ကျွန်ုပ်တို့သည် ခရစ်တော်၏သက်သေများဖြစ်ကြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် လောကီစည်းစိမ်ခံစားခြင်း၊ အချိန်နှင့်အာရုံခံစားမှုများ၌ နစ်မျော နေရန် ကြံစည်ခြင်းတို့ကို ခွင့်ပြုမည်မဟုတ်ပါ။ (ChS 15.4) ChSBur 15.3
“သင်သည် ငါ၏သက်သေဖြစ်သည်ဟု ထာဝရဘုရားသခင်မိန့်တော်မူ သည်။ `ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ်တင်ပြီ။ ငါဖေါ်ပြ နှင့်ပြီ။ သင်တို့တွင် အခြားတစ်ပါးသောဘုရားသည် ဖေါ်ပြနှင့်သည်မဟုတ်။ ငါသည် ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။” (ဟေရှာ ၄၃) “၆-၇ငါထာဝရဘုရားသည် သင့်ကိုတရားသဖြင့် ခေါ်ထားသည် ဖြစ်၍ လက်ဆွဲလျက် ထောက်မမည်။ သင်သည် ကန်းသောမျက်စိတို့ကို ဖွင့်စိမ့်သောငှာလည်းကောင်း၊ ချုပ်ထားသောသူတို့ကို လွှတ်စိမ့်သောငှာလည်း ကောင်း၊ မှောင်မိုက်၌နေသောသူတို့ကို အမိုက်ထောင်ထဲက နုတ်ယူစိမ့်သော ငှာလည်းကောင်း၊ သင့်ကိုလူများနှင့်ပဋိညာဉ်ဖွဲ့စရာဖို့၊ လူအမျိုးမျိုးလင်းစရာ ဖို့ခန့်ထားမည်။” (ဟေရှာ ၄၂) (ChS 15.5) ChSBur 15.4
လောကီသားတို့သည် မိစ္ဆာနတ်ဘုရားများကို ဝတ်ပြုကိုးကွယ်နေကြ ပြီ။ သူတို့သည် မှားယွင်းကိုးကွယ်မှုများမှ ကျောခိုင်းထွက်ခဲ့၍ သူတို့၏နတ် ဘုရားဆင်းတုများကိုလည်း လူသိရှင်ကြားစွန့်လွှတ်ရှုတ်ချကြောင်း ပြောနေရုံ သက်သက်မဟုတ်၊ သာ၍ကောင်းသောအရာကို ရှုမြင်မှတ်သားခြင်းရှိကြရ မည်ဖြစ်ပါသည်။ ဘုရားသခင်ကောင်းမြတ်တော်မူခြင်းအကြောင်းကို လူအများ သိနိုင်ကြရမည်။ “သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်သည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင် မိန့်တော်မူ၏။” (ChS 15.6) ChSBur 16.1
ဘုရားသခင်၏မြို့တော်အတွင်းသို့ ဝင်ရောက်မည့်သူအပေါင်းတို့သည် ဤမြေကြီးပေါ်၌ သူတို့အသက်ရှင်နေသည့်ကာလတစ်လျှောက် သူတို့၏ဆက် သွယ်ဖြေရှင်းမှုများတွင် ခရစ်တော်ကို ဦးထိပ်တင်ထားရှိကြသည်။ ထို့ကြောင့် ထိုသူတို့ကို ခရစ်တော်၏တမန်များ၊ ကိုယ်တော်၏သက်သေခံများဖြစ်ကြ သည်ဟူ၍ ပြဌာန်းတော်မူ၏။ ထိုသူတို့သည် ဆိုးညစ်သောအကျင့်အားလုံး မှကင်းသောရှင်းလင်းခိုင်မာစွာသက်သေခံပေးခြင်း၊ ဤလောက၏အပြစ်များကို ဆောင်ယူသွားသောဘုရားသခင်၏သိုးသငယ်ဆီသို့. အပြစ်သားများအား- လမ်းညွှန်ပြပေးခြင်းအမှုတို့ကို ပြုကြသည်။ (ChS 15.7) ChSBur 16.2
