Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဖန်ဆင်းရှင်ကိုကိုးကွယ်ရန်တောင်းဆိုသံတစ်ခု

    ဘုရားကိုကိုးကွယ်ရန် တာဝန်ရှိသည်ဆိုရာ၌ ကိုယ်တော်ရှင် မှာဖန်ဆင်းရှင် ဖြစ်နေသည့်ဆိုသည့်အချက်အပေါ်တွင် အခြေပြု ပါသည်။ “လာကြ၊ ပျပ်ဝပ်၍ကိုးကွယ်ကြကုန်အံ့။ ငါတို့ကိုဖန်ဆင်း တော်မူသော ထာဝရ ဘုရား၏ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။” (ဆာလံ ၉၅:၆။ ဆာလံ ၉၆:၅။ ၁၀၀:၃။ ဟေရှာ ၄၀:၂၅-၂၆။ ၄၅:၁၈။)GCBur 467.3

    ဖန်ဆင်းရှင်ကိုကိုးကွယ်ကြရန်နှင့် ဘုရားသခင်၏ပညတ် တော်များကို စောင့်ရှောက်ကြရန် လူသားများအား ဗျာ၊ ၁၄ တွင် တောင်းဆိုနေပါသည်။ ပညတ်တော်များမှ ပညတ်တစ်ပါးသည် ဘုရားသခင်အား ဖန်ဆင်းရှင်အဖြစ် ပြညွှန်ထားပါသည်။ “သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်၊ ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ----အကြောင်းမူကား၊ ထာဝရ ဘုရားသခင်သည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရား သည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။” ထွက်၊ ၂၀:၁၀-၁၁။GCBur 467.4

    “ငါသည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည် ဟုသင်တို့သည် သိမည်အကြောင်း ထိုဥပုသ်နေ့တို့ကို ငါနှင့်သင် တို့စပ်ကြားမှာ လက္ခဏာသက်သေ ဖြစ်စေကြလော့” ဟု ထာဝရ ဘုရားမိန့်မှာတော်မူ၏။ ယေဇကျေ ၂၀:၂၀။ စကြဝဠာတစ်ခုလုံး သည်ထိုဥပုသ်နေ့ကိုစောင့်ခဲ့ကြလျှင် လူသားများသည် ကိုးကွယ် စရာတစ်ခုအဖြစ် ဖန်ဆင်းရှင်ထံသို့ ပို့ဆောင်ခြင်း ခံကြရလိမ့်မည်။ ရုပ်တုကိုးကွယ်သူ၊ ဘုရားမဲ့ဝါဒသမား (သို့မဟုတ်) ဘုရားကို မယုံ ကြည်သူဟူ၍ ရှိတော့မည်မဟုတ်ချေ။ GCBur 468.1

    ထိုဥပုသ်နေ့ကို စောင့်ရှောက် ခြင်းသည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာစမ်းရေတွင်းမှစ၍ အရာခပ်သိမ်းတို့ကို ဖန်ဆင်းသည့် ဖန်ဆင်း ရှင်အပေါ်သစ္စာရှိသည့် လက္ခဏာ သက်သေဖြစ်ပါသည်။ ဘုရား သခင်ကိုကိုးကွယ်၍ ပညတ်တော်တို့ကို စောင့်ရှောက်ရန် မိန့်မှာ နေသောထိုသတင်းစကားသည် လူသားများအား အထူးသဖြင့် ပညတ် တော်ဆယ်ပါးမှ စတုတ္ထပညတ်ကိုစောင့်ရန် ဆင့်ဆိုနေခြင်း ဖြစ်သည်။GCBur 468.2

    ဘုရားသခင်၏ပညတ်တော်ကိုစောင့်၍ ယေရှု၌ယုံကြည် ခြင်းရှိသူများနှင့်မတူသည့် အခြားအဖွဲ့တစ်ခုအကြောင်းကို တတိယ ကောင်းကင်တမန်က ညွှန်ပြနေသည်မှာ “အကြင်သူသည် သားရဲနှင့် သူ၏ ရုပ်တုကိုကိုးကွယ်၍ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ခံသည် ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ဒေါသ ဖလား၌ လောင်းသောအမျက်တော်စပျစ်ရည်စစ်ကိုသောက်ရလိမ့် မည်” ဟူ၍ ဖြစ်၏။ ဗျာ၊ ၁၄:၉-၁၀။ ထိုသားရဲ၊ ထိုရုပ်တုနှင့် ထို တံဆိပ်တို့သည် မည်သည့်အရာကို ပုံဆောင်နေပါသနည်း။GCBur 468.3

