Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၇)—ခရစ်တော်ပြန်လည်ကြွလာမည်ဟူသော ကတိတော်များ

    ကယ်တင်ခြင်းစီမံကိန်းကြီးအား အပြီးသတ်လုပ်ဆောင်ရန် ခရစ်တော်ဒုတိယအကြိမ်ကြွလာမည်ဟူသော ကတိတော်သည် သမ္မာ ကျမ်းစာ၏အဓိကအချက်ဖြစ်သည်။ ဧဒင်ဥယျာဉ်၌နေထိုင်ခဲ့သော သားသမီးများမှစ၍ ယုံကြည်သူအပေါင်းတို့သည် ဆုံးရှုံးသွားခဲ့သော ပါရတိသု ဘုံကို ပြန်လည်ဆောင်ကြဉ်းပေးမည့် ခရစ်တော်ကြွလာ ခြင်းကို စောင့်စားခဲ့ကြပါသည်။GCBur 315.1

    ဧဒင်ဥယျာဉ်တွင် နေထိုင်ခဲ့သူများမှ သတ္တမအဆက်မြောက် ဖြစ်သော ဧနောက်သည် နှစ်ပေါင်း ၃၀၀ လုံးလုံး ဘုရားသခင်နှင့် အတူလမ်းလျှောက်ကာ “ထာဝရဘုရားသည်----အတိုင်းမသိများ စွာသော မိမိသန့်ရှင်းသူတို့နှင့်တကွ ကြွလာတော်မူလိမ့်မည်” ဟု ဖွင့်ဆိုခဲ့သည်။ ယုဒ ၁၄-၁၅။ ဝေဒနာခံစား နေရသောညများတွင် ယောဘက “ငါ့ကိုရွေးနုတ်သောသခင်သည် အသက်ရှင်၍ နောင် ကာလ၌ မြေမှုန့်အပေါ်မှာပေါ်လာတော်မူမည်ဟူ၍ လည်းကောင်း -----ငါသည် ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍လည်း ကောင်းငါသိ၏” ဟု ကြွေးကြော်ခဲ့သည်။ ယောဘ ၁၉:၂၅-၂၇။ “ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ၊ မြေကြီးသည်လည်း ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းခြင်းရှိစေ၊ ----- အကြောင်းမူ ကားကိုယ်တော်သည် ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို----------- ဖြောင့်မတ်ခြင်းတရားနှင့် ---- စီရင်ဆုံးဖြတ်တော်မူလတ္တံ့” ဟု သမ္မာ ကျမ်းစာမှ ကဗျာဆရာများနှင့် ပရောဖက်များက ကြွလာခြင်းအ ကြောင်းကို ဝေဝေဆာဆာ ဖွဲ့နွဲ့သီကုံးကာ ဖေါ်ပြထားကြပါသည်။ ဆာလံ ၉၆:၁၁-၁၃။GCBur 315.2

    ဟေရှာယကလည်း “ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင် ကား၊ ငါတို့မြော်လင့်သော ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော် မူလိမ့်မည်။ ဤအရှင် ကား၊ ငါတို့မြော်လင့်သော ထာဝရဘုရားအရှင်တည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့” ဟု ဆိုပြန်၏။ ဟေရှာယ ၂၅:၉။GCBur 316.1

    တပည့်တော်များနှင့်ခွာ၍ ကောင်းကင်သို့တက်ကြွသွားခါနီး ကလေးတွင် ဝမ်းနည်းနေသောတပည့်တော်များကို နှစ်သိမ့်မှုရစေ ရန်ခရစ်တော်ကိုယ်တိုင်မိန့်တော်မူသည်ကား၊ “သင်တို့စိတ်နှလုံး ပူပန်ခြင်း မရှိစေနှင့်။---သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွား ရ၏။ GCBur 316.2

    ငါသည်သွား၍---တစ်ဖန်ပြန်လာကာ ငါရှိရာအရပ်၌ သင် တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်။” “လူသားသည် မိမိဘုန်းအာနုဘော် တော်ကိုဆောင်လျက် သန့်ရှင်းသော ကောင်း ကင်တမန်များအခြံအရံတို့နှင့် တကွ ကြွလာတော်မူသောအခါ ဘုန်း ရှိသော ပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌ လူမျိုးအပေါင်းတို့ ကို စုဝေးစေမည်” ဟူ၍ဖြစ်၏။ ယောဟန် ၁၄:၁-၃။ မဿဲ ၂၅:၃၁-၃၂။ “သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည့်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့” ဟု ကောင်းကင်တမန်များက ဒုတိယအကြိမ်ကြွလာခြင်းနှင့်ဆိုင်သော ကတိတော်ကို တမန်တော်တို့အား ထပ်ခါတလဲပြောခဲ့ကြသည်။ တမန် ၁:၁၁။ GCBur 316.3

    ရှင်ပေါလုကလည်း “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကိုမှုတ် ခြင်း နှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူလိမ့် မည်” ဟု သက်သေခံခဲ့ပါသည်။ ၁သက်၊ ၄:၁၆။ ပါမုတ်ကျွန်းမှ ပုရောဖက်ကလည်း “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော် မူသည်ဖြစ်၍ ကိုယ်တော်ကို ---- ရှိသမျှသောသူတို့သည် ရှုမြင်ရ ကြလိမ့်မည်” ဟု ဖွင့်ဆိုခဲ့သည်။ ဗျာ၊ ၁:၇။GCBur 317.1

