အသင်းတော်များပြန်လည်နိုးကြားလာရခြင်းအကြောင်း ရင်းမှာ အသင်းတော်အတွင်းရှိ တချို့သောတစ်ဦးချင်းလူများသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာကိုခံရရန် အားသွန်ခွန်စိုက် ကြိုးစား ရှာဖွေကြသောကြောင့်ဖြစ်သည်။ အကြင်သူသည် ဘုရားသခင်ကိုဆာမွတ် တမ်းတ၍ ယုံကြည်ခြင်းဖြင့် ကိုယ်တော်ထံဆုတောင်းသောအခါ လျော်ညီစွာ လက်ခံရရှိလေ၏။ သူသည် ဘုရားသခင်အား စိတ်အားကြီးစွာ အားကိုး မှီခိုခြင်းဖြင့် အလွန်အလေးအနက်ထားလုပ်ဆောင်သွားသောအခါ ဝိညာဉ်များ စွာသည် နိုးထလာကြပြီးလျှင် လူသားတို့၏နှလုံးသားများအပေါ် လန်းဆန်း သောကာလရာသီကျဆင်းလာပါ၏။ တိုးချဲ့ အမှုတော်ကို လျစ်လျူရှုနေကြရ လိမ့်မည်မဟုတ်။ အချိန်တန်လျှင် ပို၍ကြီးသောစီမံကိန်းများချမှတ်လုပ်ဆောင် လာနိုင်ပါလိမ့်မည်။ သို့သော် မိမိ၏အပေါင်းအသင်းများနှင့် အိမ်နီးချင်း များကောင်းကျိုးအတွက် ပုဂ္ဂိုလ်ရေးတစ်ဦးချင်းကြိုပမ်းလုပ်ဆောင်မှုသည် မျှော်မှန်းထားသည်ထက် ပို၍ပြီးစီးနိုင်လိမ့်မည်။ ဤအမှုတော်သည် ခရစ်တော် အသေခံပေးခဲ့သောအသက်ဆုံးရှုံးနေကြရသည့်ဝိညာဉ်များအတွက် ဝန်ဆောင် မှုလိုအပ်ချက်အမျိုးအစားဖြစ်ပါသည်။ (ChS 121.1) ChSBur 199.1
ဝိညာဉ်တစ်လုံးသည် အလွန်အမင်းတန်ဖိုးရှိလှ၏ဟု ကရာနီ တောင်ကုန်းပေါ်မှ အော်ပြောနေပါသည်။ သမ္မာတရားဘက်သို့ ကူးပြောင်း ရောက်လာသောဝိညာဉ်တစ်လုံးသည် အခြားလူများစွာကို အောင်နိုင်ရန် အသုံး ကျသောတန်ဆာပလာဖြစ်လာပါလိမ့်မည်။ ကောင်းချီးမင်္ဂလာနှင့်ကယ်တင်ခြင်း အကျိုးသည်လည်း အစဉ်တိုး၍နေပါလိမ့်မည်။ သင့်လုပ်ဆောင်မှုသည် ပုဂ္ဂိုလ် ရေးကြိုးပမ်းမှုမရှိသောအကျယ်တဝင့်အစည်းအဝေးများထက်ပို၍ အမှန် တကယ်ကောင်းစွာပြီးစီးနိုင်ပါသည်။ ဘုရားသခင်၏ကောင်းချီးမင်္ဂလာနှင့်အတူ ဤအရာနှစ်ခုကို အတူပေါင်းပြီးလုပ်ဆောင်သောအခါ သာ၍ပြည့်ဝစုံလင်၍ သေချာသောအမှုဆောင်ခြင်းပေါ်ပေါက်လာလိမ့်မည်။ သို့တိုင် ကျွန်ုပ်တို့သည် အပိုင်းတစ်ပိုင်းကို ပြီးအောင်လုပ်နိုင်ကြမည်ဆိုပါလျှင် အိမ်ထောင်စုအတွင်း၌ ကျမ်းစာဖွင့်ဖတ်ခြင်းကို တစ်ဦးချင်းဝန်ဆောင်မှုပေးခြင်းနှင့်ပုဂ္ဂိုလ်ရေးစည်းရုံး ဆွဲဆောင်ခြင်းများပြုကြပါစို့။ မိသားစုဝင်များနှင့် ရင်းနှီးစွာဖြင့် ကျွန်ုပ်တို့သွား စကားပြောသောအခါတွင်လည်း အရေးမကြီးသည့် အကြောင်းများကို မပြော မဆိုဘဲ ရွေးနုတ်ခြင်းဆိုင်ရာ အဓိကအကြောင်းကြီးကို ပြောဆိုဆွေးနွေးကြပါစို့။ သင့်စိတ်နှလုံးသည် ဝိညာဉ်များကယ်တင်ခြင်းရစေရေးအတွက် ဝန်တင်အမှုတော် ဆောင်နေကြောင်း သူတို့ကိုမြင်စေကြပါစို့။ (ChS 121.2) ChSBur 200.1