Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စာတန်ကိုနယ်နှင်ဒဏ်ပေးခြင်း

    အပြစ်ဖြေရာနေ့တွင် နောက်ဆုံးကျင်းပသည့်အခမ်းအနား အားဖြင့် ကြိုတင်ပုံရိပ်ပြခဲ့သောအရာသည် ယခုတွင် အမှန်တကယ် ဖြစ်ပျက်ချေပြီ။ အပြစ်ဖြေရာယဇ်၏အသွေးအားဖြင့် တဲတော်တွင် တင်ကျံနေသောဣသရေလ များ၏ အပြစ်များကို ဖယ်ရှားပြီးသောအ ချိန်တွင် စကိပ်ဂုတ်ဟုခေါ်သည့် ဆိတ်ကို အရှင်လတ်လတ် ဘုရား သခင့်ရှေ့တော်တွင် ဆက်ကပ်ပါသည်။ ထိုနောက် ယဇ်ပုရောဟိတ် မင်းကြီးသည် “အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဖက်ကို တင်လျက် ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအ ပြစ်အမျိုးမျိုးရှိသမျှတို့ကိုဖေါ်ပြ၍ ဆိတ်ခေါင်းပေါ်မှာတင်၏။” ဝတ်ပြုရာ ၁၆:၂၁။ ထိုနည်းနှင်နှင်ပင် ကောင်းကင်ဗိမာန်တော် ၌ဆောင်ရွက်နေသော အပြစ်ဖြေရာအမှုတော်ပြီးစီးသောအခါ ယုံကြည်သူသားသမီးများ၏ အပြစ်များကို ဘုရားသခင်ရှေ့၊ ကောင်း ကင်တမန်တို့ရှေ့၊ ကယ်တင်ခြင်းခံရ သူများရှေ့တွင် စာတန်အပေါ် သို့တင်တော်မူလိမ့်ည်။ သူ့စနက်ကြောင့် ဖြစ်ပွားခဲ့သော မကောင်း မှုများအတွက် သူ၌အပြစ်ရှိကြောင်း ကြေညာခြင်း ခံရလိမ့်မည်။ လူသူကင်းမဲ့သောတောထဲသို့ စကိပ်ဂုတ်အား လွှတ်ခဲ့သကဲ့သို့ စာတန် အားလည်း လူသူကင်းမဲ့သောဤကမ္ဘာတွင် အထီးကျန်နေ စေတော်မူ လိမ့်မည်။GCBur 716.1

    ခရစ်တော်၏ ကြွလာခြင်းဆိုင်ရာမြင်ကွင်းကိုတင်ဆင်ပြီး နောက်ယောဟန်က ဆက်လက်၍ “တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်း ကင်ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်းမာရ်နတ် စာ တန်တည်းဟူသော နဂါးကိုကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ ချည်နှောင် လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မ လှည့်ဖြားရမည့်အကြောင်း အနက်ဆုံးသောတွင်းထဲသို့ ချပစ် လှောင် ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ တစ်ဖန် ခဏ လွှတ်ရဦးမည်” ဟု ဖွင့်ဆိုပြန်၏။ ဗျာ၊ ၂၀:၁-၃။GCBur 717.1

    ထို “အနက်ဆုံးသောတွင်း” မှာ ရှုပ်ထွေးမှောင်မိုက်နေသော ဤကမ္ဘာကြီးကို ပုံဆောင်ပါသည်။ ဘုရားသခင်၏ကြီးမြတ်သော ထိုနေ့ကြီးကို မျှော်ကြည့်လျက် ယေရမိက “ငါသည် မြေကြီးကိုကြည့် ရှု၍ လွတ်လပ်လဟာဖြစ်၏။ GCBur 717.2

    မိုးကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ၊ တောင် တို့ကိုလည်း ငါကြည့်ရှု၍ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။ ငါကြည့်ရှု၍ ဝပြောသောပြည်သည် တောဖြစ်လေပြီ။ မြို့များတို့သည် ပြိုပျက်လျက်ရှိကြ၏။ ထာဝရ ဘု ရားရှေ့၊ ပြင်းစွာသောအမျက်တော်ရှေ့၌ ထိုသို့သောအချင်းအရာ တို့သည်ဖြစ်ရကြ၏။ ယေရမိ ၄:၂၃-၂၆။GCBur 717.3

    ဤနေရာသည် စာတန်နှင့်သူ၏နတ်ဆိုးများ အနှစ်တစ် ထောင်ကြာ စံမြန်းရမည့်အိမ်ဂေဟာဖြစ်သည်။ သူ့အား ဤကမ္ဘာ မှတစ်ပါး အခြားသော အပြစ်တွင် ကျဆုံးခြင်းမရှိသေးသည့် ကမ္ဘာများသို့ သွားရောက်စုံစမ်းနှောက်ယှက်ခြင်းမပြုရန် တားမြစ်ထားတော်မူသည်။ ဤအနေအထားကို “ချည်နှောင်” သည်ဟူသောဝေါဟာရဖြင့် အသုံးပြု ဖေါ်ပြထားပါသည်။ GCBur 717.4

