ဘုရားသခင်၏လူများသည် သူတို့အပေါ်မှာ တစ်စုံတစ်ရာအပြောင်း အလဲဖြစ်လာမှာကို အထူးသဖြင့် အနိုင်အထက်ပြုသည့် တန်ခိုးရှင်က သူတို့ ကိုကိုင်ပြောင်းပေးလိုက်မှာကို စောင့်မျှော်နေကြကြောင်း ကျွန်ုပ်တွေ့ ရဖူးသည်။ သူတို့ဒီလိုဖြစ်နေတာ မှားတယ်ပြောလျှင် သူတို့စိတ်မကောင်းဖြစ်ကြမည်။ သူတို့လှုပ်ရှားအလုပ်လုပ်သင့်ကြ၏။ သူတို့ကိုယ်တိုင်အလုပ်လုပ်ဖို့ အလုပ်ရှိ နေကြရမည်။ သူတို့ကိုယ်တိုင်၌ အလုပ်လုပ်ခြင်းအသိဉာဏ်အမှန်ဝင်လာရန် ဘုရားသခင်ထံ စိတ်ပါလက်ပါငိုကြွေးဆုတောင်းခံယူကြရမည်။ ကျွန်ုပ်တို့ အရှေ့မှာ ဖြတ်သန်းကျော်သွားနေသောမြင်ကွင်းသည် ကျွန်ုပ်တို့အား နိုးထ စေရန် အကြောင်းလုံလောက်မှုကြီးတစ်ရပ်ဖြစ်ပါ၏။ ဤစကားကို နားကြား ကြသူများအားလုံးသည် သူတို့နှလုံးအိမ်ထဲသို့ သမ္မာတရားကို မောင်းသွင်း ပေးကြရမည်။ မြေကြီးပေါ်၌ ကောက်ရိတ်သိမ်းရန် လယ်ကွင်းပြင်သည် တဝင်းဝင်းရှိလုပြီ။ (ChS 82.4) ChSBur 131.1
တတိယကောင်းကင်တမန်၏ သတင်းပေးစကားအတိုင်း သူတို့အား သိစေအပ်ပြီးဖြစ်သည့် သမ္မာတရားကြွေးကြော်ပေးခြင်းအတွက် သူ့တို့ကိုယ်တိုင် လုံးလုံးလျားလျားဆက်ကပ်ထားပြီးဖြစ်သည်ကို သူတို့အမှန်သိပြီး ဖြစ်ကြ သူများကို စကြဝဠာအနှံ့အပြားအရာအားလုံးက ဟစ်ခေါ်နေကြပါ၏။ ထိုအခါ ကျွန်ုပ်တို့တာဝန်ထမ်းရန် ကျွန်ုပ်တို့အားခေါ်သံကို ကျွန်ုပ်တို့မြင်ရ၊ ကြားရ လေပြီ။ စာတန်ကိုယ်စားလှယ်များလှုပ်ရှားလာခြင်းသည် ခရစ်ယာန်တိုင်းက သူကျရာနေရာ၌ ခံရပ်ဖို့ ဖိတ်ခေါ်ခံယူလိုက်ခြင်းဖြစ်၏။ (ChS 83.1) ChSBur 131.2
မကြာမီအတွင်း ခရစ်တော်ကြွဆင်းလာတော့မည်ဟူသောသတင်း စကားကို ကမ္ဘာအနှံ့လူမျိုးအပေါင်းတို့အား ပြောကြားရပေမည်။ ရန်သူစာတန်၏ တိုက်အားကို တွန်းလှန်ရန်နှင့် မရပ်မနားကြိုးပမ်းမှုနှင့် သတိဝီရိယရှိဖို့ လိုအပ်သည်။ ကျွန်ုပ်တို့သည် လက်ကိုပိုက်ကာ ထိုင်ပြီးငိုမနေရပါ။ ထာဝရ ကာလအတွက် အချိန်ရှိစဉ်ထ၍ အလုပ်လုပ်ကြရမည်။ (ChS 83.2) ChSBur 131.3
ကိုယ်အင်အားကိုအကုန်သုံး၍ တစ်ခုခုလုပ်လိုက်ပါ။ အမြန်လုပ် လိုက်ပါ။ မနားမနေတာရှည်လျှင် ကောင်းကင်တမန်တောင်ပံပြုတ်ကျလာမည်။ မလှုပ်မယှက်နေသောသူကို ဘုရားသခင်ကောင်းချီးမပေးတော့ပါ။ (ChS 83.2a) ChSBur 132.1
