Go to full page →

သက်သေခံချက်များကို အလွဲ အသုံးပြုခြင်း။ CCB1 296

ပဋ္ဌမဦးဆုံး ပုံနှိပ်ခဲ့သော သက်သေခံချက်များတွင်၊ ဘုရားသခင်၏ လူတို့အား ပေးတော်မူသော အလင်းတရားကို သတိမရှိ မဆင်ခြင်ဘဲ အသုံးပြုခြင်း အကြောင်း သတိပေးသော အချက် တစ်ခု ပါဝင်၏။ အချို့သော သူတို့သည် မလိမ္မာသော လမ်းကို အသုံးပြုကြပြီဟု ကျွန်ုပ်က ဖော်ပြ၏။ မယုံကြည်သော သူတို့အား မိမိတို့၏ ယုံကြည်ခြင်းတရား အကြောင်းကို ပြောပြ၍ သူတို့က သက်သေ တောင်းသောအခါ၊ သူတို့သည် သက်သေအတွက် ကျမ်းစာအုပ်ကို အားမကိုးဘဲ ကျွန်ုပ် ရေးသားထားသော အရာများကို သူတို့က ဖတ်ပြကြ၏။ ဤသို့ ပြုခြင်းသည် မသင့်တော်၍ မယုံကြည်သော သူတို့အား သမ္မာတရားနှင့် ပတ်သက်၍ အကျိုးယုတ်စေသည်ကို ကျွန်ုပ်အား ဖော်ပြထား၏။ သက်သေခံချက်များ ၏ သဘောကို မသိသော သူတို့သည် ၎င်းတို့၏ အရေးကြီးသော အဖြစ်ကို နားမလည်နိုင်ကြ။ ထိုကဲ့သို့သော အမှုကိစ္စတို့၌ ၎င်းတို့ကို ညွှန်ပြဖို့ မသင့်ချေ။ CCB1 296.2

သက်သေခံချက်များ ကို အသုံးပြုနည်း အကြောင်းနှင့် ပတ်သက်၍ မကြာခဏ အောက်ပါအတိုင်း အခြား သတိပေးစကားများကို ဖော်ပြထားပါသည်။ - CCB1 297.1

အချို့သော တရားဟော ဆရာတို့သည် အလွန် ဝေးစွာ လမ်းမှားနေကြ၏။ သူတို့ ဖော်ပြသော သက်သေခံချက်ကို သူတို့သည် ယုံကြည်ကြသည်ဟု ဝန်ခံ ပြောဆိုကြပြီးလျှင်၊ အချို့သော သူတို့သည် ယုံကြည်ကြသည်ဟု ဝန်ခံပြောဆိုကြပြီးလျှင်၊ အချို့သော သူတို့သည် ၎င်းတို့ကို ညွှန်ပြရာ၌ ကျွမ်းကျင်ခြင်း မရှိသော သူတို့အတွက်သကဲ့သို့ ခိုင်မာသော စည်းကမ်း ဥပဒေကို ပြုလုပ်ထားခြင်းဖြင့် ဘေး ဖြစ်စေကြ၏။ သို့သော် သူတို့ ကိုယ်တိုင်ပင် ၎င်းတို့အတိုင်း လိုက်နာ စောင့်ရှောက်ခြင်း မရှိကြ။ သူတို့သည် သူတို့ ကိုယ်တိုင် လုံးလုံး ဂရုမစိုက်ဘဲ နေကြသော သက်သေခံချက်များကို ထပ်ခါထပ်ခါ ဖော်ပြခဲ့ကြပြီ။ ထိုသို့သော လမ်းသည် မသင့်တော်ချေ။ CCB1 297.2

အခြားသူတို့၏ အပြစ်များ နှင့် အမှားများ အကြောင်းနှင့် ပတ်သက်၍ ဘုရားသခင်က ဖော်ပြထားသော အရာကို အများသော သူတို့သည် အခွင့်အရေး ယူတတ်ကြသည်ကို ကျွန်ုပ် မြင်ရသည်။ သူတို့သည် ရူပါရုံ၌ ဖော်ပြသော အရာတို့၏ အဓိပ္ပါယ်ကို အလွန်အကျွံ ချဲ့ထွင်ထားပြီးနောက် ဘုရားသခင်က ဖော်ပြခဲ့တော်မူသော အရာ၌ အများသော သူတို့သည် ယုံကြည်ခြင်း အားနည်းလာအောင် သူတို့က ၎င်းကို အတင်းအကြပ် ပြောဆိုကြသဖြင့် အသင်းတော်ကိုလည်း စိတ်ပျက် အားလျော့စေတတ်ကြ၏။95T 669, 670; CCB1 297.3