Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထာဝစဉ်စောင့်ရှောက်ခဲ့သည့်ဥပုသ်နေ့အစစ်

    ထိုနေ့ရက်များမှသည် ယခုပစ္စုပ္ပန်အချိန်အထိ ထိုဥပုသ်နေ့ ကိုစိုက်လိုက်မတ်တတ် စောင့်ရှောက်ခဲ့ကြသည်။ ဒုစရိုက်လူသားသည် ဘုရားသခင်၏သန့်ရှင်းရာနေ့ကိုနင်းချေရန် ကြိုးစားနေသော်လည်း သစ္စာရှိယုံကြည်သူများသည် လျှို့ဝှက်နေရာများတွင် ဂုဏ်ပြုခဲ့ကြသည်။ ဘာသာရေးပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည့် အချိန်မှစ၍ ယနေ့ထက် တိုင် လူသားမျိုးဆက်အသီးသီးမှ လူတချို့သည် သတ္တမနေ့ဥပုသ်ကို စောင့်ရှောက်ခဲ့ကြပါသည်။GCBur 487.3

    ထာဝရ ဧဝံဂေလိတရားတော်နှင့် ဆက်နွှယ်နေသည့် ဤအမှန် တရားသည် ကြွလာတော့မည့်အချိန်တွင် ခရစ်တော်၏ အသင်းတော် ဖြစ်ကြောင်း ထင်ရှားစေလိမ့်မည်။ “ဘုရားသခင်၏ပညတ်တို့ကို လည်း ကောင်း၊ ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။” ဗျာ၊ ၁၄:၁၂။GCBur 488.1

    သန့်ရှင်းရာဌာနတော်နှင့် ပတ်သက်သည့် အလင်းတရားနှင့် ဘုရားသခင်၏ပညတ်တော်ကို ရရှိထားသူများသည် သမ္မာတရား၏ ဆီလျော် ညီညွတ်မှုများကို တွေ့ရှိသောအခါ ဝမ်းမြောက်ဝမ်းသာရှိကြ လိမ့်မည်။ GCBur 488.2

    ထိုသူတို့သည် ထိုအလင်းတရားကို ခရစ်ယာန်အားလုံးထံ သို့သွားရောက် ပေးဝေလိုကြသော်လည်း လောကနှင့်သဘောထားကွဲ လွဲသော အမှန်တရား များကို ခရစ်တော်နောက်လိုက်များကပင်လျှင် လက်ခံကြိုဆိုခြင်းမရှိပါချေ။GCBur 488.3

    ဥပုသ်နေ့ကိုစောင့်ရှောက်ရန် တင်ပြသည့်အခါတိုင်း “ငါတို့ တနင်္ဂနွေဥပုသ်စောင့်ခဲ့တာကြာပြီ။ ငါတို့မိဘတွေလည်း ဒီဥပုသ်ကိုပဲ စောင့်ခဲ့တာပဲ။ ဒီဥပုသ်ကိုစောင့်ရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ သေဆုံး သွားခဲ့တဲ့လူတွေ အများကြီးပါပဲ။ ဒီဥပုသ်အသစ်ကို စောင့်ရှောက်မယ် ဆိုရင် လူတွေနဲ့ကန့်လန့် ဖြစ်ကုန်လိမ့်မည်။ တနင်္ဂနွေဥပုသ်ကို……. စောင့်နေတဲ့ တစ်ကမ္ဘာလုံးနဲ့ဆန့်ကျင်ပြီး စနေဥပုသ်စောင့်တဲ့ လက် တစ်ဆုပ်စာလူစုကလေးက ဘာလုပ်နိုင်မှာလဲ” ဟု လူအများက ပြော ဆိုတတ်ကြပါသည်။ ခရစ်တော်ကိုလက်ခံဖို့ ငြင်းဆိုခဲ့သည့် ယုဒများက သူတို့ လုပ်ဆောင်ခြင်းကို မှန်ကန်သည်ဟု ပြောဆိုခဲ့ခြင်းနှင့် တူနေပါသည်။ GCBur 488.4

    ခရစ်ယာန် မှန်ရင် ကာတိုလိတ်ယုံကြည်ခြင်းဖြင့် သေဆုံး ကြသည်ဟု လူးသာအချိန်က ရဟန်းမင်းပြောဆိုခဲ့ခြင်းနှင့်လည်း တူနေပါသည်။ ထိုသို့သော ဆင်ခြေပေးမှု များသည် ယုံကြည်ခြင်းတိုး တက်မှုကို အဟန့်အတားဖြစ်စေပါသည်။GCBur 489.1

