Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စာတန်ရှုံးနိမ့်ခြင်း

    ထိုလူယုတ်မာများသည် ခရစ်တော်ဘိသိက်ခံနေသည် ကိုကြည့်ရင်း မှင်သက်သလိုဖြစ်နေကြပါသည်။ ကိုယ်တော်၏ လက်ထဲတွင် ၎င်းတို့ အထင်သေးခဲ့သည့် ပညတ်တော် (၁၀) ပါး ကျောက်ပြား (၂) ချပ်ကို ကိုင်ထားတော်မူသည်ကို သူတို့တွေ့ကြသည်။ ကယ်တင်ခြင်းခံရသူများ၏ ချီးမွမ်း ထောမနာသံများပေါက်ကွဲလာ သည်ကိုလည်း သူတို့ကြားရ၏။ ထိုအသံများသည် မြို့အပြင် တွင်ရှိနေသော လူထုကြီးထံအထိ ရောက်သွားရာ ၎င်းတို့အားလုံးက “လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏အကျင့်ဓလေ့တို့သည် ဖြောင့်မတ် ဟုတ်မှန်ကြပါ၏” ဟု ကြွေးကြော်ကာ ခရစ်တော်၏ရှေ့တွင် ပျပ်ဝပ် ကာ ကိုးကွယ်ကြပါသည်။ ဗျာ၊ ၁၅:၃။GCBur 731.1

    စာတန်သည် တစ်ခြမ်းသေသွားသယောင်ဖြစ်သွားပါသည်။ တစ်ချိန်က လွှမ်းမိုးသောခေရုဗိမ်တစ်ပါးဖြစ်ခဲ့သော ထိုသူသည် မိမိကျဆင်းလာခဲ့သော နေရာကို သတိရမိနေသည်။ မိမိအား ဂုဏ်ပြုခဲ့ သည့်ကောင်စီမှလည်း မိမိအား ရာသက်ပန်ထုတ်လိုက်ချေပြီ။ ထာဝရ ဘုရားသခင်အနီးတွင်ခစားနေသော ကောင်းကင်တမန်တစ်ပါးကို ယခုတွင် သူမြင်လိုက်ရရာ ထိုကောင်းကင်တမန် ထမ်းရွက်နေသော ရာထူးတာဝန်မှာ ငါလုပ်ဆောင်ခဲ့ရသောရာထူးတာဝန် ပါတကားဟု သူသဘောပေါက်ထားပါသည်။GCBur 731.2

    မိမိ၏အပြစ်ကင်းသည့်ဘဝနှင့် ပုန်ကန်ခြားနားမှုမပြုမီအ ထိမိမိရခဲ့သည့် ငြိမ်သက်ခြင်း၊ ကျေနပ်ရောင့်ရဲမှုများကို သူပြန်၍ သတိ ရမိပါသည်။ လူသားများအချင်းချင်း ပြဿနာဖြစ်အောင် မိမိ လုပ်ဆောင်ခဲ့သည့်အရာများကိုလည်း သူပြန်လည်ရှုမြင်မိပါသည်။ လူ သား အချင်းချင်းရန်ငြိုးဖွဲ့အောင်လုပ်ဆောင်ခြင်း၊ အသက်များကို သတ်ခဲ့ခြင်း၊ တိုင်းပြည်အုပ်ချုပ်ရေးများကိုမှောက်လှန်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်စေခြင်း၊ တိုက်လှန်ပွဲနှင့်တော်လှန်ရေးများဖြစ် ပေါ်စေခြင်း စသည့် မိမိ၏လုပ်ရပ်များကို သူသတိရမိပါသည်။ ခရစ် တော်၏ အမှုတော်ကို စဉ်ဆက်မပြတ်ဆန့်ကျင် လုပ်ဆောင်ခဲ့မှုများ ကိုလည်း သူသတိရမိသည်။ မိမိ၏ ကြိုးစားလုပ်ဆောင်မှု၏ အသီး အပွင့်များကို သူကြည့်လိုက်ရာ ဆုံးရှုံးမှုများကိုသာ သူမြင်တွေ့ရပါ သည်။ တိုက်လှန်ပွဲကြီးပြင်းထန်လာသည်နှင့်အမျှ သူသည် ရှုံးနိမ့် လာကာ အညံ့ခံ ရမလိုဖြစ်နေပါသည်။GCBur 731.3

