Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မကျေမနပ်ဖြစ်ခြင်းမှ တက်ကြွသောပုန်ကန်မှုတစ်ခုသို့ပြောင်းလဲသွားခြင်း

    မကျေနပ်သောစိတ်သည် ပုန်ကန်ခြားနားလိုသည့် စိတ်သ ဘောထား သို့တိုင် ရင့်မှည့်လာသည်အထိ ထာဝရဘုရားသခင်သည် အနန္တဉာဏ်တော် အားဖြင့် စာတန်အား ဆက်လက်လုပ်ဆောင်ခွင့် ပေးတော်မူခဲ့ပါသည်။ ထိုကောင်းကင်တမန်များ၏ ဇာတိရုပ်မှန်ကို သတ္တဝါအပေါင်း မြင်တွေ့နိုင် စေရန်အလို့ငှာ စာတန်၏အကြံအစည် များသည် အဆုံးတိုင်ဖွံ့ဖြိုးလာဖို့ လိုအပ်ပါသည်။ လူစီဖာကိုကောင်း ကင်သားများက အလွန်ချစ်ကြရာ ၎င်းတို့ အပေါ် သက်ရောက် သည့်သူ၏ဩဇာလွှမ်းမိုးမှုမှာ အားကောင်းလှပါသည်။....... ဘုရားသခင်၏အုပ်စိုးမှုသည် ကောင်းကင်သားများအပေါ်တွင်သာ သက်ရောက်သည်မဟုတ်ဘဲ ဖန်ဆင်းခဲ့သမျှကမ္ဘာအားလုံးအပေါ်သို့ လည်း သက်ရောက်တော်မူသည်ဖြစ်ရာ ကောင်းကင်တမန်များအား သူနှင့်အတူ ပုန်ကန်လာအောင် စည်းရုံးနိုင်ခဲ့လျှင် အခြားကမ္ဘာများ ကိုလည်း စည်းရုံးနိုင်လိမ့်မည်ဟု သူထင်ခဲ့ပါသည်။ တစ်ပတ်ရိုက် ခြင်း၊ လိမ်လည်ခြင်း များနှင့်ပြီးသော သူ၏စွမ်းဆောင်မှုအားသည် ပြင်းထန်လှရာ သစ္စာရှိသော ကောင်းကင်တမန်များသည်ပင် သူ၏ စာရိတ္တကို ပြည့်စုံစွာနားလည်နိုင်စွမ်း မရှိတော့ချေ။ သူ၏လုပ်ဆောင် မှုသည် မည်သည့်အရာကိုဦးတည်နေသည်ကို မသိနိုင်ကြတော့ချေ။GCBur 539.2

    စာတန်သည် မြင့်မားသောချီးမြှောက်ခြင်းကိုခံရသည်ဖြစ်ရာ သူလုပ် ဆောင်မှု၏ စစ်မှန်သောသဘာဝကို ကောင်းကင်တမန်များ နားလည်ရန် ခက်ခဲသည့်အခြေအနေသို့ရောက်သည့်တိုင်အောင် လုပ် ဆောင်မှုအပေါင်းကို နက်နဲမှုများဖြင့် လွှမ်းခြုံထားပါသည်။ ထိုကြောင့် သူ၏လုပ်ဆောင်မှုများသည် အဆုံးတိုင်မဖွံ့ဖြိုးသေးလျှင် အပြစ် သည်ဒုစရိုက်ဖြစ်သည်ဆိုသည့်အချက်ကို ပုံပေါ်နိုင်ဦးမည် မဟုတ် ချေ။ GCBur 540.1

    ၎င်းပြင် ဘုရားသခင်၏ ပညတ်တော်များကို ဘေးဖယ်ထား ခြင်း၏အကျိုးဆက်ကိုလည်း သန့်ရှင်းသောကောင်းကင်သားများ သိမြင်နိုင်ကြမည်မဟုတ်ချေ။ ဘုရားသခင်၏အသရေနှင့် ကောင်း ကင်သား များ၏ကောင်းကျိုးကိုမြှင့်တင်ပေးရန် ကြိုးစားနေခြင်းဖြစ် သည်ဟု အစပထမတွင် စာတန်ဖွင့်ဆိုခဲ့ပါသည်။GCBur 540.2

    ထာဝရဘုရားသခင်သည် အပြစ်တရားကို ကိုင်တွယ်ဖြေ ရှင်းရာတွင် ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားကိုသာ အသုံးပြုတော် မူခဲ့သော်လည်း စာတန်မှာမူ မြှောက်လုံးပင်လုံးများနှင့် လှည့်ဖြားမှု များကိုအသုံးပြုခဲ့သည်။ ထိုလုယူသူ၏ဇာတိရုပ်မှန်ကို လူအပေါင်းနား လည် ကြရမည်ဖြစ်ရာ မိမိ၏ဆိုးညစ်သောလုပ်ရပ်များအားဖြင့် မိမိ ၏အခြေအနေ မှန်ကိုဖော်ပြရန် သူအချိန်ယူလုပ်ဆောင်ရပါမည်။GCBur 540.3

    စာတန်သည် မိမိကိုယ်တိုင် ကောင်းကင်နိုင်ငံတွင် ဖန်တီး ခဲ့သည့် စည်းလုံးမှုပျက်ပြားသွားခြင်းကိုလည်း ဘုရားသခင်ကြောင့် ထိုသို့ဖြစ်ရသည်ဟု စွပ်စွဲခဲ့သည်။ ဒုစရိုက်အားလုံးသည် ဘုရားသ ခင့်အုပ်ချုပ်ရေး၏ရလဒ် ဖြစ်သည်ဟု သူဖွင့်ဆိုခဲ့သည်။ GCBur 541.1