တပည့်တော်တို့သည် ခရစ်တော်၏သက်သေခံများအဖြစ် ကိုယ်တော် ၌သူတို့မြင်ရသမျှ၊ ကြားရသမျှတို့ကိုကမ္ဘာသူ/ ကမ္ဘာသားတို့အား ကြွေးကြော် ပြောပြရန်ဖြစ်ပါသည်။ သူတို့၏အသင်းရုံးတော်သည် လူသားတို့အမည်နာမ အခေါ်အဝေါ်အားဖြင့် အရေးအကြီးဆုံးဖြစ်ပြီး ခရစ်တော်ကိုယ်တိုင်၏ နာမနောက်ဒုတိယနေရာတွင်ရှိသည်။ လူသားတို့ကယ်တင်ခြင်းရရှိရေးအတွက် သူတို့သည် ဘုရားသခင်နှင့်တွဲဖက်လုပ်ဆောင်သူများဖြစ်ကြသည်။ (ChS 16.1) ChSBur 16.3
မဒိန်းကောင်းကင်ဘုံဆရာသမားပြောသည်မှာ “ငါ၏ဝိညာဉ်တစ်ပါးတည်း သာလျှင် လူကိုသင်ကြားပို့ချပေးနိုင်သောအထူးအစွမ်းရှိသည်ဖြစ်၍ လူကိုအပြစ် ရှိကြောင်း ထင်ရှားသိမြင်စေလိမ့်မည်။ အပြင်ပုံပန်းသဏ္ဌာန်များသည် လူ့စိတ် ကိုခဏမျှသာလွှမ်းမိုးနိုင်၏။ ငါသည် လူ၏ဩတ္တပ္ပစိတ်ထဲ၌ သမ္မာတရားကို တည်စေမည်။ လူသည် ငါ၏သက်သေများဖြစ်လာကြကာ ကမ္ဘာတစ်လွှားရှိ လူတို့၏အချိန်၊ ငွေကြေးနှင့်ဉာဏ်စွမ်းရည်များအပေါ်သို့ ငါ၏ကြေညာချက် ကိုမြဲမြံခိုင်ခံ့စေမည်။” (ChS 16.2) ChSBur 17.1
ကိုယ်တော်၏သစ္စာတည်တော်မူခြင်းကို ကျွန်ုပ်တို့ဝန်ခံခြင်းသည် ကမ္ဘာလောကကြီးအား ခရစ်တော်အကြောင်းဖော်ပြပေးရန် ဘုရားသခင် ရွေးချယ်တော်မူသောကိုယ်စားလှယ်အလုပ်လုပ်ခြင်းဖြစ်၏။ ကျွန်ုပ်တို့သည် သန့်ရှင်းသောရှေးဘိုးဘေးကြီးများအားဖြင့် ဘုရားကျေးဇူးတော်ကို သိခွင့်ရခဲ့ ကြပါသော်လည်း အထိရောက်ဆုံးသိစေခဲ့သည်မှာ ကျွန်ုပ်တို့၏ကိုယ်ပိုင်အတွေ့ အကြုံများကို သက်သေခံခြင်း၌ဖြစ်ပါသည်။ ဘုရားသခင်နှင့်ဆိုင်သောတန်ခိုး တော်တစ်ခု၏လုပ်ဆောင်ခြင်းကို ကျွန်ုပ်တို့၏အသက်တာတွင် ထင်ရှားစေ တော်မူပါလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် သက်သေခံများဖြစ်ကြ ပါသည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တိုင်းသည် အခြားသူများအားလုံးနှင့် သိသာခြားနားသောအသက်တာများရှိကြသကဲ့သို့ သူတစ်ပါးနှင့်အခြေခံမတူ သောအတွေ့အကြုံတစ်ခုစီလည်း ရှိတတ်ကြပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင် တစ်ဦးချင်းစီက အမှတ်ပြုလိုက်သည့်ဘုရားကျေးဇူးတော်ချီးမွမ်းခြင်းသည် ကိုယ်တော်ထံသို့လွင့်တက်ရောက်လာမည်ကို ကိုယ်တော်အလိုတော်ရှိတော် မူပါ၏။ ခရစ်တော်နည်းတူ အသက်ရှင်နေထိုင်သောအခါ ဘုရားသခင့် ကျေးဇူးတော်ဂုဏ်အသရေချီးမွမ်းခြင်းကို အဖိုးထိုက်တန်သည်ဟု သိမှတ်ခြင်း သည် ဝိညာဉ်ကယ်တင်ခြင်းအတွက် အမှုတော်ထဲ၌ တားဆီးမရသောတန်ခိုး တော်ကိုရသည်ဖြစ်၏။ (ChS 16.3) ChSBur 17.2