    တနင်္ဂနွေဥပုသ်စောင့်ခြင်းသည် ကမ္ဘာနှင့်အဝန်း ရာစုနှစ် ပေါင်းများစွာ ကြာကြာကျင့်သုံးခဲ့သော အသင်းတော်ဓလေ့ဖြစ်ကြောင်း တချို့ကပြောကြသည် နည်းတူ တချို့ကလည်း စနေဥပုသ်ကို ဤကမ္ဘာ ကြီးအား ဘုရားသခင် ဖန်ဆင်းပြီးကတည်းက စောင့်လာကြခြင်းဖြစ် ကြောင်း ဖွင့်ဆိုကြပါသည်။GCBur 489.2

    တနင်္ဂနွေဥပုသ်စောင့်ခြင်းနှင့်ပတ်သက်သည့် အထောက်အ ထားများကို သမ္မာကျမ်းစာတွင် မတွေ့ရသောအခါတွင် လူအများက “တို့ရဲ့ပညာတတ် ဘိုးဘေးတွေဟာ ဘာကြောင့်ဒီသတ္တမနေ့ဥပုသ်ကို မစောင့်ခဲ့ကြတာလဲ။ စနေနေ့မှာ ဥပုသ်စောင့်တဲ့ ခင်ဗျားတို့လို လူတွေ ကနည်းနည်းကလေးပဲ။ ပညတ်လူအများစုကမှားပြီး ခင်ဗျားတို့ လူအ နည်းစုကလေးက မှန်တယ် ဆိုတာတော့မဖြစ်နိုင်ဘူး” ဟု ငြင်းချက် ထုတ်ကြသည်။GCBur 489.3

    ဤကဲ့သို့သောငြင်းချက်များကို ဖြေရှင်းရန် လုပ်ဆောင်သင့် သည့် အရာမှာ သမ္မာကျမ်းစာကိုဖွင့်ကာ ခေတ်အဆက်ဆက်လူသား များအပေါ် ဘုရားသခင်ဆက်ဆံပြုမူပုံကိုလေ့လာရန်သာ ရှိတော့ သည်။ GCBur 489.4

    ပညာတတ်များနှင့် ရာထူးရာခံရှိသူများကို ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်း များတွင် ဦးဆောင်ရဿ် အခါအားလျော်စွာ ဘုရားသခင် မရွေးချယ်ရခြင်း၏ အကြောင်းမှာ ထိုသူများသည် မိမိတို့၏ယုံကြည် ချက်အပေါ်တွင်လည်းကောင်း အားကိုးပြီး ဘုရားသခင်၏ သွန်သင် မှုကိုမလိုအပ်တော့ဟု အထင်ရှိနေကြ သောကြောင့်ဖြစ်သည်။ GCBur 490.1

    ကျောင်းပညာနည်းသောသူများကို တစ်ခါတစ်ရံ ခေါ်ယူ အသုံးချရခြင်းမှာ ထိုသူများ၏ပညာမဲ့မှုကြောင့်မဟုတ်ဘဲ ၎င်းတို့၏ အသွန်သင်ခံမှုကြောင့်ဖြစ်ပြီး ၎င်းတို့သည် ကြီးကျယ်သောပုဂ္ဂိုလ်များ ဖြစ်လာသည်အထိ အသုံးချခြင်းခံခဲ့ရပါသည်။GCBur 490.2

    ရှေးခေတ်ဣသရေလများ၏ရာဇဝင်သည် မြော်လင့်ခြင်း အဖွဲ့၏အတိတ်အတွေ့အကြုံများနှင့် ထပ်တူထပ်မျှ ဖြစ်နေပါသည်။ ကိုယ်တော်ရှင် သည် ဣသရေလများအား အီဂျစ်ပြည်မှထုတ်ဆောင် လမ်းပြခဲ့သည်နည်းတူ မိမိ၏လူတို့ကို ကြွလာခြင်းဆိုင်ရာလှုပ်ရှားမှု တွင်လမ်းပြတော်မူခဲ့ပါသည်။ GCBur 490.3

    ၁၈၄၄ ခုနှစ်တွင် အမှုတော်ကိုစည်းလုံးညီညွတ်စွာ လုပ်ဆောင်ခဲ့သူအားလုံး သည် တတိယကောင်းကင်တမန် သတင်း စကားကိုရရှိကာ ဝိညာဉ်တန်ခိုး အပြည့်ဖြင့် ကြွေးကြော်ခဲ့ကြမည်ဆို လျှင် လွန်ခဲ့သောနှစ်ပေါင်းများစွာ ကတည်းက တစ်ကမ္ဘာလုံးအ လင်းတရားရရှိကာ ခရစ်တော်လည်း မိမိလူတို့ကို ကယ်တင်ဖို့ ကြွလာ တော်မူပြီးဖြစ်ခဲ့လိမ့်မည်။GCBur 490.4