လူတစ်ယောက်က သူသည် သူ၏လက်ကိုဆုပ်ကိုင်၍ ဘာမျှမလုပ် မကိုင်ဘဲနှင့် လွတ်လပ်ခွင့်ရနေပါပြီဟု အထင်ရောက်မသွားပါစေနှင့်။ ပျင်းရိ နေပြီး မလှုပ်မရှားနေကြသူမည်သူဖြစ်ဖြစ်၊ ကယ်တင်ခြင်းခံရမည်ဆိုသည်မှာ လုံးလုံးမဖြစ်နိုင်သောအရာသာတည်း။ ခရစ်တော်သည် မြေကြီးပေါ်၌ သာသနာ ပြုစဉ် အမှုပြီးပြီဟုဆိုခဲ့သည်ကို စဉ်းစားကြည့်ပါ။ ဘယ်လောက်စိတ်ပြင်းထန် သလဲ။ ဘယ်လောက်အနားမရဖြစ်လိုက်သလဲ။ ကိုယ်တော်ဟာ အားစိုက်၍ ကြိုးစားပေးခဲ့ရတာပါ။ ယေရှုသည် သူ့ကိုပေးအပ်ခဲ့သည့်အမှုတော်ကို ဘေးချ ထား၍ ထွက်သွားရန် ဘာတစ်ခုကိုမျှ အခွင့်မပေး။ ယေရှု၏ခြေရာကို ကျွန်ုပ်တို့နောက်လိုက်လှမ်းဝင်နိုင်ပါသလား။ (ChS 83.3) ChSBur 132.2
ကောင်းကင်ဘုံနှင့်လူသားကိုယ်စားလှယ်များသည် ဝိညာဉ်ကယ်တင် ရေးအမှုတော်မြတ်၌ ပူးတွဲလုပ်ဆောင်ကြသည်။ ဘုရားသခင်သည် သူ့အပိုင်း ကိုသူလုပ်ဆောင်ပြီးစီးခဲ့ပြီ။ ခရစ်ယာန်များယခုအခါ လှုပ်ရှားကြဖို့လိုပါပြီ။ ဤအတွက် ဘုရားသခင်ခေါ်ယူနေသည်။ ဘုရားသခင်၏လူများသည် တိုင်းနိုင်ငံ အနှံ့သို့ သမ္မာတရားအလင်းတင်ဆက်ခြင်းအပိုင်းကို လုပ်ဆောင်ကြမည်ဟူ၍ ကိုယ်တော်မျှော်လင့်နေပါ၏။ သခင်ယေရှုခရစ်တော်နှင့်ပေါင်းဖက်ပါဝင်သော ဤအမှုတော်အထဲသို့ မည်သူဝင်လာမလဲ။ (ChS 83.4) ChSBur 132.3
အသက်ရှင်သောအသင်းတော်မှန်လျှင် အလုပ်လုပ်သောအသင်းတော် တစ်ပါးဖြစ်ရမည်။ အပြစ်တရားနှင့်မိစ္ဆာတို့၏တိုက်အားကို ဆန့်ကျင်သော မြေပေါ်မှာရှိနေရုံသက်သက်နှင့် အားရကျေနပ်မနေသင့်ပါ။ နှေးကွေးသော ခြေလှမ်းဖြင့် ရှေ့တိုးနေပါသည်ဟူ၍လည်း အားရမနေသင့်။ ထိုထက်ခရစ် တော်၏ထမ်းပိုးကို ထမ်းသင့်ကြ၏။ အလင်းရှင်ခေါင်းဆောင်၏ခြေလှမ်းကို လိုက်နင်းပါ။ ခရီးတစ်လျှောက်လုံး၌ တပ်သားအသစ်၊ လူသစ်များကိုအနိုင် ရအောင်စုဆောင်းသွားပါ။ (ChS 83.5) ChSBur 132.4