    ဤပုံဆောင်မှုအသုံးအနှုန်းများကို ဗျာ၊ ၁၂ မှစ၍ တွေ့ရ ပါသည်။ ခရစ်တော်လူဇာတိကိုခံယူစဉ်က ကိုယ်တော်အား သုတ်သင် ပစ်ရန် ကြိုးစားခဲ့သောနဂါးကြီးသည် စာတန်ဖြစ်ကြောင်း ဗျာ၊ ၁၂:၉ တွင်ဖွင့်ဆိုထားသည်။ ကယ်တင်ရှင်ကိုသတ်ပစ်ရန် ဟေရုဒ်အား သူစေစားခဲ့သည်။ GCBur 469.1

    သို့ရာတွင် ခရစ်တော်နှင့်တကွ သူ၏နောက်လိုက်များအား ၁ရာစုအတွင်းက ဒုက္ခပေးခဲ့သူမှာ စာတန်၏ ကိုယ်စားလှယ်ရောမ အင်ပါယာဖြစ်နေပါသည်။ ထိုစဉ်က ထိုအင်ပါယာကြီးတွင် ရုပ်တု ကိုးကွယ်ခြင်းသည် လွှမ်းမိုးနေပါသည်။ ထိုကြောင့် နဂါးကြီးသည် ရုပ်တုကိုးကွယ်သောရောမကို ပုံဆောင်ပါသည်။GCBur 469.2

    ဗျာ၊ ၁၃ တွင် ထိုနဂါးကြီးက တန်ခိုးအာဏာပေးထားသည် ကျားသစ်နှင့်တူသော သားရဲတစ်ကောင်ကိုတွေ့ရသည်။ ထိုသားရဲ သည်ရောမအင်ပါယာ၏တန်ခိုးအာဏာကိုဆက်ခံသည့် ရဟန်းမင်း ၏အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည်ဟု ပရိုတက်စတင့်များက ယုံကြည် ပါသည်။ GCBur 469.3

    ထိုကျားသစ်နှင့် တူသော သားရဲနှင့် ပတ်သက်၍ ဗျာ၊ ၁၃:၅- ၇ တွင် ဖွင့်ဆိုထားသည်မှာ “ထိုသားရဲသည်လည်း ကြီးစွာသော စကားကိုလည်းကောင်း၊ ဘုရားသခင်ကို ပြစ်မှားသောစကားကို လည်းကောင်း ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၏။ ---- ဘုရားသခင် ကိုပြစ်မှားသောစကားအားဖြင့် နာမတော်နှင့်တဲတော်ကို လည်းကောင်း၊ ကောင်းကင်သားတို့ကိုလည်းကောင်း ပြစ်မှားခြင်းငှာ နှုတ်ကိုဖွင့် ထား၏။ သန့်ရှင်းသူတို့ကိုစစ်တိုက်၍ နိုင်ရသောအခွင့်ကိုရ၏။ အသီးသီးသော ဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်း တို့ကို အုပ်စိုးရသော အခွင့်ကိုလည်းရ၏” ဟူ၍ဖြစ်သည်။ ဗျာ၊ ၁၃:၅- ၇။ ဤအနာဂတ္တိဖွင့်ဆိုချက် သည် ဒံယေလ ၇ တွင်ဖွင့်ဆိုထားသည့် ချိုကလေးအကြောင်း ဖေါ်ပြထား ချက်နှင့် တူညီလုနီးပါးဖြစ်နေပါ သည်။GCBur 469.4

    ထိုသားရဲသည် ကြီးစွာသောစကားကို လည်းကောင်း၊ ဘုရား သခင်ကိုပြစ်မှားသောစကားကိုလည်းကောင်း ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍ လလေးဆယ့်နှစ်လပတ်လုံး (ဒံယေလ ၇ တွင် သုံးနှစ်ခွဲ (သို့မဟုတ်) ရက်ပေါင်း ၁၂၆၀) စီရင်ရသောအခွင့်ကိုရ၏။ ထို ကာလအတွင်း ရဟန်းမင်းအဖွဲ့သည် ဘုရားသခင်၏လူတို့အား ညှဉ်းပန်းရသော တန်ခိုးကိုရခဲ့ကြ၏။ GCBur 470.1

    ၎င်းပြင်ထိုကာလသည် အေဒီ ၅၃၈ ခုနှစ်တွင်စ၍ ၁၇၉၈ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။ ထိုအချိန်တွင် ရဟန်းမင်းကြီးသည် “သေလောက်သောဒဏ်ရာ” ရခဲ့သည်ဟု အနာဂတ္တိပြုထားသကဲ့သို့ သုံ့ပန်း တစ်ဦးအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပါသည်။GCBur 470.2