    ထိုကြောင့် ဘုရား၏ပညတ်တွင် ပြောင်းလဲမှုများ ရှိသည်ဆို သော သူ့ဖွင့်ဆိုချက်၏ရလဒ်ကို သူလက်တွေ့ပြဖို့ ရှောင်လွှဲ၍ မရတော့ချေ။ သူ၏ကိုယ်တိုင်လုပ်ရပ်က သူ့ကိုအပြစ်စီရင်သွားပေ မည်။ ထိုလှည့်ဖြားသူကြီး၏ဇာတိရုပ်မှန်ကို စကြဝဠာတစ်ခုလုံးက မြင် တွေ့ကြရပါသည်။GCBur 541.2

    ထာဝရဘုရားသည် သူ့အားကောင်းကင်နိုင်ငံ၌ ဆက်လက် နေထိုင်ခွင့် မပေးတော့သော်လည်း ဖျက်ဆီးပစ်တော်မမူချေ။ ဖန်ဆင်းခြင်းခံခဲ့ရသည့် ဝေနေယျသတ္တဝါများက ကိုယ်တော်ရှင်အပေါ် ထားရှိသည့် သစ္စာစောင့်သိမှု သည် ကိုယ်တော်၏တရားမျှတမှုကို သဘောပေါက်နားလည်မှုအပေါ်တွင် အခြေပြုပါသည်။ ထိုအချိန် တွင်စာတန်အား ဖျက်ဆီးပစ်လိုကမည်ဆိုလျှင် အပြစ်၏အကျိုးဆက် အကြောင်းကိုနားလည်ရန် အဆင်သင့်မရှိသေးသည့် ကောင်းကင် သားများအပါအဝင် ကမ္ဘာအသီးသီးမှ ကမ္ဘာသူကမ္ဘာသား အပေါင်း တို့သည် ဘုရား၏ကျေးဇူးတော်နှင့် ကရုဏာတော်ကို နားလည်နိုင်စွမ်း ရှိကြလိမ့်မည်မဟုတ်ချေ။ အကယ်၍သာ ထိုစဉ်က စာတန်အား သုတ်သင်ပစ်ခဲ့မည်ဆိုလျှင် ၎င်းတို့သည် ဘုရားကို ချစ်သောကြောင့် သစ္စာခံခြင်းမဟုတ်ဘဲ ကြောက်ရွံ့သောကြောင့် သစ္စာခံခဲ့ခြင်းသာ ဖြစ်ခဲ့လိမ့်မည်။ GCBur 541.3

    သို့ဖြစ်လျှင် ကိုယ်တော်သည် စာတန်၏ဩဇာလွှမ်းမိုးမှု ကိုလည်းကောင်း၊ ပုန်ကန်ခြားနားလိုသည့်စိတ်ဓါတ်ကိုလည်းကောင်း အမြစ်ပါမကျန် ချေမှုန်းနိုင်တော့မည်မဟုတ်ချေ။ ဝေနေယျသတ္တဝါ များက ဘုရား၏အုပ်ချုပ်ရေးအပေါ် ၎င်းစွပ်စွဲထားမှုများကို အမြင် ရှင်းသွားစေရန် အလို့ငှာ စကြဝဠာတစ်ခုလုံး၏အကျိုးအတွက် စာတန် သည် မိမိ၏နိယာမ စည်းမျဉ်းများကို အဆုံးစွမ်ဖွံ့ဖြိုးအောင် ခေတ်အ ဆက်ဆက် လုပ်ဆောင်ရပါမည်။GCBur 542.1

    စာတန်၏ပုန်ကန်ခြားနားမှုသည် စကြဝဠာအတွက် အပြစ် ၏ကြောက်စရာဆိုးကျိုး၏ သက်သေခံချက်တစ်ခုဖြစ်ခဲ့ပါသည်။ သူ၏ အုပ်ချုပ်မှုသည် ဘုရား၏အာဏာတော်ကို ဘေးဖယ်ထားခြင်း၏ အ သီးအပွင့်ကိုဖော်ပြနေပါသည်။ ပုန်ကန်ခြားနားမှုဆိုင်ရာ ကြောက်စ ရာကောင်းသည့်စမ်းသပ်မှုအဖြစ်အပျက်များကို သာဓကယူကာ သန့် ရှင်းသော ကောင်းကင်သားများသည် အပြစ်တရားနှင့် အပြစ်ဒဏ်စီ ရင်ချက်မှ မိမိကိုယ်ကို ကယ်နုတ်ရန် ထာဝရတည်မြဲသည့် အကာအ ကွယ်တစ်ခုဖြစ်ခဲ့ပါသည်။GCBur 542.2

    လုယူသူလူစီဖာနှင့်တကွ အပေါင်းပါများအား ကောင်းကင် ရွှေနန်းမှ နှင်ထုတ်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်သောအချိန် တွင် သူသည် ဖန်ဆင်းရှင်၏ပညတ်တော်ကို ရဲတင်းပွင့်လင်းစွာ စော် ကားခဲ့ပါသည်။ GCBur 542.3

    ဘုရား၏ ပညတ်တော်များသည် လွတ်လပ်မှုကို ထိန်းချုပ် သောအရာသာ ဖြစ်ကြောင်း သူဖွင့်ဆိုကာ ထိုပညတ်တော်ကို ဖျက် သိမ်းပစ်လိုသည့် မိမိ၏ ဆန္ဒကို သူကြေညာခဲ့ပါသည်။ ကောင်းကင်သားများသည် အထိန်းအချုပ်ကင်းမဲ့ပါလျှင် ပို၍မြင့်မြတ် သော အခြေအနေသို့ဝင်စားရလိမ့်မည်ဟုလည်း သူကြွေးကြော်ခဲ့ပါ သည်။GCBur 542.4