ကျွန်ုပ်တို့၌ ဝိညာဉ်တိုက်ပွဲဝင်ရန် ပြောဆိုနေဖို့အချိန်အနည်းငယ်သာ ရှိပါသည်။ မကြာမီ ခရစ်တော်ကြွရောက်လာလိမ့်မည်။ ပုန်ကန်ထကြွနေသော မြင်ကွင်းသည်လည်း အဆုံးရောက်တော့မည်။ ထိုနောက် ကျွန်ုပ်တို့၏နောက်ဆုံး ကြိုးပမ်းခြင်းသည် ခရစ်တော်နှင့်အတူ လုပ်ဆောင်လျက်ရှိနေပြီး ဘုရားသခင် ၏နိုင်ငံတော်သည် ထင်ရှားလာမည်။ ရှေ့တန်းစစ်မြေပြင်၌ ရပ်တည်ခုခံနေ ကြသူအချို့တို့သည် ဝင်လာသည့် မကောင်းဆိုးဝါးများကို အရှုံးမပေးခုခံ တိုက်နေလိမ့်မည်။ တာဝန်ကျနေရာ၌ပင် သူတို့သေဆုံးမည်။ အချို့တို့က ကျဆုံးသည့်အာဇာနည်များကို ဝမ်းနည်းပက်လက်ငေးစိုက်ကြည့်နေကြလိမ့် မည်။ သို့သော် သူတို့တိုက်ပွဲရပ်ပစ်ရန် အချိန်မဟုတ်သေး။ စစ်သူရဲရာထူး အဆင့်ဆင့်ကို သူတို့ပိတ်ပစ်လိုက်ကာ တိုက်ပွဲကျ၍ လက်အန်သေပြီး ထိုသူ ဆုပ်ကိုင်ထားသည့်အလံတော်ကို ဆွဲဖြုတ်ယူတင်ကြမည်။ သမ္မာတရားကို သင်္ကာရှင်းရှင်းမြင်၍ ခွန်အားအသစ်နှင့် လန်းလန်းဆန်းဆန်းခရစ်တော်ကို ဂုဏ်ပြုကြမည်။ သူတို့၌ တစ်ကြိမ်တစ်ခါဖူးမျှ မဖြစ်ဘူးသောဒုစရိုက်ပြုခြင်း ကိုမုန်း၍ အမှောင်တန်ခိုးများကိုလည်း ဆန့်ကျင်တိုက်ခိုက်ကြလိမ့်မည်။ အားစိုက်လှုပ်ရှားဖို့အချိန်ကျရောက်လို့နေပါပြီ။ လက်တွေ့ သမ္မာတရားကို ယုံကြည်ကြသူများသည် ကိုယ်ဆိုင်ရာကဏ္ဍအလိုက် တက်ကြွစွာပါဝင်ကြဖို့ စိတ်ဆုံးဖြတ်ကြရမည်။ အကျင့်သီလအားဖြင့်လည်းကောင်း၊ ပုံသက်သေအား ဖြင့်လည်းကောင်း သမ္မာတရားကိုခံယူ၍ သူတို့သွန်သင်ပေးကြရပေမည်။ (ChS 84.1) ChSBur 133.1
ဒေသတိုင်း၌ရှိကြကုန်သောသတ္တမနေ့မြော်လင့်ခြင်းအသင်းတော်၏ အသင်းသူ/ အသင်းသားများသည် ဘုရားသခင်ထံ သူတို့ကိုယ်သူတို့ဆက်ကပ်ပူဇော် ကြရန်နှင့် မိမိ၏ပကတိအခြေအနေအတိုင်း အကောင်းဆုံးအလုပ်လုပ်၍ အမှ တော်ကိုပါဝင်ကူညီကြရန် ဘုရားသခင်ယနေ့ခေါ်ယူနေပါသည်။ (ChS 84.2) ChSBur 133.2
အကျင့်မရှိ၊ ပျင်းရိခြင်းနှင့်ဘာသာရေးကိုးကွယ်ခြင်းတို့သည် လက်တွဲ ချိတ်ဆက်မရပါ။ ထို့အတူ ခရစ်ယာန်အသက်ရှင်မှုဘဝနှင့် အတွေ့အကြုံများ ၌ အကြီးဆုံးချို့တဲ့ခြင်းဖြစ်ရသည့်အကြောင်းသည် အမှုတော်မြတ်ထဲမှာ တက်ကြွပါဝင်မှုမရှိခြင်းဖြစ်သည်။ ခန္ဓာကိုယ်သည် လေ့ကျင့်ခန်းဆက်လုပ်နေ ခြင်းမရှိလျှင်ကြွက်သားများအားနည်း၍ အသုံးမရဖြစ်လာလိမ့်မည်။ ထိုနည်းတူ ဝိညာဉ်ခန္ဓာ၌လည်းဖြစ်၏။ သင်သည် အားကောင်းသန်မာလိုလျှင် သင့် အစွမ်းအစကို လေ့ကျင့်ပေးရမည်။ (ChS 84.3) ChSBur 134.1