ဘုရားသခင်သည် မိမိ၏ သက်သေများကို ကမ္ဘာအနှံ့သို့ကြဲဖြန့် မရောက်ရှိစေဘဲနှင့် မိမိ၏အလိုတော်သိကျွမ်းစေခြင်းနှင့် ကျေးဇူးတော်၏အံ့ဖွယ် ရာများကို မယုံကြည်သောလောကသားတို့အား ခင်းကျင်းမပြသပေးနိုင်ပါ။ ယေရှုခရစ်အားဖြင့် ဤကြီးမြတ်သောကယ်တင်ခြင်းအမှုတော်ကို ပါဝင်လုပ် ဆောင်သူများသည် သာသနာပြုသူများအဖြစ်လည်းကောင်း၊ ကမ္ဘာတစ်ဝန်း သို့အလင်းပေးသောခန္ဓာကိုယ်များအဖြစ်လည်းကောင်း လူတို့အား ပုဗ္ဗနိမိတ် ဆောင်သောသူ၊ အသက်ရှင်သောသြဝါဒစာစောင်များအဖြစ် လူအားလုံးကို သိမှတ်ဖတ်ရှုစေခြင်းနှင့် သူတို့၏ယုံကြည်ခြင်း၊ အကျင့်ကျင့်ခြင်းများသည် ကယ်တင်ရှင်ကြွဆင်းလာလုနီးပြီကို သက်သေခံဖြစ်စေခြင်းစသည့်အကြောင်း များသည် ကိုယ်တော်၏အကြံအစည်တော်ဖြစ်သည်။ ထိုသို့သောအားဖြင့် သူတို့သည် ဘုရားသခင်ကျေးဇူးတော်ကို အလဟဿရခဲ့ကြသူများ မဟုတ်ကြောင်း သက်သေပြကြပြီ။ ရောက်လာမည့်တရားစီရင်ခြင်းအတွက် ပြင်ဆင်ထားကြဖို့ လူတွေကိုသတိပေးရမည်။ (ChS 16.4) ChSBur 17.3
တပည့်တော်များသည် ဘုရားသခင်၏ဖြူစင်သန့်ရှင်းသောအသက် တာကို အောက်မေ့ဆင်ခြင်၍ သူတို့၏ဘဝများထဲ၌ ခရစ်တော်၏နှစ်ခြိုက်စရာ စရိုက်လက္ခဏာရပ်များအတိုင်း သက်သေခံနိုင်ကြသည်ဖြစ်လျှင် သူတို့သည် အလုပ်လုပ်ရသော်လည်း အလွန်ပင်ပန်းသည်မထင်၊ အလွန်ကြီးစွန့်လွှတ်အနစ် နာခံလိုက်ရသည်ဟူ၍လည်း မမြင်ကြတော့ပါ။ ငါတို့သည် လွန်ခဲ့သောသုံး နှစ်လောက်ကတည်းက ဤသို့နေခဲ့ကြသည်” ဟုတွေးမိလိုက်လျှင် အခုကျွန်ုပ် တို့၏ အမူအရာများအဘယ်မျှပြောင်းလဲနေပြီကိုသိလိမ့်မည်။ အကယ်၍သာ သခင်ဘုရားကို သူတို့နောက်ထပ်တစ်ကြိမ်တွေ့ ကြလေသော် ကိုယ်တော်အား အဘယ်မျှလေးစားချစ်ခင်ကြောင်း ပြသရန် သူတို့ဘယ်လောက်အင်တိုက် အားတိုက်ကြိုးစားခဲ့ရသည်နှင့် သူတို့၏မယုံကြည်သောစကားတစ်ခွန်း အပြု အမူတစ်ရပ်ကြောင့် ကိုယ်တော်အား ဝမ်းနည်းစေခဲ့ရခြင်းအတွက် သူတို့ အဘယ်မျှဝမ်းနည်းကြေကွဲစွာခံစားခဲ့ရကြောင်းကို သိကြလိမ့်မည်။ သို့သော် သူတို့သည် အပြစ်ခွင့်လွှတ်ခြင်းခံရသည်ကို တွေးမိကြသဖြင့် စိတ်ဖြေလွှတ် နှစ်သိမ့်မှုကိုရခဲ့ကြပါသည်။ ရှေ့ဆက်အသက်တာတွင် ဖြစ်နိုင်သမျှ သခင် ဘုရားကို ရဲရင့်စွာဝန်ခံခြင်းဖြင့် ကမ္ဘာလောကကို သက်သေခံသွားကြမည် ဖြစ်သောကြောင့် မယုံကြည်ခြင်းအတွက် အပြစ်ဖြေလွှတ်ခံရယူမည်ဟူ၍ သူတို့ စိတ်၌ဆုံးဖြတ်ထားကြပါတော့သည်။ (ChS 17.1) ChSBur 18.1