    “လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံဖြစ်လေပြီ။ ထိုအရှင် ၏ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်။ “ထာဝရဘုရားသည် ခပ်သိမ်းသောလူမျိုးရှေ့မှာ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူလိမ့်မည်။” ဗျာ၊ ၁၁:၁၅။ ဟေရှာယ ၆၁:၁၁။ ခရစ်တော်ဒုတိယအကြိမ်ကြွလာ ပြီးသည့်နောက်တွင် နတ်ဆိုး၏ ကာလကြာရှည်စွာအုပ်စိုးမှု သည်အဆုံးသတ်သွားလိမ့်မည်။GCBur 317.2

    ထိုနောက်မှ မေရှိယအရှင်၏သာယာဝပြောသောနိုင်ငံကို တည်ထောင် လိမ့်မည်။ “ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာ ပေးတော်မူမည်။ သူ၏ ဆိတ်ညံရာအရပ်အလုံးစုံတို့ကို ချမ်းသာ ပေးမည်။ GCBur 317.3

    သူ၏တောကို ဧဒင်အရပ်ကဲ့သိုလည်းကောင်း၊ သူ၏လွင် ပြင်ကိုထာဝရဘုရား၏ ဥယျာဉ်ကဲ့သို့လည်းကောင်း ဖြစ်စေတော် မူမည်။” ဟေရှာ၊ ၅၁:၃။GCBur 317.4

    ခရစ်တော်ဘုရားကြွလာခြင်းသည် ခေတ်အဆက်ဆက် ယုံ ကြည်သူများ၏ မြော်လင့်ခြင်းဖြစ်သည်။ ဒုက္ခဆင်းရဲခြင်းနှင့် နှိပ်စက် ညှဉ်းပန်းခြင်းများခံစားနေရသော ကာလအတွင်း ကယ်တင်တော် မူသော အရှင်ယေရှုခရစ်၏ ဘုန်းအသရေတော်ထင်ရှားပေါ် ထွန်းခြင်းသည် မင်္ဂလာမြော်လင့်ခြင်းဖြစ်ခဲ့သည်။ GCBur 318.1

    ခရစ်တော်ဒုတိယအကြိမ်ကြွလာသောအခါ ခရစ်တော်၌ သေလွန်သူများသည် ရှင်ပြန်ထမြောက်ကာ ကျန်ကြွင်းသော အ သက်ရှင်သူများနှင့်အတူ လေထုထဲတွင် ခရစ်တော်ကိုကြိုဆိုရမည် ဖြစ်ကြောင်း၊ ဘုရားသခင်နှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည် ဖြစ်ကြောင်း၊ ထိုကြောင့် တစ်ယောက်ကိုတစ်ယောက် စကားအားဖြင့် နှစ်သိမ့်ပေးကြ စေလိုကြောင်း ရှင်ပေါလုက အားပေးထားပါသည်။ ၁သက်၊ ၄:၁၇။GCBur 318.2

    ရှင်ယောဟန်ကလည်း ပါမုတ်ကျွန်းပေါ်တွင်နေရစဉ် “ငါ သည်အလျင်အမြန်လာမည်မှန်ပေ၏” ဟု ကတိတော်ကို ကြားသိခဲ့ရရာ “သခင်ယေရှုကြွလာတော်မူပါ” ဟု အသင်းတော်မှ ဆု တောင်းသံများထွက်ပေါ်လာပါသည်။GCBur 318.3

    သူတော်စင်များနှင့် အာဇာနည်ကြီးများ၊ သမ္မာတရားအတွက် သက်သေခံခဲ့ကြသော မြေအောက်အချုပ်ခန်းများ၊ မီးပုံများနှင့် ကပ် တိုင်များသည် ထိုသူများ၏ ယုံကြည်ခြင်းနှင့် မြော်လင့်ခြင်းအကြောင်း ကို ခေတ်အဆက်ဆက် ဖွင့်ဟနေပါသည်။ ကိုယ်တော်ရှင်ကြွလာ သောအခါ မိမိ၏ ပုဂ္ဂလိကထမြောက်ခြင်းအတွက်လည်းကောင်း၊ အကျိုးဆက်အနေဖြင့် ထိုသူများ၏ ထမြောက်ခြင်းအတွက် လည်း ကောင်း အာမခံချက်ရထားပြီး ဖြစ်သဖြင့် ထိုသူတို့သည် သေခြင်းကို ရွံရှာ၍ သေခြင်းမမီနိုင်သည့် အထက်နေရာတွင်ရောက်ရှိနေကြ သည်” ဟု ခရစ်ယာန်တစ်ဦးက ဖွင့်ဆိုဖူးပါသည်။ ဝေါလ်ဒင်းဆီး များ၌လည်း ဤယုံကြည်ချက်မျိုးရှိသည်။ ဝစ်ကလစ်၊ လူးသာ၊ ကဲလ် ဗင်း၊ နောက်စ်၊ ရစ်ဒ်လေးနှင့် ဘက်စတာတို့၌လည်း ခရစ်တော်ကြွ လာခြင်းအတွက် ထိုယုံကြည်ခြင်းမျိုးရှိကြသည်။ တမန်တော်၊ အသင်း တော်၊ တောထဲမှမောရှေ တို့၏အသင်းတော်နှင့် ပြုပြင်ပြောင်းလဲ ရေးသမားများ၏ အသင်းတော်များ၌ ထိုကဲ့သို့သောယုံကြည်ချက်များ ရှိကြသည်။GCBur 318.4

    အနာဂတ္တိစကားများတွင် ခရစ်တော်ကြွလာခြင်းနှင့် ပတ်သက် သည့် ရည်ရွယ်ချက်နှင့် ကြွလာပုံကြွလာနည်းများအပြင် ကြွလာမည့် အချိန် နီးကပ်လာကြောင်းများကိုလည်း ဖေါ်ပြထားပါသည်။GCBur 319.1