Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကြောက်ရွံ့စရာအကောင်းဆုံးရာဇဝတ်မှုများ

    စိန့်ဘာသောလမွဲ လူအစုလိုက်အပြုံလိုက်သတ်ပွဲကြီးသည် ကြောက်စရာ ရာစုနှစ်များအတွင်း ဖြစ်ပွားခဲ့သော ကြောက်စရာဖြစ်ရပ် များတွင် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် များ၏ တိုက်တွန်းချက်အရ ပြင်သစ်ဘုရင်သည် ခွင့်ပြုမိန့်ကို ထုတ်ပြန်ပေးခဲ့သည်။ ညကြီးမင်းကြီးမှ ထိုးသည့်ခေါင်းလောင်းသံ ကလေးသည် လူသတ်သမားများ အတွက် ဂုဏ်သိက္ခာကိုကိုးစားလျက် မိမိတို့၏နေအိမ်များတွင် အိပ်မောကျနေသည့် ပရိုတက်စတင့်များစွာ တို့ကို အိမ်မှဆွဲထုတ်ကာ သတ်ဖြတ်ခဲ့ကြပါသည်။GCBur 284.2

    ထိုလူသတ်ပွဲကြီးကို ပဲရစ်မြို့တွင် ခုနစ်ရက်တိတိကျင်းပ ခဲ့သည်။ ဘုရင့်အမိန့်အရ ပရိုတက်စတင့်များရှိနေသည့်မြို့ရွာများ အထိတိုင် လူသတ်ပွဲ အစီအစဉ်ကိုတိုးချဲ့ခဲ့ကြသည်။ လူချမ်းသာ၊ လူဆင်းရဲများ၊ လူကြီးလူငယ် ကျားမအပါအဝင် ပြင်သစ်၏ တန်ဖိုးရှိ သောလူပေါင်း (၇၀၀၀၀) တို့သည် သေပွဲ ဝင်ခဲ့ကြရပါသည်။GCBur 285.1

    “ထိုလူသတ်ပွဲသတင်းကို ရောမကရရှိသောအခါ အသင်း တော်ခေါင်းဆောင်ကြီးများသည် အတိုင်းမသိဝမ်းမြောက်ခဲ့ကြပါ သည်။ လော်ရိန်း ဂိုဏ်းချုပ်ကြီးက ထိုသတင်းကိုပေးပို့သူအား ပေါင် (၁၀၀၀) ဆုချခဲ့သည်။ စိန့်အင်ဂျဲလိုက အမြောက်ပစ်၍ အလေးပြု ခဲ့သည်။ မျှော်စင်တိုင်းမှ ခေါင်းလောင်းများကို ထိုးခဲ့ကြသည်။ မီးရှူး၊ မီးပန်းများကြောင့် ညကာလသည် နေ့အချိန်နှင့်ပင်တူနေပါသည်။ ဂရီဂိုရီ (၁၃) သည် ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်နှင့် ဂုဏ်သရေရှိပုဂ္ဂိုလ်များခြံ ရံလျက် တီဒီအမ်ဂါထာရွတ်နေသည့် လော်ရိန်း ဂိုဏ်းချုပ်ရှိရာ စိန့် လူးဝစ်ဘုရားရှိခိုးကျောင်းသို့သွားခဲ့ပါသည်။ အစုလိုက်သတ်ပွဲ၏ အထိမ်း အမှတ်အဖြစ် သတ္တုပြားများကိုရိုက်ခတ်ကြပါသည်။ GCBur 285.2

    သန့်ရှင်းသောရဟန်းမင်းသည် ထိုသတင်းကိုရသောအခါ ဘုရားသခင်ကို ချီးမွမ်းရန် စိန့်လူးဝစ်ဘုရားကျောင်းသို့သွားခဲ့သော ထိုနေ့သည် ဝမ်းမြောက်ဖွယ်ရာနေ့တစ်နေ့ဖြစ်ကြောင်း ပြင်သစ်လူမျိုး ဂိုဏ်းအုပ်တစ်ဦးက ပြောခဲ့သည်။GCBur 285.3

    စိန့်ဘာသောလမွဲလူသတ်ပွဲကို ဖြစ်မြောက်အောင် တိုက် တွန်းခဲ့သော ထိုဝိညာဉ်သည် တော်လှန်ရေးမြင်ကွင်းများတွင်လည်း ဦးဆောင်ခဲ့ပါသည်။ ခရစ်တော်ကို အယောင်ဆောင်သမားတစ်ဦး အဖြစ်ကြေညာကာ “ရွံစရာ ကောင်းသောထိုသူကို ချေမှုန်းကြ” ဟု ဟစ်အော်ကြသည်။ သူတို့ဆိုလိုသည်မှာ ဘုရားကိုစော်ကားသူခရစ် တော်နှင့် ဆိုးယုတ်ခြင်းများသည် လက်တွဲနေသည်ဟူ၍ဖြစ်သည်။ ဤအရာအားလုံးတွင် စာတန်ကိုကိုးကွယ်နေကြကာ ဖြူစင်သန့်ရှင်း၍ အတ္တမဲ့မေတ္တာရှင် ခရစ်တော်ကို ကပ်တိုင်တင်နေကြခြင်းဖြစ်သည်။GCBur 285.4