နတ်ဆိုးစွဲခြင်းမှပြန်လည်ကောင်းမွန်သွားသောလူနှစ်ဦးသည် ဒေကာ ပေါလိနယ်တွင် ဧဝံဂေလိတရားဟောရန် ခရစ်တော်စေလွှတ်တော်မူခဲ့သော ပထမဦးဆုံးသောသာသနာပြုများဖြစ်ကြသည်။ ထိုလူနှစ်ဦးသည် ခရစ်တော် ၏သြဝါဒကို ခေတ္တမျှသာကြားနာခွင့်ရခဲ့ကြသည်။ ကိုယ်တော်ရှင်၏နှုတ်မှ ထွက်သောတရားဒေသနာတစ်ပုဒ်ကိုမျှသူတို့နားနှင့် ကြားသွားခဲ့ကြရသည် မဟုတ်။ ခရစ်တော်နှင့်အတူ နေ့စဉ်သွားလာနေထိုင်ခဲ့ကြသောတပည့်တော် ကြီးများအမှုဆောင်သကဲ့သို့သူတို့သည် လူများကိုသွန်သင်တတ်ကြမည်လည်း မဟုတ်ချေ။ သို့သော် သူတို့သည် မိမိတို့၏ကိုယ်တိုင်ဘဝအားဖြင့် ယေရှုသည် မေရှိယဖြစ်ကြောင်းကို အထောက်အထားနှင့် သက်သေထူပြခဲ့ကြသည်။ သူတို့သိသမျှ၊ မြင်တွေ့ ခဲ့ရသမျှနှင့် ကြားခဲ့ရသမျှအရာများကို သူတို့ပြောပြ နိုင်ခဲ့ကြပြီး ခရစ်တော်၏တန်ခိုးတော်ကိုလည်း သူတို့ခံစားခဲ့ကြရပါသည်။ ဤအရာသည် ဘုရားကျေးဇူးတော်နှင့် ထိတွေ့ခြင်းခံရသောစိတ်နှလုံး ပိုင်ရှင်အယောက်စီတိုင်းက လုပ်ဆောင်နိုင်သောအရာဖြစ်ပါသည်။ ကိုယ်တော် ချစ်သောတပည့်တော်ရှင်ယောဟန်ရေးခဲ့သည်။ “ရှေးဦးစွာကပင်ဖြစ်၍ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက် စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသော အသက်ရှင်သောနှုတ်ကပတ် တော်နှင့်ဆိုင်သောအရာတို့ကို---ငါတို့ကြားရမြင်ရသောအရာကို သင်တို့အား ပြသကြ၏။” (၁ယော ၁း၁-၃)။ ကျွန်ုပ်တို့သည် ခရစ်တော်၏သက်သေများ အနေဖြင့် မိမိတို့သိရှိခဲ့သမျှ၊ ကြားခဲ့ရ၊ မြင်ခဲ့ရ၊ ခံစားခဲ့ရသမျှသောအရာ များကို ပြောဟောကြရမည်။ အကယ်၍ကျွန်ုပ်တို့သည် ခရစ်တော်၏ ခြေတော်ရာနောက်သို့ လိုက်လျှောက်နေခြင်းရှိခဲ့ကြလျှင် ခရစ်တော်လမ်းပြ ခဲ့သည့်နည်းလမ်းများနှင့်ပတ်သက်၍ ထိထိမိမိအမှန်တစ်ခုခုကို ပြောပြနိုင် ကြပါလိမ့်မည်။ ကိုယ်တော်၏ကတိတော်များကို ကျွန်ုပ်တို့မည်ကဲ့သို့ မြည်းစမ်းခဲ့ကြပြီးဖြစ်၍ ကတိတော်အတိုင်းပြည့်စုံခဲ့ကြောင်းကို ပြောပြနိုင်ကြ သည်။ ခရစ်တော်၏ကျေးဇူးတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့အဘယ်မျှ သိရှိခံစားခဲ့ရကြောင်းကိုလည်း ကျွန်ုပ်တို့သက်သေခံများပြောပေးနိုင်ကြသည်။ ဤသက်သေသည် သခင်ဘုရားခေါ်ယူတော်မူခြင်းရှိသည့်အတွက်နှင့် ပျက်စီးနေကြသည့်မြေကြီးသားများအလိုရှိကြသည့်အတွက်ကြောင့် ကျွန်ုပ် တို့သည် သခင့်သက်သေများဖြစ်ကြရမည်။ (ChS 17.2) ChSBur 19.1