Go to full page →

သက်သေခံချက်များကို မသိနားမလည်ခြင်းသည် ဆင်ခြေ မဟုတ်။ CCB1 294

အများသော သူတို့သည် အလင်းတရား နှင့် သတိပေး၊ အပြစ် ဖော်ပြ ဆုံးမသော စကားများ ပါရှိသော စာအုပ်များကို မဖတ်ကြသောကြောင့်၊ ဘု ရားသခင်က မိမိ၏ လူတို့အား ပေးတော်မူသော အလင်းတရားကို တိုက်ရိုက် ဆန့်ကျင်ဘက် ပြုနေကြသည်။ လောကီ စိုးရိမ်ပူပန်ခြင်း၊ ခေတ်အလိုက် ဝတ်စားဆင်ယင်မှု၊ ဖက်ရှင်ကို နှစ်သက်ခြင်း၊ ဘာသာတရား ကင်းမဲ့ခြင်းကြောင့်၊ ဘုရားသခင်သည် ကရုဏာများစွာဖြင့် ပေးတော်မူသော အလင်းတရားကို ဂရုမစိုက် အမှုမထားဘဲ နေကြစဉ်၊ အမှားများ ပါဝင်သော စာအုပ်၊ စာတမ်း၊ မဂ္ဂဇင်း၊ ဂျာနယ်မှ စသော စာစောင်တို့သည် တစ်တိုင်းပြည်လုံး အနှံ့အပြား ရောက်ရှိသွားကြလေပြီ။ မယုံကြည်ခြင်း သစ္စာမဲ့ခြင်း အမှုများသည် နေရာတကာ၌ တိုးပွားလျက် ရှိ၏။ ဘုရားသခင်၏ ပလ္လင်တော်မှ သက်ရောက်၍ အလွန် အဖိုးထိုက်သော အလင်းကို တောင်းဇလား အောက်၌ ဖုံးထားကြလေပြီ။ ဤကဲ့သို့ အမှုမထားဘဲ နေခြင်းအတွက် ဘုရားသခင်သည် မိမိ၏ လူများ အပေါ်၌ တာဝန်ကို တင်ထားလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားတရားရေး၌ တိုးတက်သည် အလျောက် အလင်းတရားကို တိုးတက်စေသည် ဖြစ်စေ၊ မိမိ၏ အလိုဆန္ဒကို လိုက်ဖို့ သာ၍ နှစ်သက်သောကြောင့်၊ ၎င်းကို ငြင်းပယ်သည် ဖြစ်စေ၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ လမ်း၌ ချပေးထားသော အလင်းရောင်ခြည်တိုင်းအတွက် ကျွန်ုပ်တို့သည် ဘုရားသခင်အား အကြောင်းကြား၍ ရှင်းလင်းပြရကြမည်။ CCB1 294.3

သက်သေခံချက်များ ကို ဥပုသ်စောင့်သော အိမ်ထောင်တိုင်းတွင် ထားရှိစေရမည်။ ၎င်းပြင် ညီအစ်ကို မောင်နှမများတို့သည် ၎င်းတို့၏ တန်ဖိုးကို သိရှိကြလျက် ၎င်းတို့ကို ဖတ်ဖို့ သူတို့အား တိုက်တွန်းရမည်။ ၎င်းတို့ကို အနည်းငယ်မျှသာ ထားကြလျက်၊ စည်းဝေးဇရပ်တွင် စာအုပ်တစ်စုံသာ ရှိစေခြင်းသည် ကောင်းသော အကြံ မဟုတ်ပါ။ အိမ်ထောင်တိုင်း၏ စာအုပ် ဘီဒိုထဲတွင် ၎င်းတို့ကို ထားလျက် ၎င်းတို့ကို ထပ်ခါထပ်ခါ ဖတ်ရကြမည်။ လူအများ ဖတ်နိုင်အောင် လွယ်ကူသော နေရာတွင် ၎င်းတို့ကို ထားရမည်။75T 681; CCB1 295.1

သက်သေခံချက်များ၌ ပါရှိသော သတိပေးစကား၊ အားပေးစကား နှင့် အပြစ် ဖော်ပြဆုံးမ စကားတို့ကို မယုံကြည်ခြင်းသည် ဘုရားသခင်၏ လူတို့ထံမှ အလင်းတရားကို ပယ်ရှားထားခြင်း ဖြစ်သည်ကို ကျွန်ုပ်အား ဖော်ပြထား၏။ မယုံကြည်သော သူတို့သည် မိမိတို့၏ မျက်စိကို မှိတ်ထားကြသဖြင့် မိမိတို့၏ မှန်သော အခြေအနေကို မသိရှိကြ။ အပြစ်ကို ဖော်ပြ ဆုံးမရာ၌ ဘုရားသခင် ဝိညာဉ်တော်၏ သက်သေခံချက်ကို ခေါ်ဖိတ်ဖို့ မလို၊ သို့မဟုတ် ၎င်းသည် မိမိတို့အဖို့ မဟုတ်ဟု သူတို့ ထင်မှတ်ကြသည်။ ထိုသို့သော သူတို့သည် ဝိညာဉ်ရေးနှင့် ဆိုင်သော အရာတို့တွင် သိကျွမ်းခြင်း မရှိကြောင်းကို သိမြင်မည် အကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော် နှင့် ဝိညာဉ်ရေး၌ ပိုင်းခြား သိနားလည်သော ဉာဏ်ကို များစွာ လိုနေကြလေသည်။ CCB1 295.2

သမ္မာတရားမှ ဖေါက်ပြန်သွားသော သူ အများတို့သည် မိမိတို့၏ လမ်းမှားကို အကြောင်းပြသော သဘောနှင့် သက်သေခံချက်များတို့၌ ယုံကြည်ခြင်း မရှိကြဟု မှတ်ယူကြသည်။ ယခု ပြဿနာကား၊ ဘုရားသခင် အပြစ်ဒဏ် ပေးတော်မူသော ရုပ်တုကို သူတို့သည် ပေးအပ်မည်လော။ သို့မဟုတ် သူတို့သည် မိမိတို့ နှစ်သက်သော အမှားလမ်း၌ပင် ဆက်လက် တည်ရှိနေကြပြီးလျှင်၊ သူတို့ နှစ်သက်သော အရာကိုပင် ဆုံးမလျက် သူတို့အား ဘုရားသခင် ပေးတော်မူသော အလင်းကို ငြင်းပယ်နေကြဦးမည်လော။ ကျွန်ုပ်သည် မိမိကိုယ်ကို ငြင်းပယ်၍ ကျွန်ုပ်၏ အပြစ်ကို ဖော်ပြသော သက်သေခံချက်များ ကို ဘုရားသခင်ထံမှ လာသကဲ့သို့ လက်ခံရမည်လော၊ သို့မဟုတ် သက်သေခံချက်များ သည် ကျွန်ုပ်၏ အပြစ်များကို ဖော်ပြဆုံးမ သောကြောင့် ကျွန်ုပ်သည် ၎င်းတို့ကို ငြင်းပယ်ရမည်လော။85T 674; CCB1 296.1