    ထိုမဟာသူပုန်ကြီး၏ရည်ရွယ်ချက်မှာ ထိုပုန်ကန်ခြားနားမှု အတွက် ဘုရားသခင်တွင် တာဝန်ရှိကြောင်း ဖော်ထုတ်ရန်ဖြစ်သည်။ ထိုအဆိုကိုလက်ခံ စေရန် ထိုလူအုပ်ကြီးကို သူလမ်းပြခဲ့ပါသည်။ ထို သစ္စာဖောက်ကြီးသည် သမ္မာတရားအစား၊ မှားယွင်းမှုများကို တင်ပြ ကာကမ္ဘာကြီးအား နှစ်ပေါင်းများစွာ တစ်ပတ်ရိုက်ခဲ့ပါသည်။ သို့ရာ တွင်၎င်း၏ဇာတိရုပ်မှန်နှင့် လုပ်ရပ်များကိုဖော်ပြရန် အချိန်ကျရောက် လာချေပြီ။ ခရစ်တော်ကိုနန်းချကာ ကိုယ်တော်၏လူများကို သုတ် သင်ပြီး ဘုရား၏သန့်ရှင်းသောမြို့တော်ကို သိမ်းပိုက်ရန် နောက်ဆုံး ကြိုးစားခဲ့ခြင်းတွင် ထိုလှည့်ဖြားသူကြီး၏ဇာတိရုပ် မှန်ကို ထင်းထင်းကြီး မြင်တွေ့ကြရသည်။ သူနှင့်ပူးပေါင်းခဲ့မိသူများသည်လည်း ရှုံးနိမ့်ခြင်းနှင့် သာရင်ဆိုင်ကြရပါသည်။GCBur 732.1

    မိမိသဘောအတိုင်း ပုန်ကန်ထကြွခဲ့ခြင်းကြောင့် ကောင်း ကင်နိုင်ငံနှင့် မထိုက်တန်တော့ကြောင်းကို စာတန်မြင်ပါသည်။ သို့ဖြင့် မိမိရှိသောတန်ခိုးများကို ဘုရားသခင်ကိုတိုက်ခိုက်ရာတွင် သူအ သုံးပြုခဲ့သည်။ ကောင်းကင်နိုင်ငံ၏ညီညွတ်စင်ကြယ်မှုများသည် သူ့အ တွက် မဟာညှဉ်းပန်း နှိပ်စက်မှုတစ်ခုအလား ဖြစ်လာပါသည်။ ထို ကြောင့် မိမိအပေါ်တွင်ချမှတ်သည့် စီရင်ချက်သည် တရားမျှတ ကြောင်းသူဝန်ခံကာ ဘုရားသခင်အား ဂါရဝပြုပါသည်။GCBur 732.2

    သမ္မာတရားနှင့်ပတ်သက်သည့် မေးခွန်းအသီးသီးအတွက် လည်းယခုတွင် ရှင်းသွားချေပြီ။ အချိန်ကြာမြင့်စွာဖြစ်ပွားခဲ့သည့် တိုက်လှန်ပွဲ အတွင်းမှ အမှားများလည်း ပေါ်လွင်ခဲ့ချေပြီ။ ဘုရား၏ ပညတ်တော်များကို ဘေးဖယ်ထားခဲ့ခြင်းအတွက် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကိုလည်း စကြဝဠာတစ်ခုလုံးက မြင်ကြရချေပြီ။ ဘုရား၏ ပညတ်တော် တည်ရှိခြင်းသည် ဝေနေယျသတ္တဝါများ၏ပျော်ရွှင်မှု ကိုဖြည့်ဆည်းပေးကြောင်း အပြစ်တရား၏ သမိုင်းစဉ်က ထာဝရသက် သေတစ်ခုအဖြစ် ရပ်တည်နေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူ ကောင်းလူဆိုးအပေါင်းတို့က “လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏” ဟု တစ်သံတည်း ကြွေးကြော်ကြပါသည်။GCBur 733.1

    ခရစ်တော်အား နာမအပေါင်းတို့၏အထက်တွင် ဂုဏ်ပြုရန် အချိန်သည် ရောက်လာချေပြီ။ ကိုယ်တော်သည် သားသမီးများအား ဘုန်းဝင်စားဖို့ ခေါ်ဆောင်နိုင်ခြင်းကြောင့် ခံစားရမည့် ပျော်ရွှင်မှုအတွက် ကပ်တိုင်၏ ဒုက္ခကိုခံတော်မူခဲ့ရပါသည်။ ရုပ်လုံးတော်အတိုင်း အသစ် ပြုပြင်ထားပြီး ဖြစ်သော ကယ်တင်ခြင်းခံရသူများအား မျှော်ကြည့် လိုက်ရာ မိမိခံစားခဲ့ရသော ဒုက္ခ၏အသီးအပွင့်များကို ကိုယ်တော်ရှင် တွေ့ရပါသည်။ ထိုကြောင့် ကျေနပ်အားရတော်မူလျက် ရှိပါသည်။ (ဟေရှာ၊ ၅၃:၁၁)။ ထိုစဉ်တွင် “ငါ့အသွေးတော်နဲ့ဝယ်ခဲ့ရတဲ့ သူတွေကိုကြည့်ကြပါ။ သူတို့အတွက် ငါအသေခံတော် မူခဲ့တယ်” ဟု လူကောင်းလူဆိုးအပေါင်းကြားလောက်သည့်အသံဖြင့် ကိုယ်တော် ကြွေးကြော်တော်မူ၏။GCBur 733.2