်ကိုင် ပေးလာလိမ့်မည်။ သို့ရာတွင် ကောင်းကင်ဘုံသတင်းပေးတမန်များသည် မညီ မညွတ်နှင့်စနစ်တကျမရှိ၊ ဖွဲ့စည်းခြင်းမရှိမှုများအပေါ် သူတို့၏ထောက်ခံခြင်း ကိုဘယ်သောအခါမျှ ပေးလိမ့်မည်မဟုတ်ကြောင်း သိထားကြရမည်။ (ChS 75.3) ChSBur 119.2