Loading...
Larger font
Smaller font
Copy
Print
Contents

မျက်မှောက်ကာလမှ ထာဝရကာလသို့

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၈)—သမ္မာတရားကိုခုခံကာကွယ်သူ

    ဧကရာဇ်ဘုရင် ပဉ္စမမြောက်ချားစ်သည် ဂျာမနီပြည်၏ဘုရင် ဖြစ်လာပါသည်။ ၎င်းအား ဧကရာဇ်ဘုရင်ဖြစ်ရန် အထိုက်အလျောက် ကူညီခဲ့သော ဆက္ကဆိုနီနယ်စားကြီးက မာတင်လူးသာကိုကြားနာစစ် ဆေးမှု ပြုပြီးမှသာ အရေးယူပြစ်ဒဏ်စီရင်ခြင်းပြုလုပ်ပါရန် သူ့အား တိုးလျှိုး တောင်းပန်လာပါသည်။ ဤသို့အားဖြင့် ဧကရာဇ်ကြီးသည် စိတ်ရှုပ်စရာ၊ မျက်နှာပူစရာ အနေအထားသို့ရောက်သွားပါသည်။ လူးသာကို သုတ်သင်ပစ်နိုင်မှသာ ရဟန်းမင်းအဖွဲ့နှင့်ပြေလည်မည်ဖြစ် သည်။ တရားမျှတ၍ ဘုရားတရားရှိသော ပညာတတ်တရားသူကြီး များရှေ့မှောက်တွင် အစစ်ဆေးခံနိုင်ရန်အလို့ငှါ ဒေါက်တာလူးသာကို လုံခြုံရေး အမိန့်စာ စီစဉ်ပေးထားသင့်သည်ဟု ဆက္ကဆိုနီနယ်စားက လည်း တောင်းဆိုလာပါသည်။GCBur 141.1

    ဝမ်းစ်မြို့တွင် အစည်းအဝေးတစ်ခုကျင်းပကြပါသည်။ ဂျာ မနီမှမင်းညီမင်းသားများသည် ထိုအစည်းအဝေးပွဲတွင် လူးသာကို ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံခွင့်ရကြပါသည်။ နိုင်ငံရေးနှင့်ဘာ သာရေး ခေါင်းဆောင် များနှင့်တကွ နိုင်ငံအသီးသီးမှသံတမန်များသည် ဝမ်းစ်မြို့၌ စုရုံးနေကြပါသည်။ GCBur 141.2

    သို့ရာတွင် စိတ်ဝင်စားမှုကိုဖြစ်စေခဲ့သူမှာ လူးသာပင် ဖြစ်ပါ သည်။ မေးခွန်းများအပေါ် လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးမည့်အ ကြောင်း ကတိပြုလျက် လုံခြုံရေးကိုလည်း အာမခံကာ လူးသာအား တစ်ပါတည်း ခေါ်လာရန် ဆက္ကဆိုနီနယ်စားကြီးအား ဧကရာဇ်က ညွှန် ကြားထားပြီး ဖြစ်ပါသည်။ “ဧကရာဇ်................................................ ကိုယ်တိုင်ကခေါ်လျှင် ဘုရားသခင်ကခေါ်တော်မူတယ်ဆိုတာ ကျွန်ုပ် သံသယမရှိပါဘူး။ အကယ်၍ သူတို့အကြမ်းဖက်လာရင်တော့ ဒီကိစ္စ ကိုဘုရားသခင့်လက်ထဲကိုပဲ ကျွန်တော်အပ်မယ်။ အကယ်၍များ ကိုယ်တော်ရှင်က မကယ်တင်ဘူးဆိုရင် ကျွန်တော်အသက်အတွက် ကိုတော့ ကျွန်တော်မပူပါဘူး။ ဝန်ချတောင်းပန်တာတို့၊ ထွက်ပြေးတာ တို့ကလွဲရင် ကျန်တာတွေကို ကျွန်တော် လုပ်ဆောင်နိုင်တယ်ဆိုတာ ခင်ဗျားမျှော်လင့်ထားနိုင်ပါတယ်။ ကျွန်တော်ကတော့ ထွက်လည်း မပြေးဘူး။ နောက်လည်းမဆုတ်နိုင်ဘူး” ဟု ထိုနယ်စားကြီးထံသို့ လူးသာစာရေးခဲ့ပါသည်။GCBur 141.3