ကျွန်ုပ်တို့သည် လုံ့လဝီရိယရှိသောအလုပ်သမားများဖြစ်ရမည်။ မလှုပ်မယှက်နေသောသူသည် .. စိတ်ပျက်စရာကောင်းသောသတ္တဝါဖြစ်၏။ လူတစ်ယောက်သည် ခရစ်တော်ပေးထားသောသူ့ဘဝကို အဆုံးတိုင်အောင် လုပ်သွားရန် တာဝန်ကြီးရှိနေလျက်နှင့် မလှုပ်မယှက်နေနိုင်ရလောက်အောင် ဘာဆင်ခြေများ သူရထားလို့လဲ။ သူတို့လေ့ကျင့်ခန်းမလုပ်ကြလျှင် ဝိညာဉ် ရေးရာအာရုံခံနိုင်စွမ်းအားသည် ကုန်ဆုံးလိမ့်မည်။ ဤသို့ဖြစ်ရန် စာတန်သည် ပုံစံချ၍ သူတို့ကိုဖျက်ဆီးပစ်နေသည်။ ကောင်းကင်တစ်ခွင်တစ်ပြင်လုံးသည် ဤကမ္ဘာလောကကြီးသို့ ခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် လူတိုင်းက ပြင်ဆင်လုပ်ကိုင်နေရာ၌ အလုံးစုံတက်ကြွလှုပ်ရှားချိတ်ဆက်နေ ပါသည်။ “အကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူတကွ လုပ်ဆောင်နေကြ သူများဖြစ်ကြပါ၏။” အရာရာကုန်ဆုံးခြင်းသည် လက်တွေ့ ဖြစ်လာနေပြီ။ ယခုကျွန်ုပ်တို့၏အခွင့်အရေးသည် အမှုတော်ဆောင်ဖို့ဖြစ်ပါသည်။ (ChS 84.4) ChSBur 134.2
စိတ်နှလုံးပါလျက်နှင့် မစ်ရှင်အမှုဆောင်ရွက်ခြင်းသည် လိုအပ်ချက် ဖြစ်၏။ ပြတ်တောင်းပြတ်တောင်း ကြိုးစားပြုလုပ်ခြင်းသည် နည်းနည်းသာ အကောင်းရှိတတ်သည်။ ဂရုပြုလျက် အားစိုက်လုပ်ဆောင်နေကြရမည်။ စိတ်ပါလက်ပါလေးလေးနက်နက်လုပ်ဆောင်နေကြရမည်။ (ChS 85.1) ChSBur 134.3
ကျွန်ုပ်တို့အထဲမှလူအချို့သည် သူတို့အလုပ်လုပ်ဖို့ဆိုလျှင် အချိန် ယူစဉ်းစားရဦးမည်ဟု ပြောသူများရှိကြပါသည်။ သူတို့အား ဘုရားသခင်ပေး ထားသောအစွမ်းအစများကို သူတို့အပြစ်လုပ်၍ လွှင့်ပစ်တတ်သူများအဖြစ် ဘာမျှမလုပ်ဘဲနေကြသူ၊ လူပျင်းများအဆင့်၌ ထား၍သတ်မှတ်လိုက်ကြရ လိမ့်မည်။ (ChS 85.2) ChSBur 135.1
