Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တတိယကောင်းကင်တမန်၏သတိပေးချက်

    သေမျိုးဖြစ်သောလူသားများကိုပြောသည့် သတိပေးချက်များ တွင် ကြောက်စရာအကောင်းဆုံးသောသတိပေးစကားကို တတိယ ကောင်းကင်တမန် သတင်းစကားတွင်တွေ့ရှိရပါသည်။ လူတိုင်း အောင်ပွဲဆင်နိုင်ခွင့်ရှိသည့် ဘုရားသခင်၏ တရားစီရင်ခြင်းအ ကြောင်းကို ကမ္ဘာကြီးအားသတိပေးခြင်း တည်းဟူသော၊ အရေးကြီး သောကိစ္စရပ်နှင့်စပ်လျဉ်းသည့် အကြောင်းများကို လူသားများအား အ သိမပေးဘဲ နေတော်မမူပါချေ။ ပထမကောင်းကင်တမန်သည် လူမျိုး အသီးသီးထံသို့ သတိပေးစကားပြောခဲ့သည်နည်းတူ တတိယ ကောင်းကင်တမန်သည်လည်း ထိုနည်းနှင်နှင် ကျယ်သောအသံဖြင့် တစ်ကမ္ဘာလုံးအား သတိပေးနေပါသည်။GCBur 483.1

    လူသားအားလုံးကို အဖွဲ့နှစ်ဖွဲ့သာခွဲခြားလိမ့်မည်။ တစ်ဖွဲ့မှာ ဘုရားပညတ်ကိုစောင့်၍ ယေရှု၌ယုံကြည်ခြင်းရှိသောသူများဖြစ်၍ ကျန်တစ်ဖွဲ့မှာ သားရဲ၏ရုပ်တုကိုကိုးကွယ်၍ သူ၏တံဆိပ်ကို လက်ခံ သူများ ဖြစ်ကြသည်။ အသင်းတော်သည် အစိုးရနှင့်ပူးပေါင်းကာ သားရဲ၏တံဆိပ်ကို လက်ခံရန် လူတို့အား အတင်းအကျပ်တိုက်တွန်း မည် ဖြစ်သော်လည်း ဘုရားသခင်၏သားသမီးများသည် ထိုတံဆိပ် ကိုလက်ခံကြလိမ့်မည် မဟုတ်ချေ။ “သားရဲနှင့်လည်းကောင်း၊ သူ၏ ရုပ်တုနှင့်လည်းကောင်း၊ သူ၏နာမအရေအတွက်နှင့်လည်းကောင်း လွတ်၍ အောင်မြင်သောသူတို့သည် ဘုရားသခင်၏ စောင်းတော် တို့ကိုကိုင်လျက် ဖန်ရေကန်နားမှာရပ်နေကြ သည်ကိုမြင်ရ၏” ဟု ပုရောဖက်ဖွင့်ဆိုထားပါသည်။ ဗျာ၊ ၁၅:၂။GCBur 483.2

    *****