    ထိုညီလာခံအစည်းအဝေးသို့ လူးသာတက်ရောက်မည် ဆိုသည့်သတင်းပျံ့နှံ့သွားသဖြင့် နိုင်ငံအဝန်းတွင် စိတ်လှုပ်ရှား မှုများဖြစ်ပေါ်နေပါသည်။ ရဟန်းမင်း၏သံတမန်တစ်ဦးဖြစ်သော အော်လင်းဒါးသည် ထိတ်လန့်တုန်လှုပ် နေသကဲ့သို့ ဒေါသလည်း ထွက် နေပါသည်။ ရဟန်းမင်းက ပြစ်ဒဏ်စီရင်ပြီးဖြစ်သည့် အမှုတစ်ခု ပြန် လည် စစ်ကြောမေးမြန်းနေခြင်းသည် ရဟန်းမင်း၏ ဩဇာအာဏာကို အထင်အမင်သေးစေပါသည်။ GCBur 142.1

    ၎င်းပြင် လူးသာ၏ တန်ခိုးပါသော ငြင်းဆိုချက်များကြောင့် ရဟန်းမင်းဘက်တွင် ရပ်တည်နေကြသော မင်းညီမင်းသားများသည် ထိုသူ့ဘက်သို ပါသွားနိုင်သည်။ ထိုကြောင့် လူးသာအား ဝမ်းစ်ညီ လာခံသို့ မတက်ရောက်စေဖို့ တားမြစ်ပေးရန် ချားစ်ဘုရင်အား သူ တောင်းဆိုခဲ့ပါသည်။GCBur 142.2

    အော်လင်းဒါးသည် ထိုမျှနှင့်အားမရသေးဘဲ လူးသာအား အသင်းတော်အား ပုန်ကန်အောင်လှုံ့ဆော်မှု၊ ကိုယ်တိုင်ပုန်ကန်မှု၊ ဘု ရားတရား မကိုင်းရှိုင်းမှု၊ ဘုရားသခင်ကို စော်ကားမှု စသည့်ပြစ်မှု…. များဖြင့်စွပ်စွဲကာ ပြစ်ဒဏ်စီရင်ဖို့ကြိုးစားခဲ့ပါသည်။ သို့ရာတွင် သူ၏ ပြင်းထန်သော အပြင်သဏ္ဌာန်သည် သူ့အားလှုံ့ဆော်နေသော အတွင်း စိတ်ကို ဖေါ်ပြနေသည်ဖြစ်ရာ “ဒီလူဟာ ကလဲ့စားချေလိုတဲ့ စိတ်ထား၊ မုန်းတီးတဲ့စိတ်ထားနဲ့ လုပ်ဆောင်နေတာပဲ” ဟု အများက မှတ်ချက်ချ သွားပါသည်။GCBur 142.3

    အော်လင်းဒါးသည် ရဟန်းမင်းထုတ်ပြန်ထားသည့်အမိန့်ကို အတည်ပြုဆောင်ရွက်ပေးပါရန် အပြင်းအထန်တိုက်တွန်းလေ၏။ ချားစ်ဧကရာဇ်သည် ထိုသံတမန်၏ တောင်းပန်မှုကို လိုက်လျောကာ လူးသာအား ညီလာခံသို့လာရောက်၍ မိမိ၏ပြဿနာကိုတင်ပြရန် အမိန့်ထုတ် ဆင့်ခေါ်ခဲ့ပါသည်။ လူးသာကိုအားပေးထောက်ခံသူများ သည် အော်လင်းဒါး၏ မိန့်ခွန်းကို စိတ်တထင့်ထင့်နှင့် စောင့်မျှော်နေ ကြပါသည်။ ဆက္ကဆိုနီနယ်စားကြီးကိုယ်တိုင် မတက်ရောက်ခဲ့သော် လည်း သူ၏ကောင်စီဝင် တချို့သည် ထိုညီလာခံသို့တက်ရောက်ကာ ထိုသံတမန်၏မိန့်ခွန်းမှ အရေးကြီးသော အချက်များကို မှတ်စုယူသွား ကြပါသည်။GCBur 143.1