လောကထဲ၌ ကျွန်ုပ်တို့၏အဆင့်အတန်းသည် ဘာပါလိမ့်။ ကျွန်ုပ် တို့သည် အချိန်ကိုမျှော်လင့်နေသူများဖြစ်ကြ၏။ သို့သော် ထိုကာလကို စိတ်ကူးသက်သက်နစ်မြုပ်နေခြင်းဖြင့် ကုန်လွန်နေစေသည်မဟုတ်။ မျှော်လင့် ခြင်း၊ ကင်းစောင့်ကြည့်ရှုခြင်းနှင့် ကြိုးပမ်းအားစိုက်လုပ်ကိုင်နေခြင်းသည် ပေါင်းစပ်နေရသည်။ ကျွန်ုပ်တို့၏အသက်တာသည် လောကအရာအားလုံး၌ အလုပ်ရှုပ်လျက်၊ မောင်းနှင်လျက်၊ ကြံစည်လျက်နှင့်ရှိနေကြရသည်မဟုတ်။ ဘုရားသခင်အလိုရှိတော်မူသော ပုဂ္ဂိုလ်ရေးကိုးကွယ်ကိုင်းရှိုင်းခြင်းနှင့်ဝတ်ပြု အမှုဆောင်ခြင်းကိုလည်း ကျွန်ုပ်တို့လျစ်လျူရှုမသွားကြပါ။ မိမိစီးပွားရေး လုပ်ငန်းများ၌ မပျင်းမရိလုပ်ကိုင်နေလျက်နှင့် စိတ်ဓာတ်ထက်သန်စွာ ဘုရား သခင်အား ဝတ်ပြုကိုးကွယ်ခြင်းပြုလျက်နေကြမည်။ ဝိညာဉ်မီးအိမ်ညှိထွန်း ထားသည်။ ကျွန်ုပ်တို့၏မီးအိမ်ခွက်ထဲ၌ ကျေးဇူးတော်ဆီကို ဖြည့်ထားကြ မည်။ ဝိညာဉ်ရေးရာသေဆုံးမှုကို တားဆီးသွားရန် ကြိုတင်ကာကွယ်ခြင်းအမှု တိုင်းကိုလည်း ပြုစုသွားမည်။ သခင်ဘုရား၏နေ့သည် သူခိုးကဲ့သို့ ကျွန်ုပ် တို့၏အပေါ်သို့ ရောက်ရှိပါစေသော။ (ChS 85.3) ChSBur 135.2
ဝိညာဉ်ရေးရာပျင်းရိခြင်းမရှိသောအချိန်ကာလထဲမှာ ကျွန်ုပ်တို့အသက် ရှင်နေကြရပါသည်။ ဝိညာဉ်တိုင်းသည် ကောင်းကင်ဘုံ၏အသက်စမ်းရေဖြင့် အားဖြည့်ယူနေကြရမည်။ (ChS 85.4) ChSBur 135.3
သင်သည် တတ်စွမ်းနိုင်သမျှ ဤဘဝ၌ ကောင်းသောအကျင့်သီလ အလုံးစုံနှင့်ပြည့်စေပါ။ (ChS 85.5) ChSBur 135.4
ယေရှုနာမ၌ ယုံကြည်အပ်နှံကြသူအပေါင်းသည် အလုပ်ကြိုးစား လုပ်ကြသောသူများဖြစ်လာကြရန် ကိုယ်တော်လိုလားပါသည်။ လူပုဂ္ဂိုလ် တစ်ယောက်ချင်းစီတိုင်းသည် ကျောက်တည်းဟူသောယေရှုခရစ်တော်၏အပေါ် ၌တည်ဆောက်မှုရှိရန် လိုအပ်သည်။ လူတိုင်း၏ဝိညာဉ်ရေးအခြေခံကို အစွမ်း ကုန်လိမ်ချိုးစမ်းသပ်ရန် မုန်တိုင်းတစ်ခုထကြွနေပါ၏။ ထို့ကြောင့် သဲအိတ် ကိုမရှာနှင့်။ ကျောက်ကိုရှာပါ။ နက်နက်တူး၍ သင်၏အုတ်မြစ်ကို အသေ အချာစိုက်ပါ။ ဆောက်ကြ၊ ထာဝရအိမ်တော်အတွက် ဆောက်ကြပါ။ မျက်ရည် ကျလျက်၊ စိတ်နှလုံးပါလျက် ဆုတောင်းကြပါ။ သူတို့လူအယောက်စီတိုင်း သည် ဤအချိန်မှစ၍ ကောင်းသောအကျင့်သီလဖြင့် လှပသောဘဝများကို တည်ဆောက်ကြရမည်။ ဤနောက်ဆုံးနေ့များ၌ ကာလက်လိုလူမျိုးတွေကို အလိုအပ်ဆုံးဖြစ်နေပါပြီ။ (ChS 85.6) ChSBur 135.5