    “အနက်ဆုံးသောတွင်းထဲက တက်သောသားရဲသည် သူတို့ကို စစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုလည်းသတ်လိမ့်မည်။” ဗျာ၊ ၁၁:၇။ ပြင်သစ်တော်လှန်ရေးကာလအတွင်း အုပ်စိုးခဲ့သော ဘုရားမဲ့ ဝါဒီသည် ဘုရားသခင်နှင့် နှုတ်ကပတ်တော်ကို ထိုကဲ့သို့စစ်ပြိုင်ခဲ့ပါ သည်။ အမျိုးသား လွှတ်တော်က ထာဝရဘုရားအား ကိုးကွယ်ခြင်းကို ဖျက်သိမ်းခဲ့သည်။ သမ္မာကျမ်းစာများကိုစုသိမ်းကာ လူထုရှေ့တွင်မီး ရှို့ပစ်ခဲ့သည်။ အပတ်စဉ် နားနေရမည့်နေ့ရက်ကိုဘေးဖယ်ကာ ထိုနေ့ အစား (၁၀) ရက်မြောက်သော နေ့တိုင်းကို ပျော်ရွှင်ဖွယ်နေ့အဖြစ် သတ် မှတ်ခဲ့ကြသည်။ နှစ်ခြင်းမင်္ဂလာနှင့် ပွဲတော်မင်္ဂလာများကို ပိတ်ပင် တားမြစ်ခဲ့သည်။ သေခြင်းကို ထာဝရ အိပ်ပျော်ခြင်းအဖြစ် သင်္ချိုင်းဂူ များတွင် စာကပ်ခဲ့ကြသည်။GCBur 286.1

    လွတ်လပ်ရေးနှင့် နိုင်ငံတော်အတွက် ဝတ်ပြုကိုးကွယ်ပွဲ ကျင်းပခြင်းမှ လွဲ၍ အခြားကိုးကွယ်ပွဲများကိုတားမြစ်ခဲ့သည်။ ၎င်းတို့ခန့်အပ်ထားသည့် ပဲရဏ်ဂိုဏ်းအုပ်ကိုခေါ်ထုတ်လာကာ မိမိနှစ် ပေါင်းများစွာသွန်သင်ခဲ့သော ဘာသာအယူဝါဒသည် ဂိုဏ်းအုပ်တို့ ၏အတတ်ပညာအရသာဖြစ်ပြီး ရာဇဝင် တွင်သော်လည်းကောင်း၊ သမ္မာကျမ်းစာတွင်လည်းကောင်း အခြေအမြစ် မရှိကြောင်း လူထု အစည်းအဝေးပွဲတွင် ထိုဘုရင်ကကြေညာစေခဲ့သည်။GCBur 286.2

    “မြေကြီးပေါ်မှာနေသောသူတို့သည် ထိုအလောင်းကောင် တို့ကိုမြင်သောအခါ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကိုပြုကြလိမ့်မည်။ တစ်ယောက်ကို တစ်ယောက် လက်ဆောင်ပေးကြလိမ့်မည်။ အ ကြောင်းမူကား၊ အထက်က ထိုပုရောဖက်နှစ်ပါးတို့သည် မြေကြီး ပေါ်မှာနေသောသူတို့ကို ပြင်းစွာ နှောင့်ယှက်ညှဉ်းဆဲကြသည်ဟု ငါ့အားပြောဆိုလေ၏။” ဗျာဒိတ်ကျမ်း ၁၁:၁၀။ ဘုရားကို မခန့်လေးစားပြုသောပြင်သစ်နိုင်ငံသည် ဘုရားသခင့်သက်သေခံ နှစ် ပါး၏ ဆုံးမသံများကို နှုတ်ပိတ်ခဲ့ကြရာ သမ္မာတရား၏ နှုတ်ကပါတ် တော်များမှာ သူမ၏လမ်းများပေါ်တွင် လဲသေလျက်ရှိ၏။ ထိုကြောင့် ပညတ်တော်ကို မုန်းတီးသူများတို့သည် ဝမ်းမြောက်ဝမ်းသာ ရှိကြကာလူတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ကို လူသိ ရှင်ကြား အန်တုစော်ကားခဲ့ကြသည်။GCBur 287.1