ခရစ်တော်၏အမှုတော်မြတ်သည် လူပုဂ္ဂိုလ်တစ်ဦးချင်းတွေ့ဆုံမေး မြန်းခြင်းအားဖြင့် ကျယ်ပြန့်စွာပုံစံပြုထားပေးခဲ့သည်။ ကိုယ်တော်သည် တစ်ဦး ချင်းပရိသတ်ကို ယုံကြည်အားထားလေ့လာမှတ်သားတော်မူ၏။ ထိုသူတစ်ဦး တစ်ယောက်၏ဉာဏ်ရည်ထက်မြက်မှုကိုရလိုက်ခြင်းသည် လူထောင် ပေါင်းများစွာသို ့ သတင်းကောင်းသယ်ဆောင်သွားလေ၏။ (ChS 116.3) ChSBur 191.2
ယေရှုသည် အားနည်း၍ မောပန်းလာခဲ့သည်။ သို့တိုင်ကိုယ်တော် သည် ဣသရေလလူမဟုတ်သော သူစိမ်းတစ်ရံဆံဖြစ်သူ၊ အပြစ်နယ်ထဲ လွတ်လွတ်လပ်လပ်နေထိုင်နေသူ ရှမာရိအမျိုးသမီးတစ်ယောက်နှင့် စကားပြော ရသည့်အခွင့်အရေးကို လျစ်လျူရှုတော်မမူခဲ့ပါ။ (ChS 116.4) ChSBur 191.3
ကယ်တင်ရှင်သည် တရားနာပရိသတ်များစွာစုရုံးလာသည် အထိစောင့်ဆိုင်းနေတော်မမူ။ ကိုယ်တော်သည် သူ့ဘေးနားရောက်လာ သောလူအနည်းငယ်နှင့် သင်ခန်းစာများကို မကြာခဏစတင်လေ့ရှိ သည်။ သို့သော်လည်း အနားမှဖြတ်သွားသောလူများသည် တစ်ယောက်ပြီး တစ်ယောက်ရပ်တန့်နားထောင်ကာ နောက်ဆုံးတွင် လူအမြောက်အမြားသည် ကောင်းကင်ဘုံမှ စေလွှတ်သောဆရာသခင်ဘုရား၏တရားစကားများကို အံ့ဩ ခြင်း၊ လေးစားခြင်းတို့ဖြင့် ကြားကြရသည့်တိုင်အောင်ဖြစ်သတည်း။ ခရစ်တော် ၏အမှုတော်ဆောင်များသည် လူအုပ်ကြီးကြီးကို စကားပြောရသောအားစိုက် ရမှုမျိုးဖြင့် လူအနည်းငယ်ကို မဟောပြောနိုင်ဟူ၍ မခံယူသင့်ကြပါ။ သတင်း စကားကြားလိုက်ရသူတစ်ဦးတစ်ယောက်သာ ရှိမည်ဆိုသော်လည်း အဘယ် သူသည် တရားသြဇာထိရောက်မှုမရှိသည့်အကြောင်းကို ထုတ်ဖေါ်ပြောဆို နိုင်ကြပါ့မလဲ။ ကယ်တင်သောအရှင်သည် ရှမာရိအမျိုးသမီးတစ်ယောက် အတွက် အချိန်ပေးခဲ့ရသည်ကို ကိုယ်တော်တပည့်များပင်လျှင် သေးငယ် သောအမှုဟု ထင်ကြလိမ့်မည်။ သို့သော်လည်း ကိုယ်တော်သည် ဘုရင်များ၊ မှူးမတ်များနှင့်ယဇ်ပုရောဟိတ်မင်းတို့ထက်ပိုပြီး သူမနှင့်အလေးအနက်တန်ဖိုး ထား၍ စကားလက်ဆုံကျခဲ့ပါသည်။ ထိုရှမာရိအမျိုးသမီးတစ်ယောက်အား ကိုယ်တော်သွန်သင်ပေးလိုက်သောသင်ခန်းစာသည် ကမ္ဘာ့ဝေးလံ အစွန်အဖျားအထိတိုင် သတင်းကောင်းအကြိမ်ကြိမ်ရောက်သွားလေ၏။ (ChS 116.5) ChSBur 191.4