Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်၏ပညတ်တော်ကိုဘေးဖယ်ထားခြင်း

    ဘုရားသခင်၏ပညတ်တော်ကို အလေးမထားရန် သွန်သင် နေကြသူများသည် နားမထောင်မှုကိုရိတ်သိမ်းရန်အတွက် နားမ ထောင်မှုကို စိုက်ပျိုး နေကြပါသည်။ ဘုရားသခင်၏ပညတ်တော်က ပြ ဋ္ဌာန်းထိန်းချုပ်ထားသည့် အရာများကို လုံးလုံးဖယ်ရှားလိုက်ပါလျှင် လူ သားများပြဋ္ဌာန်းထားသည့် ဥပဒေ များကိုလည်း မကြာမီမှာပင် ဂရု ထားကြတော့မည်မဟုတ်ချေ။ ဘုရား၏ ပညတ်တော်များကိုပစ် ပယ်ခြင်းကြောင့် ဖြစ်ပေါ်လာသောရလဒ်များသည် ၎င်းတို့ မျှော် လင့်မထားသည့် ရလဒ်များကဲ့သို့ ဖြစ်နေလိမ့်မည်။ ဥစ္စာပစ္စည်း များလည်း လုံခြုံမှုရှိတော့မည်မဟုတ်ဘဲ လူတို့သည် အိမ်နီးချင်း၏ ပစ္စည်းကို အကြမ်းဖက်လုယက်ကြတော့မည်။ ခွန်အားအကောင်းဆုံး ပုဂ္ဂိုလ်သည် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာပေတော့မည်။ အသက် ကိုလည်း တန်ဖိုးထား ကြတော့မည်မဟုတ်ချေ။ လက်ထပ်ကတိများ သည်လည်း မိသားစုကို ကာကွယ်သည့် ကတုတ်ကျင်းများအဖြစ် ဆက် လက်ရပ်တည်နိုင်ကြတော့မည် မဟုတ်ချေ။ အာဏာရှိသူက အိမ်နီးချင်း ၏ဇနီးကို အကြမ်းဖက်သိမ်းပိုက် ကြတော့မည်။ GCBur 636.3

    ပဉ္စမပညတ်ကိုလည်း စတုတ္ထပညတ်နှင့်အတူဘေးဖယ်ကာ သားသမီးများတို့သည် မိမိတို့၏ဇာတိပကတိအလိုကိုဖြည့်စေရန် ၎င်းတို့၏ မိဘများကိုပင် သတ်ဖို့ဝန်လေးကြတော့မည်မဟုတ်ချေ။ ယဉ်ကျေးသော ဤကမ္ဘာကြီးသည် လုယက်သူဓါးပြများနှင့် လုပ်ကြံသူ လူသတ်သမားများ၏ စုဝေးရာနေရာတစ်ခု ဖြစ်လာပေတော့မည်။ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း များသည် ဤကမ္ဘာမှပျောက်လွင့်သွား ကြပေတော့မည်။GCBur 637.1

    ဤယုံကြည်ချက်သည် ဤကမ္ဘာတွင် ဒုစရိုက်မှုများတိုးပွား လာစေရန် လမ်းဖွင့်ထားပြီးဖြစ်သည်။ ဥပဒေမဲ့လုပ်ရပ်များနှင့် စာရိ တ္တပျက်ပြားမှုများသည် ဒီရေအလား ကမ္ဘာကြီးကိုဖုံးလွှမ်းထားပါသည်။ GCBur 637.2

    သူတော်ကောင်းဟန် ဆောင်ခြင်း၊ တစ်ဦးအပေါ်တစ်ဦးစိမ်း ကားခြင်း၊ တစ်ဦးကိုတစ်ဦး သစ္စာဖောက် ခြင်းနှင့် ကာမဂုဏ်လွန် ကျူးခြင်းများကို ခရစ်ယာန်အိမ်ထောင်များထဲမှာပင် တွေ့နေရပါ သည်။ဘာသာရေးစည်းမျဉ်းများနှင့် လူမှုရေးအုတ်မြစ်များမှာမူ ပြိုလဲကျတော့မယောင် ယိမ်းယိုင်နေသည့်အုတ်ပုံကြီးနှင့်တူနေပါသည်။ ယုတ်မာသည့်ရာဇဝတ်သားများကို မက်မောလောက်သည့်ဂုဏ်ထူး ရများကဲ့သို့ သူတစ်ပါးအာရုံပြုလာအောင် မကြာခဏလုပ်တတ်ပါ သည်။၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုလည်း အကြီးအကျယ် ကျော်ကြားအောင် ကြေညာပေးတတ်ကြပါသည်။ GCBur 637.3

    စာပုံနှိပ်တိုက်များကလည်း မကောင်းမှုဒုစရိုက်များကို ရွံစရာ ကောင်းလောက်အောင် အသေးစိတ်ဖော်ပြကာ အခြားသူများအား လှည့်ဖြားမှု၊ ဓါးပြမှုနှင့် လူသတ်မှုများကိုကျူးလွန်စေရန် အစပျိုးထား နေကြပါသည်။ မကောင်းမှုဒုစရိုက်များကိုစွဲလမ်းခြင်း၊ ချုပ်တည်းမှု ကင်းမဲ့ခြင်းနှင့် မတရားမှုများသည် လူအပေါင်းတို့အား နိုးဆွပါလိမ့် မည်။ ဤဒုစရိုက်ဒီလှိုင်းကြီးကိုတားရန် မည်သို့လုပ်ဆောင်ကြ မည်နည်း။GCBur 638.1