    သူ၏တန်ခိုးကိုအသုံးပြုကာ စုံစမ်းနှောက်ယှက်ရမည့်သူ တစ်ဦးတစ်ယောက်မျှမရှိလေရာ။ သူအလွန်နှစ်သက်မြတ်နိုးသည့် လှည့်ဖြားခြင်း၊ ဖျက်ဆီးခြင်းအလုပ်များကို မလုပ်နိုင်အောင် ဖြတ် တောက်ခြင်း ခံနေရပါသည်။GCBur 718.1

    စာတန်ရင်ဆိုင်ရမည့် ထိုထိုးနှိပ်ချက်ကိုမျှော်ကြည့်ကာ ဟေ ရှာယက “အိုနံနက်သားမိုးသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည်တို့ကို နှိပ်စက်သောသင်သည် မြေတိုင် အောင်ခုတ်လှဲခြင်းကို ခံရလေပြီတကား။ သင်ကလည်း ကောင်းကင် ပေါ်သို့ငါတက်မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော်တောင်ပေါ်မှာ ငါထိုင်မည်။ မိုးတိမ်ထိပ် ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံးသော ဘုရား သခင်ကဲ့သို့ ငါနေမည်ဟု စိတ်အကြံ ရှိလေပြီ။ သို့သော်လည်း သင် သည်မရဏာနိုင်ငံသင်္ချိုင်းတွင်းထဲသို့ နှိမ့်ချခြင်းကိုခံရလေပြီ။GCBur 718.2

    သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင် မြေကြီးကိုတုန်လှုပ်စေ၍ တိုင်းနိုင်ငံများကိုလှုပ်ချောက်သောသူကား ဤသူလော။ GCBur 718.3

    လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ၍ မြို့များကိုဖျက်ဆီး သောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တစ်ဖန်မလွှတ်သော သူကား ဤသူလော” ဟူ၍ ဖွင့်ဆိုခဲ့ပါသည်။ ဟေရှာ ၁၄:၁၂-၁၇။GCBur 718.4

    စာတန်သည် အနှစ် ၆၀၀၀ တိုင်တိုင် ဘုရားသခင်၏သားသမီး များကို စိုးမိုးခဲ့သော်လည်း ခရစ်တော်သည် ထိုစိုးမိုးချုပ်နှောင်မှု များကိုဖျက်ဆီးကာ အချုပ်ခံရသူများအား လွှတ်ပေးတော်မူခဲ့ သည်။မကောင်း ဆိုးဝါးကောင်းကင်တမန်များနှင့် သူကိုယ်တိုင်မှာမူ အပြစ်၏ အကျိုးသက်ရောက်မှုကို သိရှိထားပါသည်။ “အပြည်ပြည် သော ရှင်ဘုရင် အပေါင်းတို့သည် အသီးအသီး မိမိတို့သင်္ချိုင်း၌ ဘုန်းအသရေနှင့်အိပ်ကြ၏။ သင့်ကိုမူကား ရွံရှာဖွယ် သောသစ်ခက်ကဲ့သို့ သင်္ချိုင်းထဲက ထုတ်ပစ်ရ၏။----သူတစ်ပါးတို့နှင့် ရောနှော၍ သင်္ဂြိုဟ်ခြင်းကိုမခံရ။ အကြောင်းမူကား မိမိပြည်ကို ဖျက်ဆီးပြီ။ မိမိအမျိုးသားချင်းအလျင်းမရှိရ” ဟု ပြောဆိုကြလိမ့်မည်။ ဟေရှာ ၁၄:၁၈-၂၀။GCBur 718.5

    စာတန်သည် ဘုရားသခင်၏ပညတ်တော်ကို ဆန့်ကျင်ခြင်း ၏ရလဒ်များကို နှစ်ပေါင်း ၁၀၀၀ တိုင်တိုင်တွေ့မြင်နေရလိမ့်မည်။ သူခံစားရသည့် ဝေဒနာမှာ ပြင်းထန်လှပါသည်။ ပုန်ကန်မှုစကတည်း ကမိမိလုပ်ဆောင်ခဲ့သည့် အပိုင်းကဏ္ဍများကို ပြန်လည်သုံးသပ်ရန် လည်းကောင်း၊ ပြစ်ဒဏ်ခံရမည့် ကြောက်စရာအနာဂတ်ကို ကြောက်ရွံ့ တုန်လှုပ်စွာမျှော်ကြည့်ရန်လည်းကောင်း ယခုတွင် သူ့အား အခွင့်အ ရေးပေးထားတော်မူပါသည်။GCBur 719.1

    ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်းနှင့် ဒုတိယအကြိမ် ရှင်ပြန် ထမြောက်ခြင်းအကြားရှိ နှစ်ပေါင်း ၁၀၀၀ အချိန်အတောအတွင်း၌ လူယုတ်မာများကို တရားစီရင်မည်ဖြစ်သည်။ ထိုတရားစီရင်ခြင်း အမှုတော်ကို ဒုတိယအကြိမ်ကြွလာတော်မူပြီးနောက် ဆက်တိုက်လုပ် ဆောင်တော် မူမည်အကြောင်း ရှင်ပေါလုက ၁ကော၊ ၄:၅ တွင် ထောက်ပြထားပါသည်။ ထိုအချိန်တွင် ဖြောင့်မတ်သူများသည် ရှင် ဘုရင်များ၊ ယဇ်ပုရောဟိတ်များကဲ့သို့ စိုးစံနေကြလိမ့်မည်။GCBur 719.2

    “ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည် တရားစီရင် ရသောအခွင့်ကိုရကြ၏။ ----သူတို့သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ် ထောင်ပတ်လုံး ခရစ်တော်နှင့် အတူစိုးစံရကြလိမ့်မည်။” ဗျာဒိတ်ကျမ်း ၂၀:၄-၆။GCBur 720.1

    ထိုအချိန်တွင် “သန့်ရှင်းသူတို့သည် လောကီနိုင်ငံကို တရား စီရင်မည်။” ၁ကော၊ ၆:၂။ ထိုသူတို့သည် ခရစ်တော်နှင့်အတူ လူယုတ် မာများအား ၎င်းတို့၏လုပ်ရပ်များအတိုင်း တရားစီရင်ကြလိမ့်မည်။ ထိုနောက် ထိုလူယုတ်မာများခံရမည့်ပြစ်ဒဏ်များကို မရဏာစာစောင် တွင် ၎င်းတို့၏ အမည်များနှင့်ယှဉ်တွဲဖေါ်ပြထားသည့် ဒုစရိုက်အ ကျင့်များ အလျောက် စီရင်ချက်ချပါသည်။GCBur 720.2

    စာတန်နှင့် ၎င်း၏နတ်ဆိုးများသည် ခရစ်တော်နှင့် ကိုယ်တော် ၏ တပည့်တော်များ၏တရားစီရင်ခြင်းကိုခံကြရပါသည်။ “ငါတို့သည် ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြသလော” ဟု ရှင် ပေါလု ဖွင့်ဆိုထားသည်။ ၁ကော၊ ၆:၃။ ယုဒကလည်း “မိမိတို့အခွင့် အရာကိုမစောင့်၊ မိမိတို့နေရာအရပ်ကိုစွန့်ပစ်သော ကောင်းကင်တ မန်တို့ကို ကြီးစွာနေသာနေ့၌ စစ်ကြောစီရင်ခြင်းအလို့ငှာ ထာဝရ ချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။” ယုဒ ၆။GCBur 720.3

    နှစ်ပေါင်း ၁၀၀၀ အဆုံးတွင် ဒုတိယအကြိမ်ရှင်ပြန်ထ မြောက်ခြင်း ရှိပါသည်။ ထိုအချိန်တွင် လူယုတ်မာများသည် တစ် ဖန်ရှင်ပြန်လာကြကာ “မှတ်သားသောအပြစ်စီရင်ခြင်း” ကိုခံယူရန် ဘုရားသခင့်ရှေ့တော်မှောက်တွင် ခံစားကြရပါသည်။ (ဆာလံကျမ်း ၁၄၉:၉)။ ထိုကြောင့် ရှင်ယောဟန်က “ကြွင်းသော လူသေတို့သည် ထိုအနှစ်တစ်ထောင်မကုန်မီ အသက်မရှင်ရကြ” ဟု ဖွင့်ဆိုခဲ့ပါသည်။ ဗျာ၊ ၂၀:၅။ ထိုလူယုတ်မာများနှင့်ပတ်သက်၍ ဟေရှာ ယကလည်း”သူတို့သည် တွင်းထဲမှာတစ်စုတည်းစုဝေး၍ ချည်နှောင် ခြင်း၊ ထောင်ထဲမှာချုပ်ထားခြင်းကို ခံလျက်နေရကြလိမ့်မည်။ များစွာသောနေ့ရက်ကာလလွန်ပြီးမှ စစ်ကြောခြင်းကို ခံရကြလိမ့် မည်” ဟု ဖွင့်ဆိုထားပါသည်။ ဟေရှာ ၂၄:၂၂။GCBur